Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း ကောင်မလေး တစ်ယောက် အကြောင်းကို ပြောပြပေးချင်ပါတယ်။ shwekhitonlinetv.com

ဘယ်လိုထူးခြားတာလဲဆိုတော့ သူမရဲ့ ခြေထောက်ပုံကို လူမှုကွန်ယက်ပေါ် ဓာတ်ပုံရိုက်ပြီး တင်လိုက်တာနဲ့ တစ်နှစ်ကို မြန်မာငွေသိန်း ( ၉၀၀ ) ကျော်လောက် ဝင်ငွေ ရနေလို့ပဲ ဖြစ်ပါတယ်။ ဒါဆို သူမရဲ့ အကြောင်းကို လေ့လာကြည့်လိုက်ရအောင်နော်။ shwekhitonlinetv.com

သူမရဲ့ Social Media တွေမှာ အသုံးပြုတဲ့ နာမည်ကတော့ Sweet Arches ဖြစ်ပြီး အသက် ( ၂၈ ) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆေးကျောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
Sweet Arches ဟာ သူမရဲ့ ခြေထောက်အသားပေး အလှဓာတ်ပုံတွေကို Online မှာ ရောင်းချပြီး နာမည်ကြီးလာခဲ့တာပါ။ အခုဆိုရင်သူမဟာ Fan တွေရဲ့ တောင်းဆိုချက်အတိုင်း ခြေဖဝါး အလှဓာတ်ပုံ အမျိုးမျိုး ရိုက်ကူးပေးပြီး လတိုင်း ငွေများစွာ ဝင်နေပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

သူမဟာ အခုလို ဓာတ်ပုံရိုက်တာကို အချိန်ခဏလေးပေးပြီး ရိုက်ခဲ့တာ မဟုတ်ပဲ တစ်နေ့ကို အနည်းဆုံး ၆နာရီကနေ ၁၀ နာရီ အထိ အချိန်ပေး ရိုက်ကူးခဲ့ရပါတယ်။ ဒီလို အပင်ပန်းခံပြီး ရိုက်ကူးလို့လည်း သူမဆီကို ဓာတ်ပုံလာဝယ်တဲ့ အမှာစာတွေဟာ တစ်နေ့ကို အစောင် ( ၅၀ ) ကနေ ( ၁၀၀ ) ကြားမှာ ပုံမှန် ရှိနေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
သူမပြောပုံအရ အမှာစာ ပို့တဲ့သူတွေရဲ့ တောင်းဆိုချက်တွေကလည်း အမျိုးမျိုး ရှိပါတယ်။ “ တစ်ချို့က ခြေဖဝါးပုံကို ယူချင်တယ်..တစ်ချို့ကျတော့လည်း ခြေချောင်းတွေကို အသားပေးထားတဲ့ ပုံလေးတွေ လိုချင်တယ်…အမှာစာတွေက တစ်မျိုးနဲ့ တစ်မျိုး မတူပါဘူးလို့ “ Sweet Arches က ပြောထားပါတယ်။ shwekhitonlinetv.com

အစပိုင်းတုန်းကတော့ သူမဟာ ဒီလို ဓာတ်ပုံရိုက်တာကို အပျော်သဘောအနေနဲ့သာ လုပ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ လူသိများပြီး နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသူ တစ်ဦးဖြစ်တဲ့ Sweet Arches ဟာ အခုဆိုရင်တော့ ခြေထောက် ဓာတ်ပုံတွေ ရိုက်ပြီး တစ်နှစ်ကို ဒေါ်လာ ၆ သောင်း နီးပါး ရရှိနေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ မလုံ့တလုံပုံမျိုးတွေကို လုံး၀မရိုက်ပဲ ရိုးရိုးရှင်းရှင်းနဲ့ပဲ ခြေထောက်အလှတရားပုံတွေကို ဓာတ်ပုံရိုက် နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Social Media ပေါ်မှာ Sweet Arches လိုမျိုး ခြေထောက်အလှ ဓာတ်ပုံတွေကို ရိုက်ကူးပြီး Online ပေါ်မှာ ရောင်းတဲ့ တစ်ခြားသူတွေလည်းရှိပါသေးတယ်။ သူတို့မှာလည်း Fan တွေ ကိုယ်စီရှိကြပြီး ဝင်ငွေကောင်းကြတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းတွေမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment
You must log in to post a comment.