ဘယ်သူမှမယှဥ်နိုင်အောင် ချမ်းသာလှတဲ့ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းတော်ဝင်မိသားစု ၁၀ စု

ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မယှဥ်နိုင်တဲ့ ကြွယ်ဝချမ်းသာမှုတွေကို ပိုင်ဆိုင်ထားကြပြီး ထိုကြွယ်ဝချမ်းသာမှုတွေနဲ့အတူ အာဏာပါဝါတွေကိုလည်း တည်ဆောက်ထားနိုင်သူတွေ အများအပြားကို တွေ့ဖူးကြမှာပါ။ စစ်တပ်အကြီးအကဲပိုင်းများကစပြီး သမ္မတများ နဲ့ တော်ဝင်မျိုးနွယ်များအားလုံးရဲ့ တူညီတဲ့အချက်ကတော့ လုပ်ပိုင်ခွင့်အာဏာများကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ ဒီလိုအခွင့်အာဏာကို ချုပ်ကိုင်ထားနိုင်ကြတဲ့အထဲက ဆွေစဥ်မျိုးဆက်ထီးနန်းအုပ်စိုးခဲ့ကြတဲ့ တော်ဝင်မိသားစုတွေကတော့ သူမတူအောင် ကြွယ်ဝချမ်းသာကြပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း တွက်ချက်မှုများအရ ကမ္ဘာတဝှမ်းမှာရှိတဲ့ အချမ်းသာဆုံး ထိပ်တန်းတော်ဝင်မိသားစု ၁၀ စုကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁၀။ The Royal Family Of Liechtenstein

Liechtenstein တော်ဝင်မိသားစုကို မင်းသားဖြစ်တဲ့ Hans-Adam II ဦးစီးဦးဆောင်လျက်ရှိပြီး သက်ဦးစံပိုင်အချုပ်အချာအာဏာစနစ်ကို ကျင့်သုံးလျက်ရှိပါတယ်။ ဒေါ်လာ ၄.၄ ဘီလီယမ်အထိ ချမ်းသာကြွယ်ဝပြီး သူတို့ရဲ့ ကြွယ်ဝမှုတွေကတော့ အိမ်ခြံမြေနဲ့ အနုပညာလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၉။ The Royal Family Of Morocco

မော်ရိုကိုတော်ဝင်မိသားစုရဲ့ အကြီးအကဲကတော့ ၁၉၉၉ ခုနှစ်အတွင်းမှာ ဘုရင်ဖြစ်လာခဲ့တဲ့ King Mohammed VI ပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း စစ်တမ်းများအရ မော်ရိုကိုတော်ဝင်မိသားစုဟာ ဒေါ်လာ ၈.၂ ဘီလီယမ်အထိ ကြွယ်ဝချမ်းသာတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၈။ The Royal Family Of Dubai

Sheikh Mohammed bin Rashid Al Maktoum ဆိုသူကတော့ ဒူဘိုင်းတော်ဝင်မိသားစုရဲ့ အကြီးအကဲအုပ်ချုပ်သူဖြစ်ပြီး Al Maktoum မျိုးဆက်ရဲ့သီးခြားအချမ်းသာဆုံး သူတဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် Sheikh ဟာ UAE ရဲ့ လက်ရှိဒုသမ္မတဖြစ်သလို ဝန်ကြီးချုပ်အဖြစ်လည်း လုပ်ကိုင်ဆောင်ရွက်နေသူပါ။ သူ့ရဲ့ ဒူဘိုင်းတော်ဝင်မိသားစုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆင့်ပွားချမ်းသာပြီး ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ အင်ပါယာတခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ အဆိုပါမိသားစုဟာ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို ဒူဘိုင်းရဲ့ ဦးပိုင်လုပ်ငန်းများနဲ့ Darley Stud လို့ခေါ်တဲ့ ပြိုင်မြင်းအမျိုးအစားမြင်းများကို မွေးမြူထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးမားဆုံးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။ ဒီလိုလုပ်ငန်းတွေအပြင် ကမ္ဘာတဝှမ်းမှာရှိတဲ့ အထက်တန်းကျကျ ဇိမ်ခံနိုင်တဲ့ နေရာများစွာကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ၂၀၂၂ ခုနှစ်အတွင်း တိုင်းတာမှုများအရ ဒေါ်လာ ၁၈ ဘီလီယမ်အထိ ရှိပါတယ်။ shwekhitonlinetv.com

