တခြားကမ္ဘာတခုကလို ထင်မှတ်မှားစေနိုင်တဲ့ သဘာဝလွန် ရုပ်ဆင်းသွင်ပြင်ကို ပိုင်ဆိုင်ထားကြတဲ့ တိရစ္ဆာန်များ

အခုတခေါက် ဖော်ပြပေးသွားမယ့် အကြောင်းအရာကတော့ Albino ရောဂါကို ခံစားနေရတဲ့ တိရစ္ဆာန်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ Albino ရောဂါဟာ မွေးရာပါ melanin ချို့တဲ့တဲ့ ရောဂါဖြစ်ပြီး သူ့ရဲ့ အကျိုးသက်ရောက်မှုကတော့ ဆံပင်၊ အသားအရည် ၊ အမွှေးအတောင်တွေ နဲ့ မျက်လုံးတွေကိုပါ အရောင်ကင်းမဲ့စေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Albino ရှိတဲ့ လူ နဲ့ တိရစ္ဆာန်များမှာ သာမန်ထက်ထူးကဲလှတဲ့ ရုပ်ဆင်းသွင်ပြင်ကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

လူတွေအနေနဲ့ နေ့စဥ်မွေးဖွားလာတဲ့ ကလေးအယောက် ၂၀,၀၀၀ မှာ ၁ ယောက် Albino အဖြစ် မွေးဖွားကြတယ်လို့ စစ်တမ်းများက ဖော်ပြထားပါတယ်။ အာဖရိကနိုင်ငံ ဆာဟာရတောင်ပိုင်းဒေသတွေမှာတော့ အခြားနိုင်ငံတွေထက် Albino ဦးရေပိုမိုများပြားပါတယ်။ Albino ခံစားရတဲ့ တိရစ္ဆာန်လေးတွေလည်း ရှိကြသလို တောရိုင်းတိရစ္ဆာန်တွေအနေနဲ့ အဖြူရောင်အသွေးအမွေးကို ပိုင်ဆိုင်ထားခြင်းဟာ အရမ်းကို အန္တရာယ်များလှပါတယ်။ Albino ကြောင့် အခြားကမ္ဘာတခုက ရောက်လာသလို လှပထူးခြားနေတဲ့ တိရစ္ဆာန်လေးတွေအကြောင်းကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ မြင်းဖြူ

အဖြူရောင်အသွေးအမွေးကို ပိုင်ဆိုင်ထားပြီး ထူးခြားလှပတဲ့ မြင်းပဲ ဖြစ်ပါတယ်။ မြင်းအဖြူတွေဟာ များသောအားဖြင့် ပန်းရောင်သန်းနေတဲ့ အသားအရေရှိကြပါတယ်။ သူတို့ရဲ့ မျက်လုံးအရောင်တွေကတော့ အညိုရောင် ၊ အပြာရောင် နဲ့ Hazel ရောင်တွေ ဖြစ်ကြပါတယ်။ Albino မြင်းလို့ အများစုသတ်မှတ်ကြပေမယ့် တကယ်တမ်းမှာတော့ အဖြူရောင်ဖြစ်စေတဲ့ မျိုးရိုးဗီဇက လွှမ်းမိုးသွားတာကြောင့် မြင်းဖြူဖြစ်နေတာ ဖြစ်ပါတယ်။ အဖြူရောင်မြင်းတွေဟာ ရှားပါးတာကြောင့် တန်ဖိုးလည်း ကြီးကြပါတယ်။ shwekhitonlinetv.com

၂။ ဒရယ်ဖြူ

အဖြူရောင် ဒရယ်လေးတွေကတော့ အဖြူရောင်အသားအရည်ရှိပြီး မျက်လုံး ၊ နှာခေါင်း နဲ့ ခွာတွေကတော့ ပန်းရောင်ဖြစ်ကြပါတယ်။ Albino ဒရယ်လေးတွေဟာ ရှားပါးပြီး အကောင်ပေါင်း ၃၀,၀၀၀ မှာမှ ၁ ကောင်လောက်ပဲ ရှိကြပါတယ်။ shwekhitonlinetv.com

၃။ လိပ်အဖြူ

Albino လိပ်လေးတွေဟာ အရမ်းကို ရှားပါးပါတယ်။ ဘယ်လောက်ထိတောင်လဲဆိုရင်တော့ လိပ်အရေအတွက် ၁၀၀,၀၀၀ မှာ ၁ ကောင်လောက်ပဲ ရှိတဲ့အထိ အရမ်းရှားပါးတဲ့ အမျိုးအစားဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ မိကျောင်းဖြူ

