လေပြင်းတွေ အမြဲတိုက်ခတ်နေတဲ့ ကမ္ဘာပေါ်က အရပ်ဒေသများ

Shwekhit Online TV ရဲ့စာဖတ်ပရိသတ်တွေအတွက် အခုတစ်ခေါ်မှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေူကတော့ ကမ္ဘာပေါ်မှာလေပြင်းတွေအမြဲတိုက်ခတ်နေတဲ့ မြို့တွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီမြို့တွေဟာ ပုံမှန်ရာသီဥတုမှာတောင်မှ မုန်တိုင်းတစ်ခုတိုက်ချိန်မှာ ရှိတက်တဲ့ လေတိုက်နှုန်းတွေ တိုက်ခတ်တာကို ခံနေရတဲ့ မြို့တွေတဆိုလည်း မမှားပါဘူး။ ဘယ်မြို့တွေဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com

၇။ City of Wind , Baku , Azerbaijan

အဇာဘိုင်ဂျန် (Azerbaijan) နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘာကူ (Baku) မြို့ကိုတော့ City of Wind လို့ လူသိများလှပါတယ်။ ရှေးခေတ်ပါရှန်းလူမျိုးတွေကတော့ “City of Pounding Wind” လို့ခေါ်ဆိုခဲ့ကြပါတယ်။ ဒီမြို့ဟာ နာမည်နဲ့လိုက်အောင်လေတိုက်နှုန်း ပြင်းထန်လှတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ကက်စပီယံပင်လယ် (Caspian Sea) ဘက်ကနေတိုက်ခတ်လာတဲ့ အေးမြတဲ့လေတွေဟာ ကုန်းမြေပေါ်အရောက်မှာတော့ ပူနွေးတဲ့လေထုနဲ့တွေ့ဆုံပြီး လေပြင်းတွေအဖြစ် မြို့ကိုတိုက်ခတ်လျက်ရှိတယ်လို့သိရပါတယ်။ ဒီလေပြင်းတွေတိုက်ခတ်တဲ့နှုန်းက တစ်ခါတရံမှာ တစ်နာရီကို (၃၂) မိုင်နှုန်းလောက်ထိရှိတက်ပါတယ်။ shwekhitonlinetv.com

၆။ Canada’s Windest , Saint John’s Newfoundland

ကနေဒါနိုင်ငံ Newfoundland မှာရှိတဲ့ Saint John’s မြို့လေးကတော့ သာယာလှပပြီး သူ့ရဲ့ ရာသီဥတုအ​ခြေအနေ​ကြောင့် ထင်ရှားကျော်ကြားတဲ့မြို့လေးလဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ လေတိုက်နှုန်းက တစ်နာရီကို (၁၃.၆) မိုင်လောက်ထိရှိပါတယ်။ ဒါပေမယ့် တစ်နာရီ မိုင် (၃၀) ကျော်တိုက်ခက်တဲ့နေ့က ပျမ်းမျှတစ်နှစ်မှာ (၄၈) ရက်လောက်ရှိတာကြောင့် ကနေဒါနိုင်ငံရဲ့ လေတိုက်ခတ်မှုအပြင်းထန်ဆုံးမြို့လို့တင်စားခေါ်ဝေါ်ကြပါတယ်။ shwekhitonlinetv.com

၅။ Tip of the Americas , Punta Arenas , Rio Gallegos

နယူးဇီလန်နိုင်ငံလိုပဲ ပါတာဂိုးနီးယား (Patagonia) ဒေသကလည်း Roaring 40s ရဲ့သက်ရောက်မှုကိုခံရပါတယ်။ ပါတာဂိုးနီးယားဆိုတာကတော့ ချီလီ နဲ့ အာဂျင်တီးနားနိုင်ငံကို ပိုင်းခြားထားတဲ့တောင်ကြောကြီးဖြစ်ပြီး တောင်အမေရိကတိုက်ရဲ့ တောင်ဘက်အကျဆုံးမြို့ ၂ မြို့ဖြစ်နဲ့ ချီလီနိုင်ငံပိုင် Punta Arenas နဲ့ အာဂျင်တီးနားနိုင်ငံပိုင် Rio Gallegos တို့ထိပေါက်ရောက်ပါတယ်။ Roaring 40s Affected ဆိုတာကတော့ လတ္တီတွဒ် ၄၀ ဒီဂရီ နဲ့ ၅၀ ဒီဂရီ ကြားမှာတိုက်ခတ်တဲ့ အလွန်ပြင်းတဲ့ အနောက်ဘက်လေတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဒေသတွေမှာ တစ်နာရီကို မိုင် (၈၀) နှုန်းလောက်လေပြင်းတွေ မကြာခဏတိုက်ခတ်တက်ပါတယ်။shwekhitonlinetv.com

