ကမ္ဘာ့စျေးအကြီးဆုံး နှင့် အမြန်ဆုံးဖြစ်တဲ့ မော်တော်ဆိုင်ကယ်များ

ပရိသတ်ကြီးကို ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ စျေးအကြီးဆုံးနဲ့ အမြန်ဆုံး ဆိုင်ကယ်တွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ( ၂၀၂၁) ခုနှသ်ထဲမှာ ဘယ်ဆိုင်ကယ်တွေက ကမ္ဘာ့အမြန်ဆုံး ဆိုင်ကယ်စာရင်းထဲ ရောက်နေလဲဆိုတာကို တူတူကြည့်လိုက်ရအောင်နော်…. shwekhitonlinetv.com

၁ ။ DODGE TOMAHAWK

The DODGE TOMAHAWK လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ်မှာဆိုရင် ဘီး ( ၄ ) ဘီး ပါဝင်ပြီး ဘီးတစ်ခုချင်းစီတိုင်းမှာ ထောက်ကန်ပေးထားတဲ့ စပရိန်တွေ ပါဝင်ပါတယ် ။ နောက်ပြီး ဆိုင်ကယ်ရဲ့ မောင်းနှင်မှုပိုင်းမှာ အမြန်နှုန်း ( ၂ ) မျိုးတင်လို့ရတဲ့ manual toe shift ထည့်ပေးထားပြီး ချိန်းကြိုး နဲ့ ခွေးသွားစိပ် စနစ်တွေကတော့ ပုံမှန်ဆိုင်ကယ်တွေအတိုင်းပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါ့အပြင် ဆိုင်ကယ်ရဲ့ အနောက်ဘက်ပိုင်းမှာလည်း Cooling System တောင် ပါပါတယ်တဲ့။ လက်ရှိမှာတော့ Dodge Tomahawk ဟာ ကမ္ဘာ့ပြိုင်စံရှား အမြန်ဆုံး ဆိုင်ကယ် အဖြသ် ရပ်တည်နေပေမယ့်လည်း အမေရိကန်နိုင်မှာတော့ တစ်ချို့သော အကြောင်းတွေ ကြောင့် တရားဝင်စီးနင်းလို့မရသေးပါဘူး ။ သူ့ရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို (၃၅၀) မှိုန်းအထိ တောင် ရှိပါတယ် ။ shwekhitonlinetv.com

၂ ။ SUZUKI HAYABUSA

Suzuki Hayabusa ဆိုင်ကယ်ရဲ့ အကြောင်းကို ပြောရမယ်ဆိုရင် သူ့မှာပါဝင်တဲ့ feature တွေအကြောင်းကို အရင်ပြောပြရမှာပါ ။ စလင်ဒါ ( ၄ ) လုံး ၊ DOHC ၊ 16 -valve အင်ဂျင်တွေကို ဒီဆိုင်ကယ်လေးကို နာမည်ကြီးစေတာပဲ ဖြစ်ပါတယ် ။ နောက်တစ်ချက်က Suzuki Drive Mode ကို ဝိုင်ယာ စနစ်တွေနဲ့ ပေါင်းစပ်ပေးထားတာကြောင့် လီဗာဆွဲလိုက်တဲ့အချိန်မှာ တော်တော်လေး ကန်အားကို ရရှိစေမှာပါ ။ SUZUKI HAYABUSA ဆိုင်ကယ်ရဲ့ အမြန်နှုန်း ကတော့ တစ်နာရီကို ( ၂၄၈) မိုင်နှုန်း ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ MTT TURBINE SUPERBIKE Y2K

နောက်ထပ်ပြောပြပေးမှာကတော့ MTT TURBINE SUPERBIKE Y2K. လို့ခေါ်တဲ့ ဆိုင်ကယ် အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီဆိုင်ကယ်ဟာဆိုရင် ထုတ်ခဲ့သမျှ ဆိုင်ကယ်တွေထဲမှာ စွမ်းအားအကောင်းဆုံး လို့တောင် ပြောလို့ရပါတယ် ။ ဆိုင်ကယ်ရဲ့ အင်ဂျင်ပိုင်းမှာဆိုရင်
Rolls-Royce 250-C18 turboshaft engine ကို သုံးပေးထားတာပါ ။ အင်ဂျင်စွမ်းအား ကောင်းလွန်းတာကြောင့် ( ၂.၅) စက္ကန့်အတွင်း ( ၀ ကနေ ၆၀) အထိ မောင်းနိုင်ပါတယ်တဲ့ ။ သူ့ရဲ့ ထိပ်တန်း အမြန်နှုန်းကတော့ တစ်နာရီကို ( ၂၂၇ ) မိုင်နှုန်း ရှိပါတယ် ။ shwekhitonlinetv.com

၄ ။ KAWASAKI NINJA H2R

KAWASAKI NINJA H2R ဆိုတဲ့ ဆိုင်ကယ်လေးဟာဆိုရင်လည်း စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဆိုင်ကယ် စာရင်းထဲမှာ ပါဝင်ထားပါတယ် ။ ဒီ ဆိုင်ကယ်ထဲမှာ ပါဝင်တဲ့ စွမ်းဆောင်ရည်တွေကတော့ 998 CC အရည်အအေပေး စနစ် ၊ ( ၄ ) ချက်ခုတ် အင်ဂျင် ၊ DOHC ၊ 16 valve အင်ဂျင်တွေ ကြောင့် အမြန်နှုန်းက ပြောစရာမလိုအောင် ပြည့်စုံနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

မောင်းနှင်မှုပိုင်းမှာ ဆိုရင်လည်း KTRC (Kawasaki TRaction Control), KIBS (Kawasaki Intelligent anti-lock Brake System), KEBC (Kawasaki Engine Brake Control) and KLCM (Kawasaki Launch Control Mode) လိုမျိုးတွေ ပါဝင်တာကြောင့် မောင်းနှင်တဲ့အခါမှာလည်း ချောမွေ့နေမှာပါ ။ ဒီဆိုင်ကယ်ရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို ( ၂၂၂ ) မိုင်နှုန်း ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ BMW S1000 RR

အခု နောက်ဆုံး ပြောပြပေးမှာကတော့ BMW S1000 RR ဆိုင်ကယ် အကြောင်းပဲ ဖြစ်ပါတယ် ။ အရင် ထွက်ခဲ့တဲ့ စီးရီးတွေ နဲ့ ယှဥ်ကြည့်ရင် ဒီ ဆိုင်ကယ်မှာ 999 CC 16 valve မော်တော် အင်ဂျင် ပါဝင် လာပြီး intake cam အ​​​ပြင် ပေါ့ပါးတဲ့ inlet valves တွေလည်း ပါဝင်လာလာပါတယ် ။ နောက် တစ်ချက်က BMW S1000 ကို အမြန်နှုန်း အတွက် ရည်ရွယ်ပြီး ထုတ်ထားတာမို့လို့ သူ့ရဲ့ frame တွေကို ပေါ့နေအောင် ဒီဇိုင်းဆွဲထားပါတယ် ။ ဆိုင်ကယ် ရဲ့ အလေးချိန် ကတော့ အရင်ထွက်ခဲ့ ဗားရှင်းထက် ( ၄ ) ကီလိုဂရမ် ပိုပေါ့သွားလို့ အမြန်နှုန်းက လည်း ပိုမြန် သွားတယ်လို့ ပြောလို့ရပါတယ် ။ BMWS1000 ရဲ့ ထိပ်တန်း အမြန်နှုန်းကတော့ တစ်နာရီကို ( ၁၉၀ ) မိုင်နှုန်းအထိ မောင်းနိုင်ပါတယ် ။ shwekhitonlinetv.com

အခုပြောပြပေးထားတာကတော့ ကမ္ဘာ့စျေးအကြီးဆုံး နှင့် အမြန်ဆုံးဖြစ်တဲ့ မော်တော်ဆိုင်ကယ်များ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေ မှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါအုန်းနော် …. shwekhitonlinetv.com