စီရော်နယ်လ်ဒိုအတွက် နိုင်ငံရဲ့တင်းကျပ်တဲ့ဥပဒေကိုတောင် ပြင်ဆင်ပေးဖို့ရှိနေတဲ့ ဆော်ဒီအာရေဗျ

မန်ချက်စတာယူနိုက်တက်အသင်းကနေ ဆော်ဒီအာရေဗျကလပ် အယ်နာဆာအသင်းကိုစံချိန်တင် လစာငွေနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှုးစီရော်နယ်လ်ဒိုကတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ အခွင့်ထူးခံလူတန်းစားသဖွယ်ဖြစ်နေခဲ့ပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ပေါ်တူဂီတိုက်စစ်မှုး စီရော်နယ်လ်ဒိုဟာ အားကစားလောကမှာ ဘယ်သူမှစိတ်မကူးဖူးခဲ့တဲ့ လစာငွေတစ်ရပ်ဖြစ်တဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း (၂၀၀) နဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းကနေ ဆော်ဒီကလပ် အယ်နာဆာအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဆော်ဒီအာဏာပိုင်တွေကတော့ ဒီအပြောင်းအရွှေ့ရဲ့နောက်ကွယ်မှာ ကြိုးကိုင်သူတွေအဖြစ် ပါဝင်ပတ်သတ်နေတယ်လို့ သတင်းတွေထွက်နေပြီး စီရော်နယ်လ်ဒိုကိုအသုံးချပြီး နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် စီရော်နယ်လ်ဒိုအတွက် အခက်အခဲဖြစ်နေတဲ့ ဥပဒေတွေကလည်းရှိနေပါတယ်။ အဲ့ဒါကတော့ ဆော်ဒီနိုင်ငံရဲ့ ဥပဒေမှာ အမျိုးသားနဲ့အမျိုးသမီးဟာ လက်မထပ်ရသေးဘဲတစ်အိမ်ထဲအတူနေခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာရိုဒရီဂွတ်နဲ့ အတူနေတာကြာပြီဖြစ်ပေမယ့် တရားဝင်ထိမ်းမြားလက်ထပ်ထားခြင်းတော့မရှိပါဘူး။ ဆော်ဒီအာရေဗျ နိုင်ငံရဲ့ဒီဥပဒေကြောင့် စီရော်နယ်လ်ဒိုတို့မိသားစုဟာ အတူတကွနေဖို့အခက်အခဲတွေ့နေခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီပြဿနာဟာပြေလည်သွားပြီဖြစ်ပါတယ်။ ဆော်ဒီအာဏာပိုင်တွေဟာ စီရော်နယ်လ်ဒိုအတွက် ဒီဥပဒေကို ချွင်းချက်အဖြစ်သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ သူရဲ့အတူနေချစ်သူ ရိုဒရီဂွတ်အပါအဝင် ကလေးငါးယောက်နဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ အတူတကွနေထိုင်နိုင်ပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်နိုင်ငံတွင်းက ပြည်သူတွေကဒီအချက်ပေါ်ထောက်ပြပြီး ကန့်ကွက်တောင်းဆိုမှုတွေရှိလာနိုင်တာကြောင့် ဆော်ဒီအာရေဗျအစိုးရအနေနဲ့ ဒီဥပဒေကို ပြန်လည်ပြင်ဆင်သွားရဖို့လည်းရှိနေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။