၄။ Windiest Small Town , Dodge City , Kansas

အမေရိကရဲ့ လေပြင်းအတိုက်ခတ်ဆုံးနေရာဒေသတွေက အနောက်အလယ်ပိုင်းမှာ ရှိကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ တတိယမြောက်လူနေအထူထပ်ဆုံးဖြစ်တဲ့ ချီကာဂိုမြို့ကိုတော့ လေထန်တဲ့မြို့လို့လူသိများလှပါတယ်။ ဒါပေမယ့်လည်း အချက်အလက်တွေအရဆိုရင် အမြဲတမ်းလေထန်နေတဲ့ မြို့အဖြစ် ကန်းဆက်(Kansas) ပြည်နယ်က ဒေါ့ဂျ် (Dodge City) ကိုသတ်မှတ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီမြို့မှာက ပုံမှန်လေတိုက်နှုန်းက တစ်နာရီ (၁၄) မိုင်နှုန်းရှိတဲ့အပြင် အားကောင်းတဲ့ လေဆင်နှာမောင်းတွေလည်း မကြာခဏဖြစ်ပေါ်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Weeks-Long Blizzards , Antartica

အန္တာတိကတိုက်ကိုတော့ သိပ္ပံပညာရှင်များ၊ ပင်ဂွင်းများ၊ လေပြင်းများရဲ့ အိမ်လို့တင်စားခေါ်ဝေါ်ကြပါတယ်။ ကြမ်းတမ်းလွန်းတဲ့ဝင်ရိုးစွန်းရာသီဥတုကြောင့် လေတိုက်နှုန်းကို အတိအကျတိုင်းတာဖို့လည်း ခက်ခဲတယ်လို့သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရှင်တွေရဲ့ လေတိုက်နှုန်းကိုတိုင်းတာတဲ့ ကိရိယာတော်တော်များများက ရေခဲပြီးပုံမှန်အလုပ်လုပ်နိုင်ခြင်းမရှိလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနီဆန်အငူ (Cape Denison) မှာတော့အောင်မြင်တဲ့ တိုင်းတာမှုတစ်ခုကိုပြုလုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနေရာရဲ့ လေတိုက်နှုန်းက ပျမ်းမျှတစ်နာရီကို (၃၉) မိုင်အထက်မှာရှိတယ်လို့ ကိရိယာတွေကဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com

၂။ Windiest peak in the U.S, Mt.Washington N.H.

ပေ (၆၀၀၀) ကျော်မြင့်မာတဲ့ ဝါရှင်တန်တောင် (Mount Washington) ရဲ့ ဟမ့်ရှိုင်းယားတောင်ထိပ် (Hampshire Peak) မှာတော့ ၁၉၃၄ ခုနှစ်က စံချိန်တင်လေတိုက်ခတ်မှုတစ်ရပ်ကို တိုင်းတာရရှိခဲ့ပါတယ်။ အဲ့ဒီစံချိန်ကတော့ တစ်နာရီကို လေတိုက်နှုန်း (၂၃၁) မိုင်ပဲဖြစ်ပါတယ်။ သာမန်အချိန်တွေမှာတော့ ပျမ်းမျှလေတိုက်နှုန်းက တစ်နာရီ (၃၂) မိုင်ဝန်းကျင်ရှိပြီး တစ်ခါတစ်ရံ (၇၅) မိုင်နှုန်းလောက်ထိတိုက်ခတ်တက်ပါတယ်။ shwekhitonlinetv.com

၁။ Windiest of all , Wellington , New Zealand

Roaring 40s ရဲ့သက်ရောက်မှုနဲ့အတူ ကမ္ဘာပေါ်မှာ လေအထန်ဆုံးမြို့အဖြစ်သတ်မှတ်ခံထားရတာကတော့ နယူးဇီလန်နိုင်ငံ ရဲ့ ဝယ်လင်တန် မြို့ပဲဖြစ်ပါတယ်။ ပုံမှန် တစ်နာရီကို (၁၆.၆) မိုင်နှုန်းတိုက်ခတ်တဲ့လေဟာ မကြာခဏဆိုသလို လေပြင်းတွေအဖြစ်ပြောင်းလဲတိုက်ခတ်တက်တဲ့ နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ ပုံမှန်ရာသီဥတုအခြေအနေမှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့လေတိုက်နှုန်းတော့ တစ်နာရီကို မိုင် (၁၆၀) နှုန်းဖြစ်ပါတယ်။ ဒီလေတိုက်နှုန်းကိုတော့ နယူးဇီလန်နိုင်ငံသားတွေက အကောင်းဆုံးအသုံးချလျက်ရှိပါတယ်။ ဥပမာ ပြောရရင် လေစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အားထုတ်ယူတာမျိုး၊ မြို့ရဲ့လေထုကို သန့်စင်စေတာမျိုး တွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။