လူတွေ ဖန်တီးထားတဲ့ ကမ္ဘာ့ အံအားသင့်ဖွယ် အကောင်းဆုံး အရာများ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ လူလုပ်ဖန်တီးထားသမျှတွေထဲက လက်ရာအမြောက်ဆုံး အရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ လူသားတွေရဲ့ ဖန်တီးနိုင်စွမ်းက ဘယ်လောက်တောင် မြင့်မားနေလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ The Venetian ( မကာအို )

The Venetian လို့အမည်ရတဲ့ ကာစီနိုဟိုတယ်ဟာ မကာအိုမှာ တည်ရှိတာဖြစ်ပြီး ဟိုတယ်တစ်ခုလုံးရဲ့ အကျယ်အဝန်းဟာ စတုရန်းမီတာ ( ၉၈၀,၀၀၀ ကျော် ) ကျယ်ဝန်းပါတယ် ။

ကမ္ဘာ့အထင်ရှားဆုံး ဟိုတယ်တွေထဲက တစ်ခုအဖြစ်လည်း စာရင်းဝင်ထားပါသေးတယ် ။ နောက်ပြီး ဒီဟိုတယ်ရဲ့ အတွင်းပိုင်းမှာဆိုရင် Shopping malls တွေ ၊ ကာစီနိုရုံတွေ ၊ စားသောက်ဆိုင်တွေနဲ့ ရုပ်ရှင်ရုံ ပါ ရှိပါတယ် ။ shwekhitonlinetv.com

၂။ Salina Turda ဆားမိုင်းတွင်း ( ရိုမေးနီးယားနိုင်ငံ )

ရိုမေးနီးယားနိုင်ငံထဲက ထရန်ဆန်ဗေးနီးယားဆိုတဲ့ ဒေသထဲမှာ ရှေးတုန်းက ဆားမိုင်းတွင်းတစ်ခုကို ပြန်လည်ပြုပြင်ပြီး ဖွင့်လှစ်ထားတဲ့ ပြတိုက်တစ်ခု ရှိပါတယ် ။

ဒီပြတိုက်ရဲ့ နာမည်ကတော့ Salina Turdaဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဆားမိုင်းတွင်း ပြတိုက်ကြီးလည်း ဖြစ်ပါတယ် ။ ၁၉၉၂ ခုနှစ်မှာ ခရီးသွားတွေ လည်ပတ်နိုင်ဖို့အတွက် စတင် ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်ခဲ့တဲ့ အချိန်ကစပြီး ၂၀၁၇ ခုနှစ်အထိ ပြည်တွင်း ၊ ပြည်ပ ခရီးသွားဧည့်သည်ပေါင်း ( ၆၁၈,၀၀၀ကျော် ) လာရောက်လည်ပတ်ခဲ့ကြတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၃။ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ် ( တရုတ်နိုင်ငံ )

ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကြီးကတော့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ဂွမ်ဇူးပြည်နယ်မှာ ရှိတာပဲ ဖြစ်ပါတယ် ။ ဒီတယ်လီစကုပ်ကြီး တစ်ခုလုံးရဲ့ စက်ဝန်းအချိုးအစားဟာဆိုရင် မီတာ ( ၅၀၀ ) အထိ ကျယ်ဝန်းပြီး Tianyan လို့ နာမည်ပြောင် ပေးထားပါတယ် ။ shwekhitonlinetv.com

၄။ Sentosa ငါးပြတိုက် ( စင်ကာပူ နိုင်ငံ )

စင်ကာပူနိုင်ငံမှာ ရှိတဲ့ Sentosa ငါးပြတိုက်မှာဆိုရင် ရေနေသတ္တဝါပေါင်း ( ၁၀၀,၀၀၀ ) လောက်ကို ပြသထားပြီး မျိုးစိတ်ပေါင်း ၁,၀၀၀ ကျော် ရှိပါတယ်တဲ့ ။

ပြတိုက်ထဲမှာဆိုရင် အထူးဖန်တီးပေးထားတဲ့ ဥမင် လမ်းကြောင်း ပုံစံမျိုးရှိပြီး ၁၁၈ ပေ ကျယ်ဝန်းကာ အမြင့်ကတော့ ၂၇ ပေ မြင့်ပါတယ်တဲ့ ။

ရေနေသတ္တဝါတွေကို လေ့လာချင်တဲ့သူတွေအတွက်တော့ တစ်ကယ့်ကို ကျေနပ်သွားစေနိုင်မယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ Palm ကျွန်း ( ယူအေအီး နိုင်ငံ )

ယူအေအီး နိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ဒူဘိုင်း မြို့ထဲမှာ လူလုပ်ဖန်တီးထားတဲ့ ကမ္ဘာ့အကြီးဆုံး လူလုပ်ကျွန်းတစ်ခု ရှိပါတယ်။

ဒီကျွန်းရဲ့ အမည်ကတော့ Palm Jumeirah ကျွန်းလို့ခေါ်ပြီး ကျွန်းရဲ့ ပုံစံကို အုန်းပင်ပုံစံ လိုမျိုး ဖန်တီး တည်ဆောက်ထားတာ လည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ Flower market ( နယ်သာလန် နိုင်ငံ )

နယ်သာလန်နိုင်ငံရဲ့ အထင်ကရနေရာတွေထဲက တစ်ခုကို ပြောရမယ်ဆိုရင် ပန်း ဈေး ကြီး ကလည်း တစ်ခုအပါအဝင်ပါပဲ ။ ဒီ ပန်းဈေးရုံကြီးဟာဆိုရင် စတုရန်းမီတာပေါင်း ၉၉၀,၀၀၀ကျော် ကျယ် ဝန်းပြီး ဒီထဲက ပန်းတွေကို ပြည်တွင်း တစ်ခုတည်းမဟုတ်ပဲ ကမ္ဘာအနှံ့ကို ရောင်းချနေတာပဲ ဖြစ်ပါတယ် ။

ခန့်မှန်းခြေအားဖြင့် ဒီပန်းဈေးကွက်ထဲမှာ ပန်းပေါင်း သိန်း ( ၂၀ ) ကျော်လောက်ရှိပြီး နှစ်စဉ် ပန်းပေါင်း ( ၁၂ ) သန်းလောက် ရောင်းဝယ်ဖောက်ကား ကြတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာကြီးပေါ်က လူသားတွေ ဖန်တီးထားတဲ့ အလှပဆုံး လက်ရာတွေထဲက တစ်ချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply