ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ပုံစံနဲ့ ဆောက်ထားတဲ့ အိမ်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီ အိမ်တွေက ဘယ်လို ပုံစံ ဖြစ်နေမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁ ။ Futuro

အခု ပထမဦးဆုံး ပြောပြပေးမှာကတော့ Futoro လို့ ခေါ်တဲ့ အိမ်လေး အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအိမ်လေးကတော့ ဆွီဒင်နိုင်ငံထဲမှာ တည်ရှိတာဖြစ်ပြီး UFO အာကာသ ယာဉ်ပုံစံ တည်ဆောက်ထားတာပါ ။ အိမ်ရဲ့ ဒီဇိုင်းကို ဖန်တီးထားတာကတော့ Matti Suuronen ဖြစ်ပြီး အခုလို အိမ် နဲ့ ပုံစံတူ အိမ်အများစုကိုတော့ ဖင်လန်နိုင်ငံမှာ အများဆုံး တွေ့ရမှာပါတဲ့ ။ shwekhitonlinetv.com
၂ ။ The Mirror House

နောက်ထပ် ပြောပြပေးမှာကတော့ The Mirror House လို့ ခေါ်တဲ့ အိမ်ပဲ ဖြစ်ပါတယ် ။ ဒီ အိမ်လေးကတော့ အီတလီနိုင်ငံ မှာ တည်ရှိတာ ဖြစ်ပြီး အိမ်ရဲ့ အပြင်ဘက် တစ်ခုလုံးကို မှန်တွေ နဲ့ တည်ဆောက်ထားတာ ဖြစ်လို့ ပတ်ဝန်းကျင်နဲ့ လုံး၀ တစ်သားတည်း ကျနေသလို ဖြစ်နေတာပါ ။ ဒါ့အပြင် ဒီ မှန်အိမ်လေးကို အားလပ်ရပ်မှာ ငှားရမ်းပြီး အပန်းဖြေနိုင်အောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၃ ။ The Stone House

ပုံစံထူးထူး နဲ့ တည်ဆောက်ထားတဲ့ ဒီအိမ်လေးကိုတော့ မြင်သူတိုင်းက အံ့အား သင့်သွားမိကြမှာ အသေအချာပါပဲ ။ အိမ်လေးရဲ့ နာမည်ကိုတော့ The Stone House လို့ နာမည်ပေးထားပြီး ပေါ်တူဂီနိုင်ငံ မှာ တည်ရှိတာပါတဲ့ ။ သဘာ၀ ကျောက်တုံးကြီး နှစ်တုံး ရဲ့ အလယ်ထဲမှာ တည်ဆောက်ထားတဲ့ ဒီ အိမ်လေးရဲ့ ဒီဇိုင်းကတော့ အတော်လေးကို ချီးကျူးစရာ ဖြစ်ပြီး သီးသီးသန့်သန့် နေလိုသူ တစ်ယောက်က ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၄ ။ The Upside-Down House

ဒီ အိမ်လေးရဲ့ ပုံစံကတော့ တစ်ခြား အိမ်တွေနဲ့ မတူပဲ အတော်လေးကို ကွဲထွက်နေတဲ့ ပုံစံမျိုးလို့ ပြောရမှာပါ ။ အကြောင်းကတော့ အိမ် ရဲ့ အမိုးက အောက်ခြေ ရောက်နေပြီး ကြမ်းပြင်က အပေါ် ရောက်နေတာ ကြောင့်ပဲ ဖြစ်ပါတယ် ။ အိမ်ရဲ့ နာမည်လေးကလည်း သူ့ ပုံစံအတိုင်း လိုက်ဖက်အောင် The Upside-Down House လို့ နာမည်ပေးထားပြီး ဂျာမနီ နိုင်ငံမှာ တည်ရှိပါတယ် ။ ဒါ့အပြင် စိတ်ဝင်စားသူတွေ လာရောက် လည်ပတ်နိုင်အောင် တစ်နှစ်ပတ်လုံး ခွင့်ပြုပေးထားပါသေးတယ် ။ shwekhitonlinetv.com
၅ ။ The Toilet House

ဒီ အိမ်လေး က တော့ နာမည်နဲ့ တင် ခပ်ဆန်းဆန်း ဖြစ်ပြီး ပုံစံ ကလည်း ထူးထူးခြား ဖြစ်နေပါတယ် ။ ဘိုထိုင် အိမ်သာ အိမ်လေး လို့ နာမည်ပေးထားတဲ့ ဒီ အိမ်ကတော့ တောင်ကိုရီးယား နိုင်ငံမှာ တည်ရှိတာပါ ။ ဒီ အိမ်လေးကို လာရောက် လည်ပတ်ချင်တဲ့ သူတွေ အတွက် တစ်နှစ်ပတ်လုံး ဖွင့်ပေးထားတဲ့ အပြင် ပြပွဲ တွေနဲ့ ဖျော်ဖြေပွဲတွေကိုလည်း လက်ခံပြီး ကျင်းပပေးပါသေးတယ် ။ shwekhitonlinetv.com
၆ ။ Rotterdam Cubic Houses

နောက်ထပ် ပြောပြပေးမှာကတော့ နယ်သာလန်နိုင်ငံမှာ တည်ရှိတဲ့ ကုဗ အိမ်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီ အိမ်လေးရဲ့ ဒီဇိုင်းပိုင် တည်ဆောက်ပုံဟာ အတော်လေးကို ထူးခြားပြီး လူတော်တော်များများကို သူ့ရဲ့ ပုံစံနဲ့ ဆွဲဆောင်ထားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဒီ အိမ်လေးထဲမှာ လူအတော်များများ နေနိုင်အောင် အခန်းပေါင်း များစွာ ဖွဲ့ပြီး တည်ဆောက်ပေးထားပါသေးတယ် ။ shwekhitonlinetv.com

၇ ။ The Mechanical Hobbit House

The Lord Of The Rings ဇာတ်ကားထဲက ဟော့ဘစ် လေးတွေ နေတဲ့ အိမ်လေးတွေကို မြင်ဖူးကြမှာပါ ။ အခု အိမ်လေး ဟာဆိုရင်လည်း ဟော့ဘစ် အိမ်လေးတွေ နဲ့ တူအောင် အတတ်နိုင်ဆုံး ဖန်တီး ထားတာ ဖြစ်ပြီး အချိန် ( ၃ ) နှစ်ကျော် ကြာအောင် ဆောက်ခဲ့ရတာပါတဲ့ ။ ချက် သမ္မတနိုင်ငံမှာ ရှိတဲ့ ဒီအိမ်လေးဟာဆိုရင် eco-living နဲ့ eco-housing စတဲ့ ဆုတွေ ကိုလည်း ရရှိထားပါသေးတယ် ။ shwekhitonlinetv.com

အခုဖော်ပြထားတာကတော့ ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြား ပုံစံနဲ့ ဆောက်ထားတဲ့ အိမ်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။
Be the first to comment
You must log in to post a comment.