နိုင်ငံတကာ ပြတိုက်တွေမှာ ပြသထားကြတဲ့ ထူးထူးခြားခြား ရှေးဟောင်း ပစ္စည်းများ

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ နိုင်ငံတကာ က ပြတိုက်တွေမှာ ပြသထားတဲ့ ထူးထူးခြားခြား ရှေးဟောင်းပစ္စည်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လို ရှေးဟောင်းပစ္စည်းတွေ ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁ ။ ရှေးဟောင်း ရောမ အရုပ်ကလေး

အခုမြင်နေရတဲ့ အရုပ်ကလေးကတော့ ရှေးဟောင်း ရောမ ခေတ်က အရုပ်ကလေး တစ်ရုပ်ပဲ ဖြစ်ပါတယ် ။ ဒီအရုပ်လေးဟာဆိုရင်တော့ ဆင်စွယ်နဲ့ လုပ်ထား ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ( ၁၈၀၀ ) ခန့်ရှိပြီလို့ ပညာရှင်တွေက ခန့်မှန်ထားကြပါတယ် ။ သက်တမ်းက ရှေးကျလွန်းတာကြောင့် တန်ဖိုးကြီးမားတဲ့ အရုပ်ကလေးလို့ ဆိုရင်လည်း မမှားပါဘူး ။ shwekhitonlinetv.com

၂ ။ နှစ် ထောင်ချီ သက်တမ်း ရှိတဲ့ ပေါင်မုန့်

ဒီပေါင်မုန့်ကိုတော့ ရှေးဟောင်းခေတ် တုန်းက မြို့တစ်မြို့ ဖြစ်တဲ့ Herculaneum မှာ 79 CE အချိန်လောက်တုန်းက ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် အဲ့ဒီ ခေတ်အခါတုန်းက ထိုအရပ်မှာ ဗက်ဆူဗီယပ်စ်မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒီပေါင်မုန့်လေးဟာ ပြာမှုန့်တွေ အောက်မှာ နစ်မြုပ်နေခဲ့တာပဲ ဖြစ်ပါတယ် ။ ၁၉၃၀ ခုနှစ်အရောက်မှာတော့ ဘူမိဗေဒ ပညာရှင်တွေဟာ ဒီပေါင်မုန့်လေးကို ရှာတွေ့ခဲ့တာဖြစ်ပြီး သက်တမ်း အားဖြင့် နှစ်ပေါင်း ( ၁၉၄၀ ) ခန့် ရှိပြီလို့ သိရပါတယ် ။ shwekhitonlinetv.com

၃ ။ ( ၁၇ ) ရာစုနှစ်တုန်းက ဝတ်ခဲ့ကြတဲ့ Mask

အခုမြင်နေရတဲ့ Mask ကတော့ ( ၁၇ ) ရာစုနှစ်တုန်းက ကမ္ဘာတစ်ဝှမ်းမှာ ပလိပ်ကပ်ရောဂါ ဖြစ်ပွားစဉ် ဝတ်ခဲ့ကြတဲ့ ‌Mask ပုံစံပဲ ဖြစ်ပါတယ် ။ သူ့ခေတ် သူ့အခါတုန်းက ရောဂါ ကို မကူးစက်အောင် ပုံစံထုတ်ပေးထားတဲ့ လက်ရာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ ဘုရင် ရဲ့ စစ်ဝတ်စုံ

ဒါကတော့ ရိုမန်အင်ပါယာ ကာလတွေတုန်းက ဘုရင်တစ်ပါး ဖြစ်တဲ့ Ferdinand II ဝတ်ဆင်ခဲ့သော စစ် ဝတ်စုံပဲ ဖြစ်ပါတယ် ။ ဒီ ဝတ်စုံကိုတော့ ( ၁၆၀၀ ) ခုနှစ်တုန်းက အီတလီနိုင်ငံ မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကြည့်လိုက်တာနဲ့ အတော်ကို လေးလံမယ်ဆိုတာ သိသာလှပြီး လက်ရာတွေကလည်း တစ်ကယ့်ကို အနုစိတ် လှပါတယ် ။ shwekhitonlinetv.com

၅ ။ နှစ်ပေါင်း ( ၂၀၀၀ ) သက်တမ်း ရှိတဲ့ မိတ်ကပ်ဘူး

ဒီမိတ်ကပ်ကတော့ ရိုမန် အင်ပါယာခေတ်မှာ အမျိုးသမီးတွေ အသုံးပြုခဲ့တဲ့ မိတ်ကပ်ဘူး ပဲ ဖြစ်ပါတယ် ။ ၂၀၀၃ ခုနှစ် လောက်က ပညာရှင်တွေဟာ ရှေးဟောင်း ရိုမန်ဘုရားကျောင်း အနားမှာ ရှာတွေ့ခဲ့တာပါ ။ ဒီမိတ်ကပ်ဘူး အနီးကပ် သေချာကြည့်မယ်ဆိုရင် အဖြူရောင် cream ပေါ်မှာ လက်ရာလေးတွေ ထင်နေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ် ။ အဲ့ဒီခေတ်အခါတုန်းက မိတ်ကပ်တွေကို တိရစ္ဆာန် အဆီအပြင် သံဖြူအောက်ဆိုက် ဓာတ်နဲ့ ရောပြီး ထုတ်လုပ်ကြတာပါ ။ shwekhitonlinetv.com

၆ ။ ရေသူမရုပ်တု

တစ်ကယ်တော့ ဒီရုပ်တုဟာ အစစ် မဟုတ်ပါဘူး ။ ဖြစ်ပုံကတော့ ဒိန်းမတ်နိုင်ငံ ၊ ကိုပင်ဟေဂင်မြို့က အမျိုးသားပြတိုက်တစ်ခုက ဝန်ထမ်းတွေရဲ့ လက်ရာ တစ်ခုပဲ ဖြစ်ပါတယ် ။ သူတို့တွေဟာ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေကို အပျော်အနေနဲ့ ဖန်တီးထားကြတာပါ ။ ဒီရုပ်တုကိုတော့ လူရဲ့ အရိုးစု အပြင် ဓားရှည် နှုတ်သီးရှိတဲ့ ငါး အရိုးစုတွေ နဲ့ ပေါင်းစပ်ပြီး လုပ်ထားတာပါတဲ့ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နိုင်ငံတကာ က ပြတိုက်တွေမှာ ပြသထားတဲ့ ထူးထူးခြားခြား ရှေးဟောင်း ပစ္စည်းတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။