သမိုင်းတစ်လျောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင် (၁၀) ကား

ရုပ်ရှင်သမိုင်းတစ်ကြောင်းတစ်လျောက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ ဝင်ငွေတွေသောက်သောက်လဲရရှိခဲ့ပြီး အမြတ်အစွန်းများခဲ့တဲ့ ရုပ်ရှင်ကားတွေကအများအပြားရှိပါတယ်။ အဲ့ဒီထဲကမှ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက်နေ့အထိ ဝင်ငွေအကောင်းဆုံးအဖြစ်ထိပ်ဆုံးကရပ်တည်နေတဲ့ ဇာတ်ကား (၁၀) ကားကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁ဝ။ Furious 7 – $ 1,516,045,911

၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ Furious 7 ရုပ်ရှင်ဇာတ်ကားကတော့ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ (1,516,045,911) ရရှိထားပြီး ဒီစာရင်းရဲ့ အဆင့် (၁၀) နေရာမှာရပ်တည်လျက်ရှိပါတယ်။ shwekhitonlinetv.com

၉။ The Avengers – $ 1,518,812,988

Marvel ရဲ့ Avengers စီးရီးအစဖြစ်တဲ့ The Avengers ဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်မှာ စတင်ရုံသွင်းပြသခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ (1,518,812,988) အထိရရှိခဲ့လို့ ဒီစာရင်းရဲ့ အဆင့် (၉) နေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ The Lion King – $ 1,656,943,394

၂၀၁၉ ခုနှစ်က ရိုက်ကူးပြီးစီးခဲ့ပြီး ရုံတင်ပြသခဲ့တဲ့ The Lion King ဇာတ်ကားကလည်းထင်မှတ်မထားလောက်အောင်ဝင်ငွေကောင်းခဲ့ပါတယ်။ နောက်ဆုံးရရှိတဲ့စာရင်းတွေအရ The Lion King ဇာတ်ကားရဲ့ဝင်ငွေက အမေရိကန်ဒေါ်လာ (1,656,943,394) ထိတောင်ရှိခဲ့ပါတယ်။ shwekhitonlinetv.com

၇။ Jurassic World – $ 1,671,537,444

၂၀၁၅ ခုနှစ်ကပဲ ရုံတင်ပြသခဲ့တဲ့ Jurrasic World ဇာတ်ကားကတော့ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ (1,671,537,444) နဲ့ ဒီစာရင်းရဲ့ အဆင့် (၇) မှာရပ်တည်နေပါတယ်။ shwekhitonlinetv.com

၆။ Spider-Man : No Way Home – $ 1,901,232,550

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ စတင်ပြီးရုံတင်ပြသခဲ့တဲ့ Spider-Man : No Way Home ဇာတ်ကားကတော့ အချိန်တိုအတွင်းမှာဝင်ငွေအတော်လေးကောင်းခဲ့တယ်လို့ဆိုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိတော့ ဒီဇာတ်ကားရဲ့ဝင်ငွေက အမေရိကန်ဒေါ်လာ (1,901,232,550) ရှိခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Avengers : Infinity War – $ 2,048,359,754

နာမည်ကျော် Avengers ဇာတ်ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Infinity War ကလည်းဝင်ငွေသောက်သောက်လဲ ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ (2,048,359,754) ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၄။ Star War : The Force Awakens – $ 2,068,222,624

Star War ဇာတ်လမ်းတွေထဲက The Force Awakens ကလည်းဝင်ငွေကောင်းလွန်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၅ ခုနှစ်မှာရုံတင်ပြသခဲ့ပြီး အမေရိကန်ဒေါ်လာ (2,068,222,624) ထိဝင်ငွေရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၃။ Titanic – $ 2,187,535,296

လွန်ခဲ့တဲ့ (၂၅) နှစ်လောက်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဆိုပေမယ့်လည်း Titanic ဇာတ်ကားဟာ ဒီကနေ့တိုင်အကြိမ်ကြိမ်ပြန်ကြည့်လည်းမရိုးနိုင်တဲ့ ဂန္တဝင်မြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်ကားစာရင်းမှာ ခေတ်မီတိုးတက်တဲ့ ဒီဘက်ခေတ်ရုပ်ရှင်လောကရဲ့ ဇာတ်ကားတွေနဲ့ ရင်ဘောင်တန်းနိုင်တာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာစတင်ရုံသွင်းပြသခဲ့တဲ့ Titanic ဇာတ်ကားရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (2,187,535,296) ရှိပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Avengers : Endgame – $ 2,797,501,328

နောက်ဆုံးထွက်ရှိထားတဲ့ Avengers : Endgame ဇာတ်ကားကတော့ ရှေ့ကထွက်ရှိထားတဲ့ Avengers ဇာတ်ကားတွေကို ဝင်ငွေမှာအပြတ်အသတ်ကျော်တက်သွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Avengers : Endgame ဇာတ်ကားရဲ့ စုစုပေါင်းဝင်ငွေက အမေရိကန်ဒေါ်လာ (2,797,501,328) အထိရှိပါတယ်။ shwekhitonlinetv.com

၁။ Avatar – $ 2,847,397,339

၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avatar ဇာတ်ကားကတော့ ကမ္ဘာကျော်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်သမိုင်းမှာတစ်ခါမှ မကြားဖူးတဲ့ ဝင်ငွေပမာဏကိုရရှိပြီး စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (2,847,397,339) ဖြစ်ပါတယ်။  shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။