ဂြိုလ်သား အကောင်တွေလို့တောင် ထင်သွားစေမယ့် ကမ္ဘာပေါ်က ထူးဆန်းတဲ့ သတ္တဝါ (၇) မျိုး

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း အကောင်တွေ အကြောင်းကို ပြောပြပေးချင်ပါတယ် ။ ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေတဲ့ မျိုးစိတ်တွေ များစွာရှိတဲ့ထဲမှာမှ တစ်ချို့မျိုးစိတ်တွေဟာဆိုရင် ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်ရှိပြီး ကမ္ဘာမြေမှ သတ္တဝါတွေမှ ဟုတ်ရဲ့လားလို့တောင် ထင်ချင်စရာပါ ။ ဒါ့ကြောင့် ပရိသတ်ကြီး ဗဟုသုတရစေရန် အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ The walking fish

အခုမြင်နေရတဲ့ ထူးထူးဆန်းဆန်း အကောင်လေးကို axolotl လို့ခေါ်ပြီး လမ်းလျှောက်တဲ့ ငါးလို့လည်း ခေါ်ကြပါတယ် ။ ဒီအကောင်လေးတွေရဲ့ ထူးခြားချက်က ပိုးလောင်းအဆင့်မှာတင် အရွယ်ရောက်နေတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပျက်စီးသွားရင်တောင် အသစ်အတိုင်း ပြန်ဖြစ်အောင် လုပ်နိုင်ပါသေးတယ် ။ shwekhitonlinetv.com

၂။ ပင်လယ် ပက်ကျိ

ဒီပုံလေးကို ရိုက်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ရေခွက်ထဲ ရောက်နေတဲ့ ပင်လယ် ပက်ကျိလေးကို တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ပင်လယ်ပက်ကျိ လေးတွေဟာ Pterotracheoidea လို့ခေါ်တဲ့ ရေနေ သတ္တဝါအုပ်စုထဲမှာပါဝင်ပြီး သူတို့ကိုပေးထားတဲ့ နောက်ထပ်နာမည်ပြောင် တစ်ခုကတော့ ပင်လယ်ဆင် ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ ကျောရိုးမဲ့ အင်းဆက်လေးများ

ဒါကတော့ Coccoidea မျိုးစိတ်ထဲမှာ ပါဝင်တဲ့ ကျောရိုးမဲ့ အင်းဆက် လေးတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ရှိပြီး တစ်ချို့သော မျိုးစိတ်တွေကဆိုရင် အစားသောက် ဆိုင်ရာတွေမှာ ထုတ်လုပ်တဲ့ Carmine ဓာတ်ရရှိအောင် အသုံးပြုကြပါတယ်။ shwekhitonlinetv.com

၄။ ပင်လယ်အနီမိုနီ

ပင်လယ်အနီမိုနီတွေဟာ ပင်လယ်ခူ အမျိုးအစားထဲမှာပါဝင်ပြီး ရောင်စုံပန်းပုံစံမျိုး ဖြစ်နေတဲ့ သတ္တဝါအမျိုးစားထဲမှာ ပါဝင်ပါတယ်။ သူတို့ရဲ့ အစားအစာကတော့ ငါးနဲ့ သေးငယ်တဲ့ ကျောရိုးမဲ့ အကောင်လေးတွေကို ဖမ်းယူ ညှစ်သတ်ပြီး စားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ Brittle Stars

Brittle Stars ဆိုတဲ့ အကောင်လေးတေဟာွ ကြယ်ငါးလိုပုံစံမျိုး ဖြစ်ပြီး သိပ္ပံအမည်ကတော့ ophiuroid လို့လည်း ခေါ်ကြပါတယ် ။ သူတို့ရဲ့ ရွေ့လျားပုံဟာ မြွေတွေ သွားပုံနဲ့ အတော်လေးကို ဆင်တူတယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါသေးတယ် ။ shwekhitonlinetv.com

၆။ ပင်လယ်မျှော့

ပင်လယ်မျှော့လေးတွေဟာ အမျိုးအစားပေါင်း ၁၁၅၀ ကျော်ရှိပြီး သူတို့ရဲ့ သိပ္ပံနာမည်ကတော့ Holothuroidea လို့လည်းခေါ်ကြပါတယ် ။ တစ်ချို့သော ပင်လယ်မျှော့တွေကိုဆိုရင် နိုင်ငံအနည်းငယ်လောက်မှာ စားသောက်ဖွယ်ရာ အဖြစ် စားသုံးကြတာတွေတောင် ရှိပါတယ် ။ shwekhitonlinetv.com

၇။ Promachoteuthis sulcus

Promachoteuthis sulcus ဆိုတဲ့ အကောင်လေးတွေဟာ ကင်းမွန်မျိုးစိတ်တွေထဲမှာ ပါဝင်ပြီး သူ့ရဲ့ ထူးခြားတဲ့အချက်ကတော့ လူသွားလိုမျိုး သွားကလေးတွေ ပါနေတာပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့ ဒီအကောင်လေးတွေကို ပင်လယ်အနက်ပိုင်းတွေမှာ နေထိုင်တဲ့ ကင်းမွန် ( deep sea squid ) လို့လည်း ခေါ်ကြပါသေးတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာကြီးပေါ်မှာ ရှင်သန်ကြနေတဲ့ ထူးထူးခြားခြား အကောင်လေးတွေ အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။