ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို ကမ္ဘာကျော်စေခဲ့တဲ့ ဒိတ်ဒိတ်ကြဲ မင်းသားကြီးများ

ဂျိမ်းစ်ဘွန်း (007) လို့ဆိုလိုက်တာနဲ့ မသိသူမရှိလောက်အောင်ကို ဒီရုပ်ရှင်ဇာတ်ကောင်ရဲ့ ကျော်ကြားမှုပုံရိပ်က ကြီးမားလှပါတယ်။ မြန်မာနိုင်ငံကရုပ်ရှင်ချစ်ပရိသတ်တွေ အနေနဲ့လည်း ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေကို ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ဒီနေ့အထိ တရားဝင်ရိုက်ကူးထွက်ရှိထားခဲ့တဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကား စုစုပေါင်းဟာ (၂၆) ကားရှိပြီး ဂျိန်းဘွန်းစ်ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကတော့ (၆) ဦးရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီနေ့တင်ဆက်ပေးချင်တာကတော့ ဂျိမ်းစ်ဘွန်း မင်းသားတွေနဲ့ သူတို့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ရှောင်ကွန်နရီ (Sean Connery)

၁၉၆၃ ခုနှစ်မှာ Dr.No ဆိုတဲ့ ဇာတ်ကားနဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ရုပ်ကို ကမ္ဘာကသိအောင် ပီပြင်စွာသရုပ်ဆောင်ပြနိုင်ခဲ့တဲ့ မင်းသားကြီးဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်း ဇာတ်ကားပေါင်း (၇) ကားတိတိပါဝင်သရုပ်ဆောင်ထားပြီး Indiana Jones ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာက မင်းသားကြီး ရှောင်ကွန်နရီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဂျော့ဂျ်လီဇင်ဘီ (George Lazenby)

သြစတြေးလျမင်းသားတစ်ဦးဖြစ်တဲ့ ဂျော့ဂျ် ကတော့ ၁၉၆၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ On Her Majesty’s Service ဆိုတဲ့ ဇာတ်ကား တစ်ကားတည်းမှာသာ ဂျိမ်းစ်ဘွန်းအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေသိပ် အကြိုက်မတွေ့ခဲ့သလို ဒီဇာတ်လမ်းဟာလည်း သိပ်မပေါက်ခဲ့ဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၃။ ရော်ဂျာမိုး (Roger Moore)

ဗြိတိန် အကျော်အမော် မင်းသားတစ်ဦးဖြစ်တဲ့ ရော်ဂျာမိုးကတော့ ရှေ့ကဂျိမ်းစ်ဘွန်း မင်းသားကြီးရှောင်ကွန်နရီရဲ့ခြေရာကို နင်းနိုင်ခဲ့တဲ့သူလို့ ဆိုနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့ကိုလည်း ပရိသတ်တွေနှစ်သက်ခဲ့ကြပြီး ဂျိမ်းစ်ဘွန်းဇာတ်ကား (၇) ကားထိရိုက်ကူးနိုင်ခဲ့ပါတယ်။ သူကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ကင်ဆာရောဂါကြောင့် နေအိမ်မှာပဲ ဆုံးပါးသွားခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ တီမိုသီဒယ်လ်တန် – (Timothy Dalton)

ရှောင်ကွန်နရီ၊ ရော်ဂျာမိုးတို့လောက် လူကြိုက်မများပေမယ့် ဒီဗြိတိန်မင်းသားကြီးက ဂျိမ်းစ်ဘွန်းမင်းသားတွေထဲမှာ ကြေးအကြီးဆုံး မင်းသားတစ်လက်လို့ ဆိုရမယ့်သူဖြစ်ပါတယ်။ သူ့အတွက်ပေးရတဲ့ အနုပညာကြေးကမြင့်မားလွန်းတဲ့ အတွက် EON ရုပ်ရှင်ထုတ်လုပ်ရေးဟာ သူနဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကား (၂) ကားသာရိုက်ကူးပြီး နောက်ထပ်မင်းသားသစ်ရှာခဲ့ကြတယ်လို့ ကောလဟလတွေလဲထွက်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၅။ ပီးယာ့စ်ဘရော့စ်နန် (Pierce Brosnan)

ဒီဘက်ခေတ် လူငယ်တွေ၊ လူလတ်ပိုင်းတွေနဲ့ သိပ်အထွေအထူးမိတ်ဆက်စရာမလိုတဲ့ ဂျိမ်းစ်ွန်းမင်းသားတစ်ဦးကတော့ ပီးယာ့စ်ဘရော့စ်နန် လို့ဆိုရမှာပါ။ သူပါဝင်သရုပ်ဆာင်ထားတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကား (၄) ကားစလုံးက ပေါက်ခဲ့ပြီးတော့ Tomorrow Never Dies နဲ့ Die Another Day ဇာတ်ကားတွေကတော့ အကြီးအကျယ်အောင်မြင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဒန်နီရယ်ခရိတ် (Daniel Craig)

မင်းသားကြီး ဘရော့စ်နန် အလွန်မှာ နောက်ထပ်အသစ်တင်မယ့် ဂျိမ်းစ်ဘွန်း မင်းသားသစ်အတွက် အားလုံးက ရင်ခုန်ခဲ့ကြသလို ရှေ့ကမင်းသားကြီးတွေလောက် ဆွဲဆောင်မှုရှိပါ့မလားလို့လည်း စိုးရိမ်ပူပန်သူတွေရှိခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိ ဂျိမ်းစ်ဘွန်းမင်းသားဖြစ်တဲ့ ဒန်နီရယ်ခရိတ်က ဒီစိုးရိမ်ပူပန်မှုတွေ ပြေပျောက်ပြီး ပရိသတ်တွေ အကြိုက်တွေ့အောင် သူ့ရဲ့ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ Casino Royal မှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူ့အနေနဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကား (၄) ကားထွက်ရှိထားပြီး လာမည့် ၂၀၂၁ မှာလည်း No Time To Die ဆိုတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် ထွက်ရှိဖို့ရှိနေပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ ဂျိစ်းဘွန်း ဇာတ်ကားတွေမှာ အေးဂျင့် (007) အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး မင်းသားတွေပဲဖြစ်ပါတယ်။ သူတို့အပြင် ဂျိမ်းစ်ဘွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Barry Nelson နဲ့ David Niven ဆိုတဲ့ မင်းသားကြီးနှစ်ဦးလည်းရှိခဲ့ပြီး သူတို့ရဲ့ဇာတ်ကားတွေကတော့ ဂျိမ်းဘွန်းစ်ဆိုတဲ့ ဇာတ်ကောင်ကို အဓိကထားရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေမဟုတ်ဘဲ Casino Royale ဆိုတဲ့ စီးရီးဆန်ဆန် ဇာတ်လမ်းတွေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။