နာမည်ကျော် ဆယ်လီတွေနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ ညီအစ်ကိုမောင်နှမများ

လောကမှာ တစ်သွေးတည်းတစ်သားတည်းက မွေးဖွားလာတဲ့ ညီအစ်ကို မောင်နှမတွေဟာ တစ်ဦးနဲ့ တစ်ဦး ရုပ်ချင်းဆင်တူကြတာ သိပ်ပြီးတော့ဆန်းကြယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် အမြွှာပူး မဟုတ်ဘဲ ရုပ်ချင်းချွတ်စွပ်တူတာကတော့ အနည်းငယ်ထူးဆန်းတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ shwekhitonlinetv.com

ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကမ္ဘာကျော်ဆယ်လီတွေရဲ့ အမြွှာပူးမဟုတ်ဘဲ ရုပ်ချင်းချွတ်စွပ်တူတဲ့ မွေးချင်း ညီအစ်ကိုမောင်နှမတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဘယ်သူတွေ ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် … shwekhitonlinetv.com

၁။ Liam Hemsworth and Chris Hemsworth

Marvel ရဲ့ Avengers ဇာတ်ကားတွေထဲက Thor အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworth ကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် သူနဲ့ ရုပ်ချင်းအတော်လေးဆင်တဲ့ ညီဖြစ်သူ Liam Hemsworth ကိုကော သိကြရဲ့လားပရိသတ်ကြီးရေ … Liam က နာမည်ကျော် ဆယ်လီတစ်ဦးဖြစ်တဲ့ Miley Cyrus ရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Chris Evans and Scott Evans

နောက်ထပ် Marvel ရဲ့ ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Captain America ကိုလည်း ပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော် … Captain America တစ်ဖြစ်လဲ Chris Evan မှာလည်း ရုပ်ချင်းဆင်တဲ့ ညီတစ်ဦးရှိနေပါတယ်။ သူ့နာမည်က Scott Evan ဖြစ်ပြီး အများအားဖြင့် Drama ဇာတ်ကားတွေမှာ သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Cameron Diaz and Chimene Diaz

ဒါကတာ့ ပုရိသ ပရိသတ်တွေကို ညှို့အားပြင်းတဲ့ ကိုယ်ခန္ဓာ၊ သရုပ်ဆောင်မှုတွေနဲ့ ညှို့ငင်ဖမ်းစားခဲ့တဲ့ နာမည်ကျော်မင်းသမီး Cameron Diaz နဲ့ရုပ်ချင်း ချွတ်စွပ်တူတဲ့ အစ်မဖြစ်သူ Chimene Diaz တို့ရဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Beyoncé and Solange Knowles

နာမည်ကျော် ပေါ့ပ်အဆိုတော် Beyonce ရဲ့ ညီမ Solange Knowles ဖြစ်ပါတယ်။ သူမကလည်း အထိုက်အလျောက်အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Kate Middleton and Pippa Middleton

ဗြိတိန်တော်ဝင်မင်းသား William ရဲ့ ဇနီးဖြစ်တဲ့ Kate Middleton နဲ့ ညီမဖြစ်သူ Pippa Middleton တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကို အရင်က မကြာခဏမှားတယ်လို့ William က မီဒီယာတွေကို အရွှန်းဖောက်ဖူးပါတယ်။ shwekhitonlinetv.com

၆။ Alex Watson and Emma Watson

လက်ရှိအချိန်မှာ အသက် (၃၀) အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီပေါ်တာ ဇာတ်ကားထဲကမင်းသမီးလေး Emma Watson မှာလည်း ရုပ်ချင်းတူတဲ့ Alex Watson ဆိုတာရှိနေပါတယ်။ သူတို့မောင်နှမ နှစ်ယောက်က တစ်ဦးနဲ့တစ်ဦး အတော်လေးကိုချစ်ကြတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၇။ Dakota Fanning and Elle Fanning

Twilight Saga ထဲက မင်းသမီးတစ်လက်ဖြစ်တဲ့ Dakota Fanning ကလည်း ပရိသတ်အချစ်တော် မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ညီမလေးဖြစ်တဲ့ Elle Fanning ကလည်း သူမလိုပဲ ချစ်စဖွယ်ကောင်းလှပါတယ်။ shwekhitonlinetv.com

၈။ Penelope Cruz and Monica Cruz

Pirates of the Caribbean ဇာတ်ကားထဲက စပိန်မင်းသမီး Penelope Cruz ကိုတော့ ပရိသတ်တွေအနေနဲ့ သိပြီးဖြစ်မှာပါ။ သူမရဲ့ ညီမဖြစ်တဲ့ Monica Cruz ကလည်း သူမခြေရာကိနင်းနိုင်တဲ့ နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်ပါတယ်။ အသက် (၃) နှစ်လောက်ကွာပေမယ့် အတော်များများကတော့ သူတို့နှစ်ဦးကို အမြွှာလို့ထင်လေ့ရှိပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။