အခေါင်းသွင်း မြုပ်နှံပြီးမှ ပြန်လည်ရှင်သန်ခဲ့သူများ

သေဆုံးပြီအထင်နဲ့ အခေါင်းသွင်း သဂြိုဟ်ဟ်ဖို့ပြင်ဆင်ပြီးမှ ရုတ်တရက် အသက်ပြန်ရှင်လာတာမျိုးကို ရုပ်ရှင်ဇာတ်ကားတွေ သည်ထိတ်ရင်ဖို ဝတ္ထုဇာတ်လမ်းမျိုးတွေမှာ မြင်ဖူး၊ ကြားဖူးကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် တစ်ကယ့်အပြင်မှာလည်း ဒီလိုအဖြစ်အပျက်တွေက တစ်ကယ်ရှိခဲ့ပါတယ်။ ဒီထဲကမှ ထင်ရှားတဲ့သူတစ်ချို့ကိုဖော်ပြရမယ်ဆိုရင်တော့ …..

၁။ Mrs. Blunden

ဟမ့်ပ်ရှိုင်းယားမှာ နေထိုင်နဲ့ Mrs.Blunden ကတော့ သေဆုံးပြီအထင်နဲ့ အခေါင်းသွင်းပြီးကာမှ နှစ်ကြိမ်တိုင်တိုင်ပြန်လည် နိုးထ အသက်ရှင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ ၁၆၇၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် Mrs.Blunden ဟာ နေမကောင်းဖြစ်တာကြောင့် ဘိန်းရည်ကို သောက်ခဲ့ပြီးအချိန်ကြာမြင့်စွာ အိပ်မောကျခဲ့ပါတယ်။ ဒီအတောအတွင်းမှာ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်ပြီး အသက်လည်း မရှူတော့တဲ့အပြင် နှလုံးနှင့်သွေးခုန်ခြင်းပါ ရပ်ဆိုင်းနေခဲ့တာကြောင့် အားလုံးက သေဆုံးပြီဆိုပြီးယူဆခဲ့ကြပါတယ်။ shwekhitonlinetv.com

သူမကိုအခေါင်းသွင်းမြုပ်နှံပြီးသိပ်မကြာခင်မှာပဲ သင်္ချိုင်းအနီးမှာ ဆော့ကစားနေတဲ့ ကလေးတွေက Mrs.Blunden ကို မြှုပ်နှံထားတဲ့နေရာမှ အသံတွေကြားရတယ်လို့ ဆိုတာကြောင့် အလောင်းကို ပြန်လည် တူးဖော်ခဲ့ရာ အခေါင်းတွင်းမှ ဒဏ်ရာများနဲ့ Mrs.Blunden ကိုမြင်တွေ့ခဲ့ကြရပါတယ်။ shwekhitonlinetv.com

သူမအနေနဲ့ အခေါင်းအတွင်းက ပြန်လည်နိုးလာချိန်မှာ လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့တာကြောင့်တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ကုတ်ခြစ်ရာတွေပြည့်နေတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာအသက်ရှင်နေတဲ့ လက္ခဏာ တစ်စုံတစ်ရာကို မတွေ့တာကြောင့် ခဏတာသတိပြန်ဝင်ပြီး ပြန်လည် သေဆုံးသွားပြီလို့ ယူဆကာ ထပ်မံ မြှုပ်နှံခဲ့ကြပြန်ပါတယ်။ နောက်ရက်မှာတော့ သေမှုသေခင်းစစ်ဆေးသူအရာရှိတစ်ယောက်က အလောင်းကို စစ်ဆေးဖို့အတွက် ပြန်လည်တူးဖော်ခဲ့ရာမှာ ဒဏ်ရာအသစ်တွေနဲဲ့ Mrs.Blunden ကိုမြင်တွေ့ခဲ့ရပါတယ်။ ကံဆိုးစွာနဲ့ အခေါင်းသွင်းပြီးမှ သတိပြန်လည်လည်နေတဲ့ Mrs.Blunden ကို ဒီတစ်ခါအခေါင်းမသွင်းသေးဘဲ စောင့်ကြည့်ဖို့ အစောင့်တစ်ယောက်ကို အရာရှိကထားခဲ့ပါတယ်။ ဒီအစောင့်က Mrs.Blunden ဟာနောက်ထပ်သတိပြန်မလည်ဘဲ သေဆုံးသွားပြီလို့ အစီရင်ခံခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Mrs.Blunden ကတော့ အခေါင်းသွင်းပြီးမှ နှစ်ကြိမ်တိုင် အသက်ပြန်ရှင်ခဲ့တဲ့ ထူးခြားတဲ့သူတစ်ယောက်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ shwekhitonlinetv.com

