၂၀၂၂ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးနဲ့ အချမ်းသာဆုံး ဘောလုံးသမား (၁၀) ဦး

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးသွားချင်တာကတော့ ၂၀၂၂ ခုနှစ်အတွင်း ဘောလုံးလောကရဲ့ ဝင်ငွေအကောင်းဆုံးနဲ့ အချမ်းသာဆုံးကစားသမား (၁၀) ဦးရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီစာရင်းမှာ ဘယ်သူတွေများပါဝင်နေမလဲဆိုတာ ဆက်လက်လေ့လာကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com

၁၀။ ကီဗင် ဒီဘရိုင်းနား – အမေရိကန်ဒေါ်လာ (၂၉) သန်း

ပရီးမီးယားလိဂ်က မန်စီးတီးအသင်းရဲ့ကပ္ပတိန်ဖြစ်တဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနားကတော့ ဒီစာရင်းရဲ့ အဆင့် (၁၀) နေရာမှာရပ်တည်လျက်ရှိပါတယ်။ အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်အရ တစ်နှစ်ကိုကွင်းတွင်းဝင်ငွေ အမေရိကန်ဒေါ်လာ (၂၅) သန်း၊ နာမည်ကျော်အမှတ်တံဆိပ် (၁၁) ခုနဲ့ပြင်ပစပွန်ဆာဝင်ငွေ (၄) သန်း ရရှိနေသူဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အန်ဒရေ အင်နီယေစတာ – အမေရိကန်ဒေါ်လာ သန်း (၃၀)

S

အသက် (၃၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ကွင်းလယ်လူဟောင်း အင်နီယေစတာကတော့ လက်ရှိအချိန်အထိ ဂျပန်ကလပ် ဗစ်ဆဲကိုဘီ အသင်းမှာကစားနေဆဲဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်မှာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ စာချုပ်ကုန်ရင်တော့ ကစားသမားဘဝကနေ အနားယူဖို့ရှိပေမယ့် လက်ရှိစာချုပ်အရ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း (၃၀) ဝင်နေတာကြောင့် ဒီစာရင်းရဲ့ အဆင့် (၉) နေရာမှာဖော်ပြခံရခြင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ အီဒင် ဟာဇက် – အမေရိကန်ဒေါ်လာ (၃၁) သန်း

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံတောင်ပံကစားသမား အီဒင်ဟာဇက်ကတော့ ဒီစာရင်းရဲ့ အဆင့် (၈) နေရာမှာရပ်တည်နေပါတယ်။ အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေရပြီး လက်ရှိအချိန်မှာပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ကစားသမားလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စာချုပ်အရဝင်ငွေဟာ တစ်နှစ်ကို ကွင်းတွင်း ကွင်းပြင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၁) သန်းအထိရှိနေပါတယ်။ shwekhitonlinetv.com

၇။ ရောဘတ် လီဝန်ဒေါစကီး – အမေရိကန်ဒေါ်လာ (၃၅) သန်း

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ပိုလန်ဂိုးသွင်းစက် လီဝန်ဒေါစကီးကတော့ ၂၀၂၂ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်အရ ကွင်းတွင်းဝင်ငွေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၂၇) သန်းရရှိနေပြီး ကွင်းပြင်ဝင်ငွေကတော့ (၈) သန်းအထိရရှိနေသူဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အာလင်း ဟော်လန်း – အမေရိကန်ဒေါ်လာ (၃၉) သန်း

ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး အမေရိကန်ဒေါ်လာ (၁၀၅) သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ အသက် (၂၂) နှစ်အရွယ်နော်ဝေးတိုက်စစ်မှုး ဟော်လန်းကတော့ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၉) သန်းအထိရရှိနေတဲ့သူဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်အရ လုပ်ခလစာနဲ့ အပိုဆုကြေးတွေက (၃၅) သန်း အခြားကုမ္ပဏီတွေနဲ့ စပွန်ဆာစာချုပ်တွေကရရှိတဲ့ဝင်ငွေက (၄) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မိုဟာမက် ဆာလာ – အမေရိကန်ဒေါ်လာ (၅၃) သန်း

လီဗာပူးလ်အသင်းနဲ့အသစ်ချုပ်ဆိုခဲ့တဲ့ စာချုပ်ကြောင့် အသက် (၃၀) အရွယ် အီဂျစ်တောင်ပံကစားသမား မိုဟာမက်ဆာလာရဲ့ ဝင်ငွေကတစ်နှစ်ကို အမေရိကန်ဒေါ်လာ (၅၃) သန်းအထိမြင့်တက်သွားခဲ့ပါတယ်။ သူ့အနေနဲ့ ၂၀၂၂ ခုနှစ်မှာ ကွင်းတွင်းလုပ်အားခအဖြစ် (၃၅) သန်း ကွင်းပြင်ဝင်ငွေအဖြစ် (၁၈) သန်းအထိကို တိုးတက်လာခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ နေမာ ဂျူနီယာ – အမေရိကန်ဒေါ်လာ (၈၇) သန်း

