လုံးဝမမှတ်မိလောက်အောင်ကို တိုးတက်ပြောင်းလဲသွားတဲ့ နိုင်ငံများ

ကမ္ဘာကြီးဟာနေ့စဉ်နဲ့အမျှ လျှင်မြန်စွာတိုးတက်ပြောင်းလဲနေတယ်ဆိုတာကို အခုဖော်ပြပေးမယ့် ပုံလေးတွေကသက်သေပြလို့နေပါတယ်။ ဘယ်နိုင်ငံတွေရဲ့ ဘယ်မြို့တွေက လုံးဝမမှတ်မိလောက်အောင်ကို တိုးတက်ပြောင်းလဲသွားတာလဲဆိုတာ ကြည့်လိုက်ရအောင်နော် …… shwekhitonlinetv.com

၁။ နှစ်ပေါင်း (၇၄) နှစ်အတွင်းအပြောင်းလဲကြီးပြောင်းလဲကာ ကမ္ဘာ့အထင်ကရနေရာတစ်ခုဖြစ်လာခဲ့သည့် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့။ ပထမပုံကတော့ ၁၉၄၈ ခုနှစ်ကရိုက်ကူးထားတာဖြစ်ပြီး ဒုတိယပုံကတော့ ၂၀၂၂ ခုနှစ်မှာရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ သစ်သားအိမ်ကလေးများရဲ့နေရာကို မိုးမျှော်အဆောက်အအုံများဖြင့်အစားထိုးခဲ့သည့် ဟောင်ကောင်။ ၁၉၆၀ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကိုနှိုင်းယှဉ်ပြသထားတာပါ။ shwekhitonlinetv.com

၃။ လန်ဒန်မြို့မှ Blackfriars Bridge။ ပုံနှစ်ပုံမှာတစ်ပုံကတော့ ၁၈၄၄ ခုနှစ်ကရိုက်ကူးထားတာဖြစ်ပြီး တစ်ပုံကတော့ ၂၀၂၂ ခုနှစ်ကရိုက်ကူးထားခဲ့တာပါ။ shwekhitonlinetv.com

၄။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့။ ဆိုးလ်မြို့ရဲ့တိုးတက်ပြောင်းလဲမှုလျင်မြန်ကြီးမားပုံကိုတော့ ဒီပုံနှစ်ပုံကိုကြည့်ပြီးသိသာစေမှာဖြစ်ပါတယ်။ တစ်ပုံက ၁၉၆၀ ခုနှစ်ကရိုက်ကူးထားတာဖြစ်ပြီး တစ်ပုံကတော့ ၂၀၁၄ ခုနှစ်ကရိုက်ကူးခဲ့တာပါ။ shwekhitonlinetv.com

၅။ ချီကာဂိုမြို့လယ်ခေါင်မှာရှိတဲ့ Sherman Hotel ရဲ့ တစ်ချိန်ကမြင်ကွင်းနဲ့ အသစ်ပြန်လည်မွှမ်းမံတည်ဆောက်ထားတဲ့မြင်ကွင်း။ တစ်ပုံကတော့ ၁၉၇၀-၈၀ ဝန်းကျင်ကာလတွေမှာရိုက်ကူးခဲ့တာဖြစ်ပြီး တစ်ပုံကတော့ ၂၀၂၀ ခုနှစ်ကရိုက်ကူးခဲ့တာပါ။ shwekhitonlinetv.com

၆။ ၁၄၈၄ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ မန်ဒူမြို့မှာတည်ဆောက်ထားခဲ့တဲ့ ဟာမိဗလီ (Jami Mosque) ရဲ့ ခေတ်သစ်မြင်ကွင်း။ အခုမြင်တွေ့ရတာကတော့ ၁၈၉၀ ခုနှစ်ကရိုက်ကူးထားတဲ့ပုံနဲ့ ၂၀၁၀ ခုနှစ်ကရိုက်ကူးထားတဲ့ပုံပါ။ shwekhitonlinetv.com

၇။ Grant ရိပ်သာလမ်းနှင့် ကယ်လီဖိုးနီးယားလမ်းတို့ဆုံရာ (ဆန်ဖရန်စစ္စကိုမြို့)။ ဒီမြို့ဟာ ၁၉၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အတော်လေးကိုလျှင်မြန်စွာတိုးတက်ပြောင်းလဲခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဘရာဇီးလ်နိုင်ငံ ပေါ်တိုအယ်လီဂရီမြို့ ပွန်တီဒီပက်ဒရာ (Ponte de Pedra) မြစ်ဒေသ။ ပုံမှာပါဝင်တာကတော့ ထင်ရှားတဲ့တံတားတစ်စင်းဖြစ်ပြီး ၁၉၃၀ ခုနှစ်တဲ့ ၂၀၁၉ အခြေအနေကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဖင်လန်နိုင်ငံမြို့တော် ဟယ်လ်ဆင်ကီး။ ၁၉၂၇ ခုနှစ်ကရိုက်ကူးထားတဲ့ပုံနဲ့ ၂၀၁၉ ခုနှစ်မှာရိုက်ကူးထားတဲ့ပုံကတော့ လုံးဝကိုမှတ်မိနိုင်စရာမရှိအောင် ကွာခြားနေတာအမှန်ပါပဲ။ shwekhitonlinetv.com

၁၀။ နယူးယော့ခ်မြို့ Woodstock အရပ်ဒေသဖြစ်ပါတယ်။ ပုံကတော့ တစ်ချိန်က Woodstock Music Festival (1969) ဂီတပွဲတော်ကျင်းပနေတဲ့အချိန်ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။