၇။ The Royal Family Of Brunei

ဘရူနိုင်းနိုင်ငံကိုတော့ ဘရူနိုင်းဘုရင် Sultan Hassanal Bolkiah က ဘုရင်စနစ်နဲ့ အုပ်ချုပ်ထားပါတယ်။ ဘရူနိုင်းဘုရင်နေထိုင်ရာ နန်းတော်ကြီးဟာ ဂင်းနစ်စံချိန်မှတ်တမ်းဝင် ကမ္ဘာ့အကြီးမားဆုံး လူနေထိုင်ရာနန်းတော်ကြီးပဲ ဖြစ်ပါတယ်။ ဘရူနိုင်းတော်ဝင်မိသားစုရဲ့ အဓိကကြွယ်ဝချမ်းသာမှုကတော့ နိုင်ငံရဲ့ရေနံတွင်းတွေကြောင့်ဖြစ်ပြီး ၂၀၂၂ ခုနှစ်စစ်တမ်းများအရ ဒေါ်လာ ၂၈ ဘီလီယမ်အထိ ကြွယ်ဝချမ်းသာကြပါတယ်။ ဘရူနိုင်းဘုရင်ဟာ ကိုယ်ပိုင်ဂျက်လေယာဥ်ပေါင်းများစွာနဲ့အတူ Rolls Royces ကားအစီးပေါင်း ၆၀၀ နဲ့ Ferraris ကားအစီးပေါင်း ၃၀၀ ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ shwekhitonlinetv.com

၆။ The Royal Family Of Thailand

ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုကတော့ Chakri မျိုးဆက်ဖြစ်ကာ ၁၇၈၂ ခုနှစ်ကတည်းကနေစတင်ပြီး ထီးနန်းအုပ်ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ King Bhumibol Adulyadej နတ်ရွာစံပြီးနောက်မှာတော့ လက်ရှိဘုရင်ဖြစ်တဲ့ သားတော် Maha Vajiralongkorn က ၂၀၁၆ ခုနှစ်မှာ ထီးနန်းအုပ်စိုးခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ခန့်မှန်းတွက်ချက်မှုများအရ ထိုင်းတော်ဝင်မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၃၀ ဘီလီယမ်ကနေပြီး ၆၀ ဘီလီယမ်အထိ ရှိတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

၅။ The British Royal Family

ဗြိတိသျှတော်ဝင်မိသားစုကိုတော့ ယခင်က Queen Elizabeth II အုပ်ချုပ်ခဲ့ပြီး ဘုရင်မကြီးနတ်ရွာစံပြီးနောက်မှာတော့ သားတော် King Charles III က စိုးစံလျက်ရှိပါတယ်။ ကမ္ဘာ့သြဇာအာဏာအကြီးဆုံးမိသားစုဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးတော်ဝင်မိသားစုများရဲ့ ထိပ်တန်း ၅ ခုစာရင်းထဲမှာ ပါဝင်နေပါတယ်။ Forbes မဂ္ဂဇင်းရဲ့ မှတ်တမ်းများအရ ဗြိတိသျှတော်ဝင်မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၈၈ ဘီလီယမ်အထိ ရှိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အဓိကရင်းနှီးမြှုပ်နှံမှုများကတော့ တော်ဝင်အိမ်ခြံမြေနဲ့ အခြားမြောက်မြားလှစွာသော အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများပဲ ဖြစ်ပါတယ်။ နတ်ရွာစံသွားပြီဖြစ်တဲ့ Queen Elizabeth II ကတော့ တော်ဝင်မိသားစုမှာ အချမ်းသာဆုံးဖြစ်ပြီး တဦးတည်းပိုင်ဆိုင်မှုများအဖြစ် ဒေါ်လာ ၄၂၈.၃ ဘီလီယမ်အထိ ရှိတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

