ကမ္ဘာကျော် လုပ်ငန်းတွေရဲ့ လိုဂို တွေကို ဆွဲပေးခဲ့ကြတဲ့သူများ အကြောင်း

လိုဂို တစ်ခုဆိုတာကတော့ မိမိရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်၊ စီးပွားရေးလုပ်ငန်းတစ်ခုကို ဈေးကွက်မှာထိုးဖောက်ဖို့ အတွက်အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ လိုဂိုတစ်ခုကိုကြည့်လိုက်တာနဲ့ ဒါဟာ ဘယ်ကုမ္ပဏီ၊ ဘယ်စီးပွားရေးလုပ်ငန်း ရဲ့ အမှတ်တံဆိပ်ဖြစ်တယ်ဆိုတာကို လူတိုင်းကသိရှိတယ်ဆိုရင်တော့ ဒီလိုဂိုနဲ့ဆက်စပ်တဲ့ လုပ်ငန်းဟာ ကမ္ဘာကျော်တဲ့အထိအောင်မြင်တယ်ဆိုတာ တွေးကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီလိုမျိုး ကမ္ဘာကျော်လုပ်ငန်းကြီးတွေရဲ့ အထင်ကရလိုဂိုတွေကို ရေးဆွဲပေးခဲ့တဲ့သူတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ Milton Glaser – I ❤ NY

Milton Glaser ဟာ အမေရိကန် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ သူရဲ့လူသိများတဲ့ ဒီဇိုင်းများတွေကတော့ Bob Dylan ပိုစတာ၊ Brooklyn Brewery လိုဂိုနှင့် “I ❤ NY” လိုဂိုတို့ ပဲဖြစ်ပါတယ်။ နောက်ပြီးသူဟာ ၂၀၀၉ ခုနှစ်မှာ သမ္မတ Barack Obama ထံကနေ National Medal of the Arts ဆုကို ရရှိခဲ့တဲ့ပထမဆုံး ဂရပ်ဖစ်ဒီဇိုင်နာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Rob Janoff – Apple

Rob ဟာလည်းအမေရိကန် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ သူ့ဘဝတစ်လျောက်မှာ ကော်ပိုရိတ်လိုဂိုတွေ ပုံနှိပ်ကြော်ငြာတွေနဲ့ ရုပ်မြင်သံကြားကြော်ငြာများစွာကို ဒီဇိုင်းရေးဆွဲပေးခဲ့ဖူးပါတယ်။ ဒီအထဲမှာ Apple လိုဂို ဖန်တီးမှုကတော့ လူသိအများဆုံးလို့ဆိုနိုင်ပါတယ်။ Apple လိုဂိုကို ကိုက်ရာလေးထည့်ထားတာကတော့ ချယ်ရီသီးနဲ့ မှားယွင်းမှာစိုးလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Tom Geismar – Mobil

Tom ကတော့ နာမည်ကျော် CGH စတူဒီယိုကိုတွဲဖက်ထူထောင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရေးဆွဲခဲ့တဲ့လိုဂိုတွေထဲမှာတော့ Xerox၊ Chase Manhattan Bank၊ Best Products၊ Gemini Consulting၊ PBS၊ Univision၊ Rockefeller တို့ဟာ ထင်ရှားပါတယ်။ အထူးသဖြင့်ထင်ရှားတာကတော့ “Mobil” ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Tinker Hatfield – Air Jordan

Tinker ကတော့ နာမည်ကျော် Air Jordan အမှတ်တံဆိပ်ရဲ့ Jumpman Air Jordan လိုဂိုကိုရေးဆွဲခဲ့တဲ့သူပဲဖြစ်ပါတယ်။ သူဟာ Air Jordan 3 ကနေ Air Jordan 15 အထိလိုဂိုတွေကို တောက်လျှောက်ရေးဆွဲခဲ့တဲ့သူဖြစ်သလို အခြားနာမည်ကျော် ဖိနပ်တွေရဲ့ အမှတ်တံဆိပ်လိုဂိုတွေကို ဒီဇိုင်းဆွဲပေးခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Paul Rand – IBM

Paul Rand ကတော့ “IBM”၊ UPS၊ Enron၊ Morningstar၊ Inc.၊ Westinghouse၊ ABC နှင့် NeXT စတဲ့ နာမည်ကျော် ကော်ပိုရိတ်လိုဂို ဒီဇိုင်းတွေကိုရေးဆွဲခဲ့တဲ့ အမေရိကန်အနုပညာဒါရိုက်တာနှင့် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ James Modarelli – NASA

James “Jim” Modarelli ကတော့ NASA Glenn Research Center ဖြစ်လာမယ့် ဓာတ်ခွဲခန်းမှာ အနုပညာရှင်-ဒီဇိုင်နာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ “NASA” လိုဂိုကို ရေးဆွဲခဲ့သူဖြစ်ပါတယ်။ လိုဂိုမှာပါဝင်တဲ့ အပြာရောင်စက်လုံးဟာ ဂြိုဟ်တစ်လုံးကို ကိုယ်စားပြုပါတယ်။ ကြယ်တွေက အာကာသကိုကိုယ်စားပြုပြီး အနီရောင် chevron ကတော့ ယာဉ်ပျံသန်းမှုကို ကိုယ်စားပြုတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Frank Mason Robinson – Coca-Cola

ကမ္ဘာကျော် “Coca-Cola” လိုဂိုကိုရေးဆွဲခဲ့တဲ့သူကတော့ အမေရိကန်လူမျိုးဒီဇိုင်နာ Frank Mason Robinson ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလိုဂိုရဲ့ ရှေ့ပြေး Font ဒီဇိုင်းကို ၁၈၈၇ ခုနှစ်ကတည်းကရေးဆွဲခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Carolyn Davidson – Nike

အမေရိကန်နိုင်ငံသူ Carolyn Davidson ကတော့ ကမ္ဘာကျော် “Nike” ကုမ္ပဏီရဲ့ အမှန်ခြစ် လိုဂိုကို ရေးဆွဲပေးခဲ့သူဖြစ်ပါတယ်။ သူမဟာ Nike ကုမ္ပဏီရဲ့ တည်ထောင်သူက ကုမ္ပဏီလိုဂိုရေးဆွဲဖို့တောင်းဆိုခံခဲ့ရချိန်က ကျောင်းသူတစ်ဦးအရွယ်သာရှိသေးတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၉။ Raymond Loewy – Shell

ဗြိတိန်အခြေစိုက် ဓာတ်ငွေ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ “Shell” ရဲ့ လိုဂိုဒီဇိုင်းကို ရေးဆွဲပေးခဲ့တဲ့သူကတော့ ပြင်သစ်လူမျိုး စက်မှုဒီဇိုင်နာ Raymond Loewy ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ အခြားစက်မှုလုပ်ငန်း အတော်များများရဲ့ ဒီဇိုင်းလိုဂိုတွေလည်းရေးဆွဲခဲ့သလို ခေတ်ရှေ့ပြေးတဲ့ ရေနွေးငွေ့သုံးမီးရထား စက်ခေါင်းတွေကိုလည်း ဒီဇိုင်းဆွဲပေးခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၁၀။ Lindon Leader – FedEx

E-Commerce Services Transportation စတဲ့လုပ်ငန်းပေါင်းများစွာကိုလုပ်ကိုင်နေတဲ့ အများပိုင်ကုမ္ပဏီကြီး “FedEx” ရဲ့လိုဂိုကိုရေးဆွဲပေးခဲ့တဲ့သူကတော့ အမေရိကန်လူမျိုး ဂရပ်ဖစ်ဒီဇိုင်နာကြီး Lindon Leader ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။