ကံကြမ္မာအလှည့်အပြောင်းတစ်ခုမှာ မထင်မှတ်ဘဲ အကြီးအကျယ် ချမ်းသာသွားကြတဲ့ ဖြစ်ရပ် (၅) ခု

တစ်ခါတစ်ရံမှာကံတရားရဲ့ အလှည့်အပြောင်းကထင်မှတ်မထားလောက်အောင်ကို ဆန်းကြယ်လှပါတယ်။ အခုတစ်ခါမှာလည်း မျှော်လင့်မထားတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းနဲ့အတူ ချမ်းသာသွားခဲ့ကြတဲ့ လူပုဂ္ဂိုလ်အချို့ရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ အိမ်ခြေရာမဲ့ဘဝကနေ ဘီလျံနာဖြစ်သွားတဲ့ ညီအစ်ကိုနှစ်ဦး

Zsolt နဲ့ Geza လို့အမည်ရတဲ့ ညီအစ်ကိုနှစ်ဦးဟာ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ရဲ့ မြို့ပြင်က ဂူတစ်ဂူထဲမှာနေထိုင်ကြတာဖြစ်ပါတယ်။ သူတို့ဟာ မိခင်ဖြစ်သူကစွန့်ပစ်သွားပြီးနောက်ပိုင်း လမ်းပေါ်ကအမှိုက်တွေကိုကောက်ပြီးရောင်းစားနေကြရတဲ့သူတွေဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ သူတို့ဘဝကို ကြီးမားတဲ့အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ ဂျာမနီနိုင်ငံ Baden-Wurttemberg မှာနေထိုင်တဲ့ သူတို့ရဲ့အဖွားဆုံးပါးမှုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အဖွားဟာ မကွယ်လွန်ခင် ရှေ့နေတွေဆီမှာ အမေရိကန်ဒေါ်လာ (၇) ဘီလီယံလောက်တန်တဲ့ အမွေတွေကို သူတို့ညီအစ်ကို (၂) ဦးအတွက်ချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အိမ်ထက်တန်ဖိုးပိုကြီးနေတဲ့ ပန်းချီကားများ

၂၀၀၆ ခုနှစ်မှာတော့ Lawrence Joseph နဲ့ Thomas Schultz တို့ဟာ အိမ်အဟောင်းတစ်လုံးကို ပြုပြင်မွမ်းမံပြီးပြန်လည်ရောင်းချဖို့ရည်ရွယ်ချက်နဲ့ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် သူတို့ (၂) ယောက်ဟာ ဝယ်ယူလိုက်တဲ့အိမ်ထက်တန်ဖိုးပိုကြီးမားတဲ့အရာတွေကို အိမ်အတွင်းမှာတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒါကတော့ ဒီအိမ်မှာနေသွားခဲ့တဲ့ ပန်းချီပညာရှင် Arthur Pinajian ရဲ့ပန်းချီကား အမြောက်အမြားပဲဖြစ်ပါတယ်။ ပန်းချီဆရာရဲ့ ဆွေမျိုးတွေကတော့ ဒီအရာတွေကိုလွှင့်ပစ်ဖို့ Lawrence နဲ့ Thomas တို့ကိုမှာကြားခဲ့ပေမယ့် သူတို့ကတော့ မလွင့်ပစ်ဘဲသိမ်းဆည်းထားခဲ့ပါတယ်။ ဒီပန်းချီကားတွေဟာ အဲ့ဒီအချိန်ကတည်းက စုစုပေါင