ဗြိတိန်ဘုရင်မကြီး သူမ ပိုက်ဆံအိတ်ကို သွားလေရာ ယူဆောင်သွားရတဲ့ အကြောင်းအရင်း

အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီးအဲလစ်ဇဘက် (၂) ကိုတော့ ရွှေခေတ်ပရိသတ်တွေအနေနဲ့သိရှိပြီးဖြစ်မယ်လို့ထင်ပါတယ်။ သူမကိုသတိထားပြီးကြည့်မယ်ဆိုရငိ အမြဲတမ်းလက်ကိုင်အိတ်ကလေး တစ်ခုကို သွားလေရာမှာ ယူဆောင်တတ်တာကို တွေ့မြင်ရပါလိမ့်မယ်။ သူမ ဘာလို့ အဲ့ဒီပိုက်ဆံအိတ်ကလေးကို သွားလေရာအမြဲယူဆောင်သွားသလဲဆိုတာ ပရိသတ်ကြီးအနေနဲ့ စဉ်းစားဖူးပါသလား ? shwekhitonlinetv.com

တော်ဝင်မိသားစုရဲ့ အတ္ထုပတ္တိကိုရေးသားခဲ့တဲ့ Sally Bedell Smith ရဲ့ဖော်ပြချက်မှာတော့ ဒီအိတ်ကလေးထဲမှာ ပါဝင်တဲ့ပစ္စည်းတွေက မှန်၊ နှုတ်ခမ်းနီ၊ ဘောပင်၊ ပူရှိန်းတွေနဲ့ နှင့်သူမရဲ့ စာကြည့်မျက်မှန်တွေ ပါဝင်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

ဒီလို ရိုးရှင်းတဲ့အချက်တွေကြောင့်ပဲ ဒီအိတ်ကလေးကို သူမအနေနဲ့ သွားလေရာအမြဲယူဆောင်သွားတယ်လို့ ထင်ရင်တော့ သင့်ယူဆချက်ဟာ မှားယွင်းသွားပါလိမ့်မယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ အဲလိဇဘတ်ဘရင်မကြီးနဲ့ သူမပိုက်ဆံအိတ်လေးတို့ရဲ့ လျှို့ဝှက်ချက်လေးတွေအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ shwekhitonlinetv.com

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သူမဟာ တစ်စုံတစ်ယောက်နဲ့ စကားပြောနေစဉ်မှာ သူမရဲ့ပိုက်ဆံအိတ်ကို လက်တစ်ဖက်မှတစ်ဖက်သို့ရွှေ့လိုက်တယ်ဆိုရင် သူမဟာ ဒီဆွေးနွေးညှိနှိုင်းမှုကို အဆုံးသတ်ချင်ပြီ ဖြစ်ကြောင်း အသိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုပြုမူရာမှာ သူမအနေနဲ့ အရမ်းကြီးသိသာလွန်းအောင်ပြုမူ တာမဟုတ်ဘဲ စကားပြောနေရင်းအမှတ်မထင် ညင်ညင်သာသာပြုလုပ်တာမျိုးဖြစ်လို့ သူမနားမှာ အမြဲတစေ နီးနီးကပ်ကပ်နေတဲ့ တာဝန်ရှိသူတွေကသာ သူမရဲ့ ဟန်ပန်အမူအရာနဲ့ အချက်ပြတာကိုသိနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပြီး ညစာစားပွဲလို အခြေအနေမျိုးမှာ ဘုရင်မကြီးဟာ သူမရဲ့ပိုက်ဆံအိတ်ကို ညစာ စားပွဲမှာတင်လိုက်ပြီဆိုရင်တော့ သူမအနေနဲ့ ညစာစားပွဲကို နောက် (၅) မိနစ်အတွင်းမှာပြီးဆုံးစေချင်တယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုမဟုတ်ဘဲ သူမရဲ့ပိုက်ဆံအိတ်ကို ကြမ်းပြင်ပေါ်ချလိုက်ပြီဆိုရင်တော့ လက်ရှိသူမနဲ့ ညစာသုံးဆောင်နေသူရဲ့ စကားပြောဆိုမှုကိုသူမအနေနဲ့ နှစ်သက်ကြောင်း၊ အဆိုပါမိတ်ဆွေကို လက်ဆောင်တစ်ခုခု ပေးလိုကြောင်း အချက်ပြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ထပ်သူမအချက်ပြတက်တဲ့ အပြုအမူတစ်ခုကတော့ သူမလက်မှာဝတ်ဆင်ထားတဲ့ လက်စွပ်ကို လှည့်တာ၊ ပွတ်တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သူမအနေနဲ့ လက်ရှိခြေအနေမှာ လုံခြုံရေးအတွက် အန္တရာယ်ရှိနေပြီ လို့ဆိုလိုချင်တာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။