မျိုးမတူတဲ့ အကောင်နှစ်မျိုးရဲ့ နာမည်နဲ့ ထူးဆန်းတဲ့ သတ္တဝါများ

ခေါင်းစဥ်ကိုဖတ်ပြီး အနည်းငယ်ခေါင်းရှုပ်သွားမယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ် အခုဖော်ပြမယ့်အကြောင်းအရာက မျိုးမတူတဲ့ သတ္တဝါနှစ်မျိုးရဲ့ အမည်နဲ့ ထူးဆန်းတဲ့သတ္တဝါတွေအကြောင်းပါ။ ပရိသတ်တွေအနေနဲ့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုကြည့်မယ် ဆိုရင်တော့ ခေါင်းရှင်းသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Leopard Frog (ကျားသစ်ဖား)

အညိုရောင်နဲ့ အစိမ်းရောင် အကွက်တွေက ကျားသစ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ပေါ်က အကွက်တွေလို ဖြစ်နေတာဟာ ဒီဖားရဲ့ နာမည်ဖြစ်တည်ရခြင်းအကြောင်းပဲဖြစ်ပါတယ်။ မျိုးကွဲပေါင်း (၁၄) မျိုးလောက်ရှိတဲ့ ဒီကျားသစ်ဖားတွေကို တော့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာ အတွေ့ရများပါတယ်။ shwekhitonlinetv.com

၂။ Camel Spider (ကုလားအုတ်ပင့်ကူ)

Camel Spider ကိုတော့ နေရာဒေသအလိုက် အမျိုးမျိုးခေါ်ဆိုကြပါတယ်။ Wind Scorpions, Sun Spiders, Red Romans, Beard Cutters, Solifuges စသဖြင့်လည်း သူ့ကိုခေါ်ဝေါ်ကြပါသေးတယ်။ shwekhitonlinetv.com

၆ စင်တီမီတာကနေ ၁၅ စင်တီမီတာလောက်ထိ ကြီးထွားနိုင်တဲ့ ဒီ Camel Spider တွေကိုတော့ သဲကန္တာရထူထပ်တဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာအတွေ့ရများပါတယ်။ shwekhitonlinetv.com

၃။ Elephant Seal (ဆင်ဖျံ)

ဒီဖျံတွေကတော့ ဆင်တစ်ကောင်ရဲ့နှာမောင်းနဲ့ တူတဲ့ နှာခေါင်းမျိုးရှိတာကြောင့် Elephant Seal လို့ အမည်ပေးထားခြင်းဖြစ်ပါတယ်။ သာမန်ဖျံတွေထက် အကောင်ကြီးပြီး Northern Elephant Seal နဲ့ Southern Elephant Seal ဆိုပြီး၂ မျိုးရှိပါတယ်။ ပစိဖိတ်သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ ကမ်ရိုးတန်း ဒေသတွေမှာ အတွေ့ရများပါတယ်။ shwekhitonlinetv.com

၄။ Bat Falcon (လင်းနို့သိမ်းငှက်)

သေးငယ်ပြီး အလွန်လျင်မြန်စွာ ပျံသန်းနိုင်တဲ့ နို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သူတို့ကသိမ်းငှက်တွေလို လေထဲမှာအတောင်မခတ်ဘဲဝဲနေတက်ပါတယ်။ ဒါပေမယ့်သူတို့က သိမ်းငှက်တွေလို အသားတွေကို သိပ်ပြီး နှစ်ခြိုက်တဲ့ကငှက်တွေတော့မဟုတ်ပါဘူး။ သူတို့ရဲ့ အဓိကအစာက အင်းဆက်တွေနဲ့ ပိုးမွှားတွေသာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Rhinoceros Beetle (ကြံ့နွားချေးပိုး)

သူတို့ရဲ့ ကြီးမားတဲ့ ဦးချိုကြောင့် ဒီလိုနာမည်ပေးခံထားရတာဆန်းတော့မဆန်းပါဘူး။ အာရှဒေသမှာတွေ့မြင်နိုင်ပြီး (၆) လက်မလောက်အထိအရွယ်အစားကြီးထွားနိုင်တဲ့ မျိုးစိတ်တွေလည်းရှိပါတယ်။ ဒါပေမယ့်သူတို့တွေက လူသားတွေကိုတော့ နာကျင်ထိခိုက်အောင် လုပ်တက်တဲ့ အကောင်တွေ မဟုတ်ပါဘူး။ shwekhitonlinetv.com

၆။ Elephant Shrew (ဆင်ကြွတ်စုတ်)

ကြွက်စုတ် မျိုးကွဲတစ်မျိုးဖြစ်ပါတယ်။ အလွန်အကျွံ ရှည်ထွက်နေတဲ့ သူတို့ရဲ့ နှာခေါင်းပုံသဏ္ဍာန်ကြောင့် ဒီနာမည်ကိုရရှိထားတာဖြစ်ပါတယ်။ အာဖရိကတိုက်က သူတို့ရဲ့ဇာတိဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ဇီဝဗေဒပညာရှင် Jonathan Kingdon ကစတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သူတို့ရဲ့ အမည်ကိုလည်း Jonathan Kingdon ကပဲပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Giraffe Weevil (သစ်ကုလားအုတ်ပိုး)

Giraffe Weevil ဆိုတဲ့နာမည်က သူ့ရဲ့ပုံပန်း သဏ္ဍာန်နဲပဆိုရင် အတော်လေးကို လိုက်ဖက်တဲ့နာမည်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အထီးတွေက အမတွေထက်ပိုပြီး (၂) ဆ (၃) ဆလောက် လည်တံပိုရှည်ကြပါတယ်။ မာဒါဂတ်စကာ ကျွန်းမှာတွေ့ရများတဲ့ ပိုးကောင်လေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။