သင့်ကို မျက်လုံးပြူးသွားစေမယ့် ထူးဆန်းတဲ့ လေ့လာတွေ့ရှိချက် (၇) ချက်

စာရင်းတွေအရ ကမ္ဘာပေါ်မှာရှိတဲ့ သိပ္ပံပညာရှင် အရေအတွက်ပေါင်းက (၈) သန်းကျော်လောက်ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

သူတို့အားလုံးက တစ်ယောက်ကို (၁၀) နှစ်လောက် သက်ဆိုင်ရာနယ်ပယ်တွေမှာ သုတေသန လုပ်ငန်းတွေလုပ်ကြတယ်ဆိုပါစို့။ ဒါဆိုရင် တစ်နေ့တစ်နေ့ကို သူတို့တွေရဲ့ အသစ်အသစ်သော လေ့လာတွေ့ရှိချက်တွေက ဘယ်လောက်တောင် များပြားလိမ့်မလဲ ဆိုတာခန့်မှန်းကြည့်ပါဦး။ shwekhitonlinetv.com

ဒီလိုများပြားလှတဲ့ လေ့လာတွေ့ရှိချက်တွေထဲကမှ ပရိသတ်တွေတစ်ခါမှ မမြင်ဖူး မကြားဖူးလောက်တဲ့ အချက်လေးတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com

၁။ ဗာတီကန်စီးတီး (သို့မဟုတ်) ကမ္ဘာ့ပေါ်က အန္တရာယ်အရှိဆုံးနိုင်ငံ

အီတလီနိုင်ငံ ရောမမြို့တွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဗာတီကန်စီးတီးဆိုတဲ့ နိုင်ငံငယ်လေးကိုတော့ ရွှေခေတ်ပရိသတ်ကြီးအနေနဲ့ ကြားဖူးကြမယ်ထင်ပါတယ်။ ပုပ်ရဟန်းမင်းကြီးနေထိုင်တဲ့ အထွတ်အမြတ်ထားရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံငယ်လေးဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနိုင်ငံတစ်ခုလို့ ဆိုရင်တော့ အားလုံးအံ့အားသင့်ကြမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ် တကယ်လည်း ဒီနိုင်ငံငယ်လေးဟာ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေအားလုံးထဲမှာ လူတစ်ဦးချင်းအလိုက် ပြစ်မှုကျူးလွန်နှုန်းအမြင့်မားဆုံး အဖြစ်စံချိန်တင်ထားပါတယ်။ shwekhitonlinetv.com

အမြင့်ဆုံးဖြစ်ခဲ့တာကတော့ (၂၀၀၆) ခုနှစ်ကဖြစ်ပြီး လူဦးရေ (၄၉၂) ဦးသာရှိတဲ့ ဒီနိုင်ငံငယ်လေးမှာ ရာဇဝတ်မှုက (၈၂၇) မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါကို အချိုးချိလိုက်တဲ့ အခါမှာတော့ လူတစ်ဦးကို ပြစ်မှုကျူးလွန်းနှုန်းက (၁.၆၈) မှု အထိရှိနေခဲ့ပြီး ကမ္ဘာပေါ်က ရာဇဝတ်မှုအထူပြောဆုံးမြို့တွေဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လို၊ ချီလီနိုင်ငံ လာဂို့စ်၊ အမေရိကန်နိုင်ငံ ဘရော့န် မြို့တွေထက် ပိုမိုများပြားတဲ့ နှုန်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ မိနစ် (၄၀) ကြာအသက်မရှူဘဲ နေနိုင်တဲ့ နို့တိုက်သတ္တဝါ

Slot ဆိုတာကတော့ အပျင်းကြီးတဲ့ နို့တိုက်သတ္တဝါလေးတွေဖြစ်ပါတယ်။ မြေပြင်ပေါ်မှာတစ်နေ့ကို (၃) မီတာထက်ပိုပြီး ဝေးအောင်မသွားတဲ့ထိပျင်းရိတဲ့ ဒီသတ္တဝါလေးတွေဟာ ရေထဲမှာတော့ အတော်လေးကို ထူးခြားတဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတဲ့ သတ္တဝါလေးတွေပဲဖြစ်ပါတယ်။ သူတို့ဟာရေထဲမှာ ကုန်းပေါ်ကထက် (၅) ဆပိုမိုလျှင်မြန်စွာ လှုပ်ရှားနိုင်ကြသလို၊ သူတို့ခန္ဓာကိုယ်ရဲ့ ထူးခြားတဲ့ ဇီဝဖြစ်စဉ်ကြောင့် ရေအောက်ထဲမှာ အသက်မရှူဘဲ မိနစ် (၄၀) ကြာနေနိုင်ပါသတဲ့။ shwekhitonlinetv.com

၃။ ခွေးများသည် Color-Blind မဟုတ်

ရှေးဒဏ္ဏာရီတွေအရ ခွေးတွေဟာ လောကကြီးကို အဖြူအမည်း အရောင်နှစ်မျိုးနဲ့ သာရှုမြင်နိုင်တဲ့ သတ္တဝါတွေအဖြစ်လူအများက လက်ခံယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ရုရှားသိပ္ပံပညာရှင်တွေကတော့ ဒီအဆိုဟာ မှားယွင်းကြောင်းသက်သေနှင့်တကွ ထောက်ပြနိုင်ခဲ့ပါတယ်။ သူတို့ဟာ ခွေးတွေကို အရောင်အသွေးမတူညီတဲ့ အစာခွက်ပေါင်းများစွာနဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ခွေးတွေဟာ အပြာရောင်နှင့် အဝါရောင်ကို ခံစားသိရှိနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

၄။ အမွှေးညှပ်ပြီးချိန်မှာ သိုးတွေဘာလို့ အချင်းချင်းတိုက်ခိုက်ကြတာလဲ

သိုးတွေမှာထူးခြားတဲ့ အကျင့်လက္ခဏာတစ်ရပ်ရှိပါတယ်။ သူတို့တွေဟာ ထူထဲလှတဲ့ ကိုယ်ခန္ဓာပေါ်က အမွှေးတွေကို ရိတ်သိမ်းပြီးချိန်မှာ တစ်ကောင်နဲ့တစ်ကောင် ရန်လိုပြီး တိုက်ခိုက်ကြပါသတဲ့။ အကြောင်းပြချက်ကတော့ ရှင်းပါတယ်။ သူတို့ဟာ ကာလကြာရှည်ထားလာတဲ့ အမွှေးထူထူတွေ ရုတ်တရက် မရှိတော့တဲ့ အခါ အချင်းချင်း မမှတ်မိကြတော့ လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Wallpeper များပြောင်းလဲခြင်းဖြင့် စိတ်ဖိစီးမှုလျော့ချပါ

လူတစ်ယောက်အဖို့ စိတ်ဖိစီးမှုတွေများလာပြီဆိုရင်ပတ်ဝန်းကျင် အနေအထားကိုပြောင်းလဲပစ်သင့်ပါတယ်။ သင့်ကွန်ပျူတာတွေ ဖုန်းတွေရဲ့ Desktop Wallpaper ပြောင်းလဲတာမျိုးလိုပေါ့။ ဒါကအမှန်တကယ်ပဲ စိတ်ဖိစီးမှုတွေ လျော့ချတဲ့နေရာမှာ အသုံးတည့်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေမှာလည်း ဒီလိုနောက်ခံပုံတွေပြောင်းလဲခြင်းက စိတ်ဖိစီးမှုကိုလျော့ချနိုင်ပြီး ကုန်ထုတ်စွမ်းအားကို ပိုမိုမြင့်မားစေတယ်လို့ဆိုပါတယ်။ သဘာဝတောတောင်ရေမြေရှုခင်းပုံတွေက စိတ်ဖိစီးမှုလျော့ချနိုင်စွမ်းမြင့်မားပြီး မြို့ပြနဲ့ ဂျီသြမေတြီဆိုင်ရာ ပုံတွေကတော့ စိတ်ဖိစီးမှုကိုလျော့ချနိုင်စွမ်း နည်းပါးလှပါတယ်။ shwekhitonlinetv.com

၆။ ကြောင်တွေလိုပြုမူနိုင်တဲ့ ဂေါ်ရီလာများ

ကြောင်တစ်ကောင်ဟာ အိပ်တဲ့အခါ (ဒါမှမဟုတ်) မှေးနေတဲ့အခါမျိုးမှာ လူတွေ ဟောက်သလို၊ ညည်းညူသံလို ထူးခြားတဲ့ လည်ချောင်းသံလေးတွေပြုလုပ်တက်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးအပြုအမူကိုလုပ်တတ်တာ ကြောင်တစ်ကောင်တည်းတော့မဟုတ်ပါဘူး။ ဂေါ်ရီလာ၊ ပူး၊ ယုန်၊ မြေခွေး၊ ရှဉ့်၊ ဝက်ဝံစတဲ့သတ္တဝါတွေကလည်း ယခုလိုပြုမူတက်ကြပါသတဲ့။ shwekhitonlinetv.com

၇။ ရွှေသတ္ထုရိုင်းထက် ရွှေပိုမိုပါဝင်တဲ့ လက်ကိုင်ဖုန်းများ

ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်တွေအရတော့ သတ္ထုရိုင်းတစ်တန်မှာမှ ရွှေထုတ်ယူနိုင်တဲ့ ပမာဏက (၁) ကနေ (၂) ဂရမ်လောက်သာရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အသုံးပြုလို့ရသေးတဲ့ မိုဘိုင်းဖုန်း (၄၁) လုံးကနေ ထုတ်ယူနိုင်တဲ့ ရွှေပမာဏကတော့ (၃၀၀) ဂရမ်လောက်ရှိပါ သတဲ့။ ဒါပေမယ့်လည်း မိုဘိုင်းဖုန်းတွေက ရွှေကိုထုတ်လုပ်ရယူဖို့ဆိုတာက အတော်လေးကို ကုန်ကျစရိတ်ကြီးမြင့်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီအချက်လေးတွေကို ဖတ်ရှုပြီး ပရိသတ်ကြီးအတွက် ဗဟုသုတ အနည်းငယ်လောက်ရရှိတယ်ဆိုရင်ပဲ ရွှေခေတ်အနေနဲ့ တင်ဆက်ရကျိုးနပ်ပြီလို့ ယူဆပါတယ်နော် …။ နောက်နောင်လဲ ဒီလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ဆက်လက်ရှာဖွေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်နော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply