အလွဲအချော်တွေနဲ့ ရယ်ချင်စရာ တက်တူးဒီဇိုင်းတွေကို ထိုးထားကြသူများ

ပရိသတ်ကြီးရေ အခုတစ်ခါမှာတော့ အလွဲလွဲအချော်ချော် ဖြစ်သွားတဲ့ တက်တူး ဒီဇိုင်းတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ တစ်ဘဝလုံးစာအထိ ပါသွားမယ့် တက်တူးကို ဘယ်လိုတွေ လွဲအောင် ထိုးကြလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ပုံထဲက ကလေးလေးကတော့ သူ့အမေဖြစ်သူကို မြင်ပြီး ရုတ်တရက် ကြောင်သွားတဲ့ ပုံစံပါပဲ ။ ကလေးရဲ့ အမေ မျက်နှာမှာဆွဲထားတဲ့ တက်တူးက ကလေးလေးကို ငိုဖို့တောင် မေ့သွားစေနိုင်လောက်ပါတယ် ။ shwekhitonlinetv.com

၂။ ဒီအမျိုးသားကတော့ BRENDA ဆိုတဲ့ စကားလုံးကို ကျောကုန်းပေါ်မှာ ပုံစံအမျိုးမျိုး နဲ့ ထိုးထားတာပဲ ဖြစ်ပါတယ်။ မိန်းမဖြစ်သူရဲ့ နာမည်ရဲ့ နာမည်ကို အမှတ်တရ ထိုးခဲ့ပေမယ့်လည်း အမျိုးသားကတော့ မျက်နှာကောင်း မရခဲ့ပါဘူး ။ အကြောင်းကတော့ သူ့မိန်းမရဲ့ နာမည်အမှန်က BRENDA မဟုတ်ပဲ Brandy ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Tim ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ McDonaldဆိုင်မှာ သွားစားခဲ့ကြတဲ့ အမှတ်တရတွေကို မမေ့ချင်တာကြောင့် တက်တူးထိုးခဲ့ပါတယ်။ ထိုးထားတဲ့ တက်တူးကတော့ သူတို့ဆိုင်မှာ သွားစားတုန်းက ကျသင့်ခဲ့တဲ့ ဘောက်ချာ စာရွက်ထဲက စာရင်းအတိုင်း တစ်ခုမကျန်အကုန် ထိုးခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ နာမည်ကြီး အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ Drake ကိုတော့ တော်တော်များများ သိကြမှာပါ ။ အခုပုံမှာတော့ Drake ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဟာ သူ့နဖူးပေါ်မှာ Drake ရဲ့ နာမည်ကို ရေးထိုးထားတာပဲ ဖြစ်ပါတယ်။ Drake တစ်ယောက်ကတော့ ဒီတက်တူးကို မြင်ပြီး အနည်းငယ် လန့်သွားမှာတော့ အသေအချာပါပဲ ။ shwekhitonlinetv.com

၅။ ဂီတ လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ Bon Jovi ကတော့ ဒီတက်တူးကို မြင်သွားရင် စိတ်မသက်မသာ ဖြစ်သွားမှာပါ ။ Fan တစ်ယောက်က Bon Jovi နာမည်ကို တက်တူးထိုးထားပေမယ့်လည်း စာလုံးပေါင်းမှားသွားတာကြောင့် ကြည့်လိုက်တိုင်း အူတက်သွားမိစေမှာပါ ။ shwekhitonlinetv.com

၆။ မာရီလင် မွန်ရိုးလို့ ပြောလိုက်တာနဲ့ ၂၀ ရာစုနှစ်ရဲ့ အကျော်ကြားဆုံး အနုပညာရှင်တွေထဲက တစ်ယောက်အဖြစ် လူတိုင်းက အသိအမှတ်ပြုထားကြတာပါ ။ ဒါပေမယ့်လည်း သူမရဲ့ Fan တစ်ယောက်ကတော့ အမှတ်တရ အဖြစ် သူမ ပုံတူကို တက်တူးရေးဆွဲထားတာ အခုမြင်နေရတဲ့ ပုံစံအတိုင်း ဖြစ်သွားပါတယ်။ တစ်ချို့ကတော့ ဒီတက်တူးကို ရွှံ့ပေနေတဲ့ မွန်ရိုးလို့ အမည်ပြောင်တောင် ပေးထားကြပါသေးတယ် ။ shwekhitonlinetv.com

၇။ ဒီပုံကတော့ ပရိုဂရမ်မာ သမားတစ်ယောက်ဟာ သူ့အလုပ်ကို သဘောကျလွန်းလို့ ရေးထိုးထားတဲ့ တက်တူးပဲ ဖြစ်ပါတယ်။ လက်မောင်းအရင်းကနေ လက်ကောာက်ဝတ်အထိ ထိုးထားတဲ့ သူ့ရဲ့ တက်တူးကတော့ တစ်မျိုးတစ်မည်လေး ဆန်းကြယ်လို့နေပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ စိတ်ကူးကောင်းကောင်းနဲ့ ထိုးလိုက်ရာကနေ ရယ်စရာ ဖြစ်သွားရတဲ့ တက်တူးဒီဇိုင်းတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။