ခြေစွမ်းခြေစမသေးတဲ့ ကမ္ဘာ့အရပ်အပုဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ

ဘောလုံးဝါသနာရှင် ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်မှာတော့ ကမ္ဘာ့အရပ်အပုဆုံးပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ သူတို့တွေထဲက အချို့ကစားသမားတွေကတော့ အရပ်ပုပေမယ့် အန္တရာယ်အရှိဆုံးကစားသမားအဖြစ် ကျော်ကြားခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Marcin Garuch

အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Marcin Garuch ကတော့ ပိုလန်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အရပ်အမြင့်ကတော့ (၅) ပေခန့်သာရှိတာဖြစ်ပြီးကမ္ဘာ့အရပ်အပုဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ထားတဲ့သူလည်းဖြစ်ပါတယ်။ အရပ်ပုပေမယ့် ကစားခဲ့တဲ့အသင်းတိုင်းမှာ အဓိကကစားသမားဖြစ်ခဲ့ပြီး ပွဲပေါင်း (၄၀၀) နီးပါးကစားထားကာ သွင်းဂိုး (၄၈) ဂိုးအထိသွင်းယူခဲ့တဲ့ ကွင်းလယ်လူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပိုလန်ကလပ် Miedz Legnica နဲ့လမ်းခွဲကာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ shwekhitonlinetv.com

၂။ Rui Barros

ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမားဟောင်း Rui Barros ကတော့ အရပ် (၅) ပေ (၃) လက်မပဲ ရှိပေမယ့် သူ့ခေတ်သူ့အခါက အန္တရာယ်အများဆုံးကွင်းလယ် တိုက်စစ်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့သူပါ။ အရပ်ပုပေမယ့် ခြေစွမ်းကောင်းမွန်လှတဲ့ Rui Barros ဟာ ကစားသမားဘဝတစ်လျှောက် ပေါ်တို၊ ဂျူဗင်တပ်၊ မိုနာကို၊ မာဆေး စတဲ့ အသင်းကြီးတွေမှာကျင်လည်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ပွဲပေါင်း (၄၀၉) ပွဲကစားပြီး သွင်းဂိုး (၈၆) ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Élton José Xavier Gomes

သူ့ကိုတော့ လူအများစုက အယ်လ်တန်အာရေးဘီးယား (Élton Arábia) လို့သာခေါ်ဝေါ်ကြပါတယ်။ အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမားဟာ နာမည်နဲ့လိုက်အောင်ပဲ ယူအေအီး၊ ကာတာ၊ ဆော်ဒီအာရေဗျ စတဲ့နိုင်ငံတွေက ကလပ်အသင်းတွေမှာသာ ကစားသမားဘဝအချိန်အများစုကို ကျင်လည်ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ အရပ်အမြင့် (၅) ပေ (၁) လက်မပဲ ရှိတဲ့ Élton Arábia ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Daniel Villalva

သူကတော့ အာဂျင်တီးနားတိုက်စစ်မှုးတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ အာဂျင်တီးနားကလပ် Ferro Carril Oeste အသင်းမှာကစားလျက်ရှိပါတယ်။ နာမည်ကျော် ရေးဗားပလိတ်အသင်းရဲ့ အကယ်ဒမီကနေထွက်ပေါ်လာခဲ့တဲ့ Daniel Villalva ဟာ အရပ်အမြင့် (၅) ပေ (၃) လက်မပဲရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ရှေ့တန်းတိုက်စစ်မှုးဆိုပေမယ့်လည်း ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း (၂၆၀) ကျော်မှာ သွင်းဂိုး (၃၀) သာ သွင်းယူထားနိုင်ခြင်းရှိတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Jafal Rashed Al-Kuwari

အရပ်အမြင့် (၅) ပေ (၁) လက်မပဲရှိတဲ့ Jafal Rashed Al-Kuwari ကတော့ ကာတာလက်ရွေးစင် အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပါတယ်။ သူဟာ ကာတာလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၅၀) ကျော်ကစားပေးခဲ့သူဖြစ်ပြီး မိခင်ကလပ်အသင်းအဖြစ် ကာတာကလပ် Al-Sadd အသင်းတစ်သင်းတည်းမှာ ဆယ်စုနှစ် နှစ်ခုလောက်ကြာအောင်ကစားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Al-Sadd အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ shwekhitonlinetv.com

၆။ Levi Porter

လက်စတာစီးတီးအသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း Levi Porter ကတော့ လက်ရှိအချိန်မှာ အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ အရပ်အမြင့် (၅) ပေ (၃) လက်မသာရှိတဲ့ Levi Porter ဟာ အင်္ဂလန်အသင်းရဲ့ သက်တမ်းအလိုက်လက်ရွေးစင်အသင်းတွေမှာ ရွေးချယ်ခံခဲ့ရတဲ့အထိ ခြေစွမ်းကောင်းမွန်ခဲ့ပေမယ့် ဒဏ်ရာပြဿနာအချို့ကြောင့် နောက်ပိုင်းမှာခြေစွမ်း ကျဆင်းသွားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ နောက်ဆုံးကစားခဲ့တဲ့ Melton Town အသင်းနဲ့လမ်းခွဲပြီး ကစားသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။