ဘရာဇီးလ်ဘောလုံးကြယ်ပွင့် နဲ့ မော်ဒန်ဘောလုံးလောကရဲ့ Icon တစ်ယောက်ဖြစ်တဲ့ နေမာဂျူနီယာကတော့ ဒီစာရင်းရဲ့ အဆင့် (၄) နေရာမှာရှိနေပါတယ်။ အသက် (၃၀) အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ကွင်းပြင် စပွန်ဆာနဲ့ ပုံရိပ်အသုံးပြုခတွေကနေရရှိတဲ့ ဝင်ငွေဟာ (၃၂) သန်းအထိရှိနေပြီး သူ့ရဲ့ အဓိကကွင်းတွင်းလုပ်ခလစာကတော့ (၅၅) သန်းအထိရှိနေပါတယ်။ shwekhitonlinetv.com

၃။ ခရစ္စတီယာနို ရော်နယ်လ်ဒို – အမေရိကန်ဒေါ်လာ သန်း (၁၀၀)

လက်ရှိအချိန်အထိစာရင်းတွေအရတော့ ပေါ်တူဂီတောင်ပံကစားသမား စီရော်နယ်လ်ဒိုရဲ့တစ်နှစ်ဝင်ငွေက အမေရိကန်ဒေါ်လာသန်း (၁၀၀) ဖြစ်ပါတယ်။ သူ့အနေနဲ့မန်ယူအသင်းဆီကရရှိတဲ့ လုပ်ခလစာက သန်း (၄၀) ပဲရှိပြီး ကွင်းပြင်စပွန်ဆာတွေနဲ့ ပုံရိပ်အသုံးပြုခတွေလိုမျိုး ကွင်းပြင်ပကနေရရှိတဲ့ ဝင်ငွေကတော့ သန်း (၆၀) အထိတောင်ရှိနေတာဖြစ်ပါတယ်။ အင်စတာရမ်လိုလူမှုကွန်ယက်မှာလည်း Followers (၄၈၆) သန်းလောက်ရှိနေခြင်းက ရော်နယ်လ်ဒိုရဲ့ ကွင်းပြင်ပဝင်ငွေများပြားနေရခြင်းရဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ အသက် (၃၇) နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ လတ်တလောမှာ မန်ယူအသင်းနဲ့လမ်းခွဲပြီး ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ လက်တွဲသွားဖို့ရှိနေတာကြောင့် လာမည့် ၂၀၂၃ ခုနှစ်မှာသူ့ရဲ့ဝင်ငွေဟာအခုထက် (၂) ဆ လောက်ပိုများလာဖို့ရှိနေပါတယ်။ shwekhitonlinetv.com

၂။ လီယွန်နယ် မက်ဆီ – အမေရိကန်ဒေါ်လာ သန်း (၁၂၀)

ဒီစာရင်းရဲ့အဆင့် (၂) နေရာမှာတော့ Ballon d’Or (၇) ကြိမ်ရရှိထားတဲ့ အာဂျင်တီးနားတိုက်စစ်မှုး မက်ဆီကရပ်တည်လျက်ရှိပါတယ်။ အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်ပြီး လက်ရှိကမ္ဘာ့ဖလားမှာအကောင်းဆုံးခြေစွမ်းပြသနေတဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်အရ လုပ်ခလစာနဲ့အပိုဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ (၆၅) သန်းရရှိလို့နေပါတယ်။ ဒါ့အပြင် အင်စတာဂရမ်မှာ Followers (၃၆၄) သန်းရှိနေတဲ့မက်ဆီဟာ ကွင်းပြင်ပဝင်ငွေကလည်း တစ်နှစ်ကို (၅၅) သန်းလောက်ရရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ကိုင်လီယန် အမ်ဘာပေ – အမေရိကန်ဒေါ်လာ (၁၂၈) သန်း

အသက် (၂၃) နှစ်အရွယ်သာရှိသေးတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှုးလေး အမ်ဘာပေဟာ အရွယ်နဲ့မလိုက်အောင်ဝင်ငွေကောင်းတဲ့သူဖြစ်ပြီး ဒီစာရင်းကိုလည်းဦးဆောင်လျက်ရှိနေပါတယ်။ ပြင်သစ်လီဂူး (၁) ရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို (၃) နှစ်ဆက်တိုက်ရရှိထားတဲ့ အမ်ဘာပေဟာ လက်ရှိပြင်သစ်ဘောလုံးလောကရဲ့မျက်နှာစာတစ်ခုဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာတော့ အမ်ဘာပေဟာ ကွင်းတွင်းဝင်ငွေအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်တွေကနေတစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း (၁၁၀) အထိရရှိနေပြီး ကွင်းပြင်ဝင်ငွေအဖြစ် စပွန်ဆာစာချုပ်တွေကနေ အမေရိကန်ဒေါ်လာ (၁၈) သန်းအထိရရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ် Followers အရေအတွက်ဟာလည်း (၇၂.၇) သန်းကျော်ရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။