Stay Home ကာလကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အရာ (၅) ခု

Stay Home ကာလမှာ ပျင်းနေကြပြီးလား ရွှေခေတ်ပရိသတ်ကြီးရေ။ အတော်များများကတော့ ဒီလိုအချိန်မှာ အပြင်မထွက်ရ အပေါင်းအသင်း ခင်မင်ရင်းနှီးသူတွေနဲ့လည်း မတွေ့ရတာကြောင့် နေ့ရက်တွေကို ငြီးငွေ့ဖွယ်ကောင်းစွာ ဖြတ်သန်းနေကြရမယ်လို့ ထင်ပါတယ်။ ဒီလို ငြီးငွေ့စွာ ဖြတ်သန်းနေရတဲ့ သူတွေအဖို့တော့ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးက အနည်းနဲ့အများ အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် … shwekhitonlinetv.com

၁။ ချက်ပြုတ်ဖွယ်ရာများ စုဆောင်းပါ၊ ကိုယ်တိုင်ချက်ပြုတ်ပါ

အစိုးရအနေနဲ့တော့ ကိုဗစ်ကာလမှာ ပြည်သူတွေအားလုံးကို Stay Home နေကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဒီလိုအချိန်မျိုးမှာနေ့စဥ် စားသောက်ဖို့အတွက် အဓိကကြတဲ့စားသောက်ဖွယ်ရာ (ချက်ပြုတ်ဖွယ်ရာ) တွေကို ဝယ်ယူစုဆောင်းထားသင့်ပါတယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ နေ့လည်စာ ညစာတွေအတွက် အပြင်ထွက်ပြီးစားသောက်တာတို့ အွန်လိုင်းကနေမှာစား ရတာတို့ကနေ ကင်းဝေးသွားမှာဖြစ်ပါတယ်။ ဒါဟာ ကုန်ကျစရိတ်ကို ချွေတာရာရောက်သလို ကျန်းမာရေးအတွက်လည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com

နောက်ပြီးတော့ အိမ်မှာပဲနေရတဲ့အတွက် များပြားလှတဲ့ အားလပ်ချိန်တွေမှာ အရသာရှိမယ့် အစားအစာတွေကို မိမိစိတ်ကြိုက် စမ်းသပ်ချက်ပြုတ်နိုင်မယ့် အခွင့်အရေးကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Stay Home ကာလမှာ ကြာရှည်ထားခံတဲ့ အဓိက စားသောက်ဖွယ်ရာ (ချက်ပြုတ်ဖွယ်ရာ) တွေကို ဝယ်ယူစုဆောင်းထားသင့်ပါတယ်။ နောက်ပြီးကိုယ်တိုင် အစားအစာတွေကိုချက်ပြုတ်တာကလည်း အချိန်ကုန်တာကို မသိသာစေတဲ့အတွက် သင့်အနေနဲ့ အိမ်မှာနေရတာ စိတ်ပြေလက်ပျောက်ဖြစ်မှာ အသေအချာပါပဲ။ shwekhitonlinetv.com

၂။ နေ့စဥ်လုပ်ဆောင်ရန်ကိစ္စများကို List လုပ်ထားပါ

Stay Home ကာလဟာ လူအတော်များများအတွက် ပျင်းရိခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ စားလိုက်၊ အိပ်လိုက်၊ အင်တာနက် သုံးလ်ုက်နဲ့ပဲ တစ်နေ့တာအချိန်တွေကို လည်ပတ်ကုန်ဆုံးနေတာမျိုး ဖြစ်ပါတယ်။ နောက်ပြီး အိပ်ချိန်စားချိန်တွေဟာလည်း မမှန်တော့ဘဲ ကမောက်ကမတွေ ဖြစ်တက်ပါတယ်။ ဒီလိုအခြေအနေကို ရှောင်ရှားဖို့ ဘယ်လိုလုပ်သင့်သလဲ ? shwekhitonlinetv.com

အကောင်းဆုံးနဲ့ ရိုးရှင်းလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ မိမိရဲ့ တစ်နေ့တာပြုမူဆောင်ရွက်ရမယ့်ကိစ္စတွေကို စာရင်းပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။ Trello , Google Keepnote , Microsoft To-Do စတဲ့ အက်ပလီကေးရှင်းလေးတွေကို ဖုန်းထဲသွင်းထားပြီး တစ်နေ့တာ လုပ်ဆောင်ရမယ် ကိစ္စရပ်တွေကို စာရင်းလုပ်ထားပြီး တစ်ကယ်လည်းလိုက်နာဆောင်ရွက်သင့်ပါတယ်။ ဥပမာအားဖြင့်ပြောရရင် ဘယ်အချိန်ကနေ ဘယ်အချိန်ထိတော့ ဂိမ်းကစားမယ်၊ GYM ဆော့မယ်၊ အလုပ်လုပ်မယ်၊ အိပ်စက်မယ် စသဖြင့်ပေါ့။ shwekhitonlinetv.com

၃။ အသစ်အသစ်တွေကို သင်ယူလေ့လာပါ

Stay Home ကာလဟာ သင့်ဘဝအတွက် ကောင်းမွန်တဲ့အရာတွေကို ရှာဖွေဖို့အတွက် အကောင်းဆုံး အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ ပညာရေး၊ ကျန်မာရေး၊ ဖျော်ဖြေရေး စတဲ့ကဏ္ဍအစုံကို Youtube၊ Google တို့လို့ အင်တာနက်ရင်းမြစ်တွေကနေ ရှာဖွေ့လေ့လာ နိုင်သလို အွန်လိုင်း သင်ကြားရေးဝန်ဆောင်မှု တွေလည်း အများအပြားရှိတာကြောင့် မိမိရဲ့ Skill ကို Upgrade လုပ်ဖို့အတွက် အခွင့်အလမ်းကောင်းတွေ ရရှိနိုင်တဲ့ အချိန်ဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

၄။ သင်နှစ်သက်သည့် အရာများဖြင့် ပျော်ရွှင်စွာနေထိုင်ပါ

တစ်ချို့တွေအတွက်တော့ Stay Home ကာလဟာ အတော်လေးကို ပျင်းရိငြီးငွေ့ဖွယ် ကောင်းပြီး အထီးကျန်ဆန်လွန်းလှမယ်လို့ထင်ပါတယ်။ ဒါပေမယ့်လည်း ရုပ်ရှင်၊ ဂီတချစ်မြတ်နိုးတဲ့ သူတွေအတွက်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ဂီတတွေကို သာသာယာယာ အိမ်မှာနေရင်း ကြည့်ရှုခံစား စိတ်အပန်းဖြေနိုင်မှာဖြစ်ပါတယ်။

ဂိမ်းဆော့တာကို ခုံမင်နှစ်သက်တဲ့ သူတွေဆိုရင်လည်း ယခင်ကထက်အချိန်များစွာ ပိုမိုဂိမ်းဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Stay Home ကာလမှာ တစ်ကိုယ်တည်း အထီးကျန်ဆန်စွာနေထိုင်ခြင်းထက် စိတ်ကိုပျော်ရွှင်မှုပေးနိုင်မယ့် ဖျော်ဖြေရေးအစီအစဥ်တွေနဲ့ ကုန်လွန်ဖြတ်သန်းဖို့ အကြံပြုချင်ပါတယ်။ shwekhitonlinetv.com

၅။ နေ့စဥ်ဖန်တီးမှုအသစ်တွေပြုလုပ်ပါ

လူတိုင်းလူတိုင်း Stay Home ကာလမှာ အိမ်မှာနေရင်း အကျိုးရှိတာတွေ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေကို အင်တာနက်ကတစ်ဆင့် လုပ်ဆောင်လို့ရပါတယ်။ မိမိသိထားတက်ထားတာတွေကို လူမှုကွန်ရက် စာမျက်နှာတွေကတစ်ဆင့် ပြန်လည်ဝေမျှပေးတာ ဒါမှမဟုတ် တစ်ခြားသူတွေကို ဖျော်ဖြေမှုပေးနိုင်မယ့် ပို့စ်တွေတင်တာမျိုးပေါ့။ နောက်ပြီး မိမိဘာသာလည်း အသစ်အဆန်းတွေ တီထွင်ဖန်တီးနိုင်ဖို့လည်း အချိန်ကောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဆိုလိုတာကတော့ သင်က ဟင်းချက်ကောင်းတဲ့သူဆိုရင် မီနူးအသစ်တွေစမ်းသပ် ချက်ပြုတ်ကြည့်တာမျိုး ပြီးရင် တစ်ခြားသူတွေကို အွန်လိုင်းကနေ ပြန်လည်ဝေမျှတာမျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် သင်က ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင်တီးခတ်တက်တယ်ဆိုရင် သံစဥ်အသစ်တွေ သီချင်းအသစ်တွေဖန်တီးပြီး အခြားသူတွေကို အွန်လိုင်းကတစ်ဆင့် ဖျော်​ဖြေမှုပေးတာမျိုး ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့် နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။