၄။ The Royal Family Of Abu Dhabi

အဘူဒါဘီတော်ဝင်မိသားစုရဲ့ မျိုးဆက်ကတော့ Al Nahyan မျိုးဆက်ဖြစ်ပြီး အာရပ်စော်ဘွား Sheikh Khalifa bin Zayed Al Nahyan ရဲ့အုပ်ချုပ်မှုအောက်မှာရှိပါတယ်။ Sheikh ဟာ UAE ရဲ့ သမ္မတအဖြစ် ၂၀၀၄ ခုနှစ်ကတည်းကနေစပြီး ယခုချိန်ထိ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် Sheikh ဟာ တန်ဖိုး ဒေါ်လာ ၆၉၆ ဘီလီယမ်အထိရှိတဲ့ အဘူဒါဘီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့ အခွင့်အာဏာကို ကိုင်ဆောင်ထားသူလည်းဖြစ်ပါတယ်။ အဘူဒါဘီတော်ဝင်မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာ ၁၅၀ ဘီလီယမ်အထိ ရှိပြီး သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုများဟာ ဆီတင်ပို့မှုများအပြင် ဒေါ်လာ ၇.၁ ဘီလီယမ်တန်ဖိုးရှိ လန်ဒန်ရဲ့ အကြီးမားဆုံးအိမ်ခြံမြေစျေးကွက်ကို ပိုင်ဆိုင်ထားကြတာကြောင့်လည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ The Royal Family Of Qatar

Thani တော်ဝင်အိမ်တော်ရဲ့ အကြီးအကဲဖြစ်တဲ့ Sheikh Tamim bin Hamad Al Thani ကတော့ ၂၀၁၃ ခုနှစ်မှာ အချုပ်အချာအာဏာပိုင်ဆိုင်သူ ဖြစ်လာခဲ့ပါတယ်။ Thani တော်ဝင်မိသားစုဟာ ၁၉ရာစုအလည်ခေတ်ကတည်းက စတင်ပြီး ကာတာနိုင်ငံကို ယနေ့ခေတ်အထိ အုပ်ချုပ်လာခဲ့တဲ့ တော်ဝင်မိသားစုလည်း ဖြစ်ပါတယ်။ ကာတာတော်ဝင်မိသားစုရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၃၃၅ ဘီလီယမ်အထိ ရှိပြီး သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို လန်ဒန်ရဲ့မိုးမျှော်တိုက်များ ၊ UK’s capital Olympic village နဲ့ Harrod’s department store စတဲ့ အိမ်ခြံမြေများကို ရင်းနှီးမြှုပ်နှံရာမှ ရရှိကြပါတယ်။ ဒါ့အပြင် New York’s Empire State Building , Barclays , Volkswagen နဲ့ ဗြိတိသျှလေကြောင်းလိုင်းများမှာလည်း ဝင်ငွေများ ထည့်ဝင်ထားကြပါသေးတယ်။ shwekhitonlinetv.com

၂။ The Royal Family Of Kuwait

ကူဝိတ်ရဲ့ တော်ဝင်မိသားစုကတော့ Al Sabah မိသားစုပဲ ဖြစ်ပါတယ်။ ကူဝိတ်ရဲ့ လက်ရှိအချုပ်အချာအာဏာကိုတော့ ကူဝိတ်ရဲ့ လက်ရှိစော်ဘွားဖြစ်သူ Sheikh Sabah IV Ahmad Al-Jaber Al-Sabah က ကိုင်ဆောင်ထားပြီး Al Sabah မိသားစုဟာ ၁၇၅၂ ခုနှစ်ကတည်းက ထီးနန်းစိုးစံလာခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာ ၃၆၀ ဘီလီယမ်အထိရှိပြီး US မှာရှိတဲ့ အဓိက blue-chip ကုမ္ပဏီများရဲ့ မြောက်များလှစွာသော ရှယ်ယာများကို ကိုင်ဆောင်ထားကြပါတယ်။ shwekhitonlinetv.com

၁။ The Royal Family Of Saudi Arabia

ကမ္ဘာ့အချမ်းသာဆုံး နံပါတ်တစ် တော်ဝင်မိသားစုကတော့ ဆော်ဒီအာရေဗျတော်ဝင်မိသားစုပဲ ဖြစ်ပါတယ်။ ဒီတော်ဝင်မိသားစုကိုတော့ လက်ရှိ Saudi Arabia ရဲ့ ဘုရင်ဖြစ်တဲ့ King Salman Alsaud က အုပ်ချုပ်ပါတယ်။ King Salman Alsaud ဟာ ဆော်ဒီအာရေဗျတော်ဝင်မိသားစုရဲ့ အချမ်းသာဆုံးတဦးတည်းသော မိသားစုဝင်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး နံပါတ်တစ် တော်ဝင်မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာ ၁.၄ ထရီလီယမ်အထိရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။