၂။ Unnamed Girl

၁၈၅၀ ပြည့်နှစ်က တောင်ကာရိုလိုင်းနားပြည်နယ်ရှိ အက်ဒစ်စတိုကျွန်းမှာ မိန်းကလေးတစ်ဦးဟာ ဆုံဆို့နာ (Diphtheria) ဖြင့် ကွယ်လွန်ခဲ့ပါတယ်။တာဝန်ရှိသူတွေက ရောဂါပိုးများ ပြန့်ပွားခြင်းမရှိစေဖို့အတွက် အလောင်းကို အချိန်မဆိုင်းပဲ သဂြိုဟ်ရန် စီစဉ်ခဲ့ကြကာ မိသားစု ဂူဗိမာန်အတွင်းမှာ မြှုပ်နှံခဲ့ပါတယ်။ နောင်နှစ်အတော်ကြာတဲ့ အချိန်မှာတော့ ပြည်တွင်းစစ်ပွဲမှာ သေဆုံးခဲ့တဲ့မိသားစု၀င်ရဲ့ သားဖြစ်သူရုပ်အလောင်းကို မြှုပ်နှံရန် ဂူဗိမာန်ကို ဖွင့်လှစ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီအချိန်မှာပဲ ဂူဗိမာန်ရဲ့ တံခါးနောက်မှာ အမျိးသမီးငယ်ရဲ့ အရိုးစုကို တွေ့ရှိခဲ့ရပါတယ်။ ဒီဂူဗိမာန်အအတွင်းမြှုပ်နှံ ခံခဲ့ရတဲ့ မိန်းကလေးငယ်ဟာ မသေဘဲ အခေါင်းတွင်းမှ နိုးထလာခဲ့ကာ ဗိမာန်အပြင်ထွက်ဖို့ ကြိုးပမ်းခဲ့ပုံပါပဲ။ shwekhitonlinetv.com

၃။ Margaret Maggie Dickson

Marharet Maggie Dickson လို့အမည်ရတဲ့ အမအမျိုးသမီးတစ်ဦးဟာ ပဋိသန္ဓေကို ဖုံးကွယ်မှုနဲ့ ၁၇၂၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ကြိုးပေးစီရင်ခြင်းခံခဲ့ရပါတယ်။ အီဒင်ဘာ့ခ် မြို့မှာ နေထိုင်တဲ့ မာဂရက်ဟာ ခင်ပွန်းဖြစ်သူနှင့် အိမ်ထောင်ကွဲပြီးနောက် စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း ဆိုင်ပိုင်ရှင်ရဲ့သားနှင့် ချစ်ကျွမ်း၀င်ခဲ့တာဖြစ်ပါတယ်။ သူ့မှာ တကိုယ်၀န်ရှိလာချိန်မှာတော့ အလုပ်ပြုတ်မှာ စိုးတာကြောင့် မည်သူ့ကိုမှ မပြောဘဲ ကလေးကို လျို့ဝှက်စွာ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ်လ ကံဆိုးရှာတဲ့ ကလေးက ရက်အနည်းငယ်အတွင်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ shwekhitonlinetv.com