South Florida Sun-Sentinel ရဲ့မှတ်တမ်းတွေအရ တကမ္ဘာလုံးမှာ မိကျောင်းဖြူအရေအတွက် ၂၀၀ သာရှိတယ်လို့ ဆိုပါတယ်။ အဖြူနဲ့ ပန်းရောင်သန်းနေတဲ့ အရေပြားကို ပိုင်ဆိုင်ထားတာကြောင့် ဒီမိကျောင်းဖြူတွေဟာ နေရောင်ခြည်ဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါ့အပြင် မိကျောင်းဖြူတွေဟာ တခြားမိကျောင်းတွေလို သဘာဝနဲ့လိုက်လျောညီထွေစွာ ကိုယ်ရောင်မဖျောက်နိုင်ကြပါဘူး။ shwekhitonlinetv.com

၅။ ဇီးကွက်အဖြူ

အဖြူရောင်ရှိတဲ့ ဇီးကွက်တိုင်းကတော့ Albino ခံစားနေရတာ မဟုတ်ကြပါဘူး။ သဘာဝအတိုင်း မွေးဖွားလာတဲ့ ဇီးကွက်အဖြူတွေလည်း ရှိကြပါတယ်။ Albino ခံစားနေရတဲ့ ဇီးကွက်တွေကတော့ ခန္ဓာကိုယ်တခုလုံး စွတ်စွတ်ဖြူကာ ထူးဆန်းတဲ့သွင်ပြင် ရှိကြပါတယ်။ shwekhitonlinetv.com

၆။ ရှဥ့်ဖြူ

အဖြူရောင်ရှဥ့်လေးတွေကတော့ တွေ့မြင်နိုင်ဖို့ ခဲယဥ်းပါတယ်။ ဒါ့ကြောင့် အဖြူရောင်ရှဥ့်တွေကို တွေ့မြင်ခဲ့မယ်ဆိုရင်တော့ ကံကောင်းခြင်းတွေ မကြာခင် ရောက်ရှိလာတော့မယ်လို့ ယုံတမ်းစကားအဖြစ် ပြောဆိုလေ့ရှိကြပါတယ်။ shwekhitonlinetv.com

၇။​ သစ်ကုလားအုတ်ဖြူ

သစ်ကုလားအုတ်အဖြူရောင်တွေဟာ အခြားအကောင်တွေနဲ့မတူ အကွက်တွေပါ ပျောက်တဲ့အထိ တကိုယ်လုံးစွတ်စွတ်ဖြူနေကြပါတယ်။ ဖြူဖွေးလွန်းတဲ့ အခြေအနေတွေကြောင့် အန္တရာယ်လည်း များလွန်းလှပါတယ်။ ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ အလွန်ကိုရှားပါးလွန်းတဲ့ သစ်ကုလားအုတ်အဖြူ နှစ်ကောင်ဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် သဘာဝအတိုင်း မဟုတ်ဘဲ ထူးခြားလှပတဲ့ သစ်ကုလားအုတ်ဖြူတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လိုအပ်ပါတယ်။ shwekhitonlinetv.com

၈။ ကျီးကန်းဖြူ

နက်စွေးနေတဲ့ အရောင်ရှိတဲ့ ကျီးကန်းတွေမှာ Albino ခံစားရတဲ့အခါ ဖြူဖွေးလွန်းတဲ့ အမွှေးအတောင်တွေနဲ့အတူ မျက်လုံးတွေဟာလည်း ပန်းရောင်​ ဒါမှမဟုတ် အနီရောင် ရှိပါတယ်။ အရမ်းကို ရှားပါးလွန်းတဲ့ အကောင်တွေဖြစ်ပြီး လက်ရှိအချိန်ထိ ကျီးကန်းဖြူ အရေအတွက်ဟာ လက်တဖက်စာတောင် မရှိဘူးလို့ ဆိုပါတယ်။ shwekhitonlinetv.com

၉။ မြင်းကျားဖြူ

အဖြူနဲ့ အနက် ရောစပ်ထားတဲ့ အရေပြားကို ပိုင်ဆိုင်ထားတဲ့ မြင်းကျားတွေမှာ Albino ခံစားရတဲ့အခါ အနက်ရောင်ဟာ မှေးမှိန်သွားကြပါတယ်။ လည်ဆံမွှေးနဲ့ အနက်ရောင်အစင်းတွေ အားလုံးဟာ အဖြူရောင်ဖြစ်နေကြပါတယ်။ ရှားပါးလှတဲ့ မြင်းကျားဖြူတွေထဲက တကောင်ကိုတော့ Tanzania နိုင်ငံ အပန်းဖြေဥယျာဥ်ထဲမှာ တွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၁၀။ ဆင်ဖြူ

ဆင်တွေမှာ Albino ခံစားရတဲ့အခါ အရေပြားတွေဟာ အရောင်မှေးမှိန်ဖျော့တော့ သွားကြပါတယ်။ ဖျော့တော့တဲ့ နီညိုရောင် အရေပြားရှိပြီး ရေစိုတဲ့အခါမှာတော့ ပန်းရောင်ဖြစ်သွားကြတယ်လို့ ဆိုပါတယ်။ ခြေချောင်းနဲ့ မျက်တောင်တွေဟာလည်း ဖျော့တော့တဲ့ အရောင်အသွေး ရှိကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။