ဓာတ်ပုံဆိုတာကတော့ အတိတ်သမိုင်းကြောင်းတွေကို ဖော်ပြရာမှာအကောင်းဆုံးသက်သေတစ်ခုပဲဖြစ်ပါတယ်။ အတိတ်ကဘာတွေဖြစ်ပျက်ခဲ့တယ် ဘယ်လိုအမှတ်ရစရာတွေ ဖန်တီးခဲ့တယ်ဆိုတာကို ဓာတ်ပုံတွေကအကောင်းဆုံးလှစ်ဟ ပြသနိုင်ပါတယ်။ ဒီတစ်ခါဖော်ပြပေးမယ့် အတိတ်ကဓာတ်ပုံလေးတွေကရော ရသတွေပေးစွမ်းနိုင်မလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com
၁။ ၁၉၁၉ ခုနှစ်က နာမည်ကျော် ဟာသသရုပ်ဆောင် ချာလီချက်ပလင်နဲ့ ကမ္ဘာကျော် ဆွံ့အနားမကြားစာရေးဆရာမလေး ဟယ်လင်ကေလာတို့ရဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ shwekhitonlinetv.com

။ ဒီဓာတ်ပုံလေးကတော့ (၁၉၄၅) ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးကနေ အိမ်ပြန်လာတဲ့ဖခင်စစ်သားတစ်ဦးနဲ့ သူ့ရဲ့သမီးဖြစ်သူပါ။ shwekhitonlinetv.com

၃။ ဒီဓာတ်ပုံကတော့ (၁၉၆၂) ခုနှစ်က အင်္ဂလန်နိုင်ငံက Camberley Kate ဆိုတဲ့အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့လေလွင့်ခွေးတွေပဲဖြစ်ပါတယ်။ သူမဟာ သူမရဲ့သက်တမ်းတစ်လျောက် လေလွင့်နေတဲ့ခွေးကောင်ရေ (၆၀၀) ထက်မနည်း ပြုစုကျွေးမွေးခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) ကျော်က ဂျပန်စုံတွဲတစ်တွဲရဲ့ Mirror Portrait ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ၁၉၂၅ ခုနှစ်မှာ အရာရှိတစ်ဦးက လမ်းဖြတ်ကူးနေတဲ့ကြောင်သားအမိအတွက် ကားတွေကိုခေတ္တရပ်ဆိုင်းထားခိုင်းတဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ၁၉၂၇ ခုနှစ်က ကားတစ်စီးရဲ့အစိတ်အပိုင်းတွေအကြောင်းကို အသေးစိတ်လေ့လာသင်ကြားနေတဲ့ အထက်တန်းကျောင်းသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ၁၉၀၀ ပြည့်နှစ်လွန်ကာလတွေက လူကြီးလူကောင်းနှစ်ဦးရဲ့ ဝတ်စားဆင်ယင်ပုံ ဖက်ရှင်အနေအထားပါ။ shwekhitonlinetv.com

၈။ ၁၈၉၀ ခုနှစ်တွေက ခရီးဝေးသွားတဲ့ရထားတွေရဲ့ အတွင်းပိုင်းအနေအထားဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဒီပုံကတော့ အီဂျစ်ပြည် ဂီဇာမှ ပိရမစ်မဟာကြီးရဲ့ ထိပ်ဆုံးအပိုင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ၁၈၆၀ နဲ့ ၁၈၈၀ ကြားကာလတွေက ဂျပန်ဆာမူရိုင်းတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁၁။ သူ့ကိုဓာတ်ပုံရိုက်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးတစ်ဦးကို ဒေါသတကြီးတိုက်ခိုက်နေတဲ့ သားပိုက်ကောင်ရဲ့ပုံကတော့ ၁၉၆၀ ပြည့်နှစ်လွန်ကာလတွေက မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ တိုက်တန်းနစ်သင်္ဘောကိုနောက်ဆုံးရိုက်ကူးထားခဲ့တဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ ဒီပုံလေးကတော့ ထူးထူးဆန်းဆန်းပါပဲ လူသားတွေကိုပြန်ပြီးဓာတ်ပုံရိုက်ပေးနေတဲ့ ကြောင်လေးတစ်ကောင်ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ ၁၉၂၅ ခုနှစ် တယ်လီဖုန်းအော်ပရေတာအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရက်ဒ်အင်ဒီးယန်းမလေး ဟယ်လင် ရဲ့ ပုံရိပ်ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၅။ ၁၉၄၉ ပြည့်နှစ်က ဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာ ရေဒီယိုအတူတကွနားဆင်ဖို့စုဝေးနေကြတဲ့ အမျိုးသားတွေဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.