ကိုယ်၀န်ရှိကြောင်း ထိန်ချန်ထားတဲ့ မာဂရက်ဟာကလေးအလောင်းကို တရား၀င်မြှုပ်နှံခြင်း မပြုလုပ်နိုင်ခဲ့ပဲ မြစ်အတွင်းသို့ စွန့်ပစ်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ ကလေးအလောင်းကို မြစ်ကမ်းဘေးမှာတွေ့ရှိခဲ့ပြီး ခြေရာခံလိုက်လံ စုံစမ်းခဲ့ရာကနေခဲ့ရာမှ မာဂရက်ကို ဖမ်းမိခဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ မာဂရက်ကို ကြိုးစင်တင်ပြီးနောက်အလောင်းကို အခေါင်းတွင်းထည့်ကာ (၁၀) ကီလိုမီတာဝေးတဲ့ သချိုင်းကိုးပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းခုလတ်မှာပဲ မာဂရက်ဟာအခေါင်းထဲကနေ ထလာခဲ့ပါတယ်။ မာဂရက် ပြန်လည်ရှင်သန်လာခြင်းကို ဘုရားသခင်ရဲ့ အလိုတော်လို့ အားလုံးက ယူဆခဲ့တာကြောင့် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။ shwekhitonlinetv.com

၄။ Eleanor Markham

အမေရိကန်နိုင်ငံ၊ နယူးယောက်၊စပရာကာကျေးရွာလေးမှာ ၁၈၉၄ ခုနှစ်က Eleanor Markham ဆိုတဲ့ အမျိုးသမီးတစ်ဦး ကွယ်လွန်ခဲ့ပါတယ်။ သေဆုံးပြီး နောက်နှစ်ရက် အကြာမှာတော့ သူ့ကို မြှုပ်နှံဖို့အတွက် အခေါင်းသွင်းခဲ့ပါတယ်။ shwekhitonlinetv.com
သူမရဲ့အခေါင်းကို တင်တောင်လာတဲ့ယဥ်ဟာ သုသာန်သို့သွားရောက်နေစဉ်မှာပဲ အခေါင်းထဲမှ Eleanor ဟာရုတ်တရက်နိုးထလာပြီး အော်ဟစ်ခဲ့ပါတယ်။ အခေါင်းကို ဖွင့်ပေးလိုက်ချိန်မှာတော့ Eleanor ဟာ သူ့ကို မသေဘဲ အမြှုပ်ခံရမယ့်အရေးကိုတွေးကာ အတော်လေးတုန်လှုပ်ခဲ့ပါတယ်။ နောက်ပြီး Eleanor က သူမအနေနဲ့ မေ့မျောနေသော်လည်း အသုဘပြင်ဆင်နေမှုများကို သိရှိနေပြီး တီးတိုး ပြောသံမှ အစ အရာအားလုံးကို ကြားနေခဲ့ကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Unnamed Three-Year-Old Boy

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Butte မှာတော့ ၁၉၁၃ ခုနှစ် ဧပြီလ ၂၅ ရက်က အသက်သုံးနှစ်အရွယ် ကလေးတစ်ဦး အခေါင်းတွင်းမှ ထထိုင်ခဲ့တဲ့ဖြစ်ရပ် ဟာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ ကလေးဟာ အခေါင်းမှထလာပြီး အသက် (၈၁) နှစ်အရွယ်ရှိသည့် အဘွား Mrs.L.Smith ကို စူးစူးစိုက်စိုက်ကြည့်ခဲ့ရာ အဘွားအိုဟာ ထိတ်လန့်ပြီး သေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကလေးငယ်ကိုယ်တိုင်လည်း သတိလစ်ပြီး အခေါင်းအတွင်းသို့ ပြန်လည် လဲကျသွားခဲ့ပါတယ်။ ဆရာ၀န်တစ်ဦးက ကလေးငယ် အမှန်တကယ်သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ shwekhitonlinetv.com

တိုက်ဆိုင်တယ်လို့ဆိုရမလားပဲ။ ဒီလိုအလားတူ အဖြစ်အပျက်တစ်ခုဟာ ၂၀၁၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နှစ်နှစ်အရွယ် Kelvin Santos ဟာ အခေါင်းတွင်ထည့်သွင်း၍ မြှုပ်နှံခါနီးအချိန်မှာအခေါင်းထဲကထကာ ဖခင်ဖြစ်သူထံမှ ရေတောင်းခဲ့ပြီး အခေါင်းအတွင်း သို့ ပြန်လည် လဲကျသွားခဲ့ပါတယ်။ ဒါပေမယ် ကယ်လ်ဗင်ဟာ လုံး၀ ပြန်မထတော့ဘဲ အမှန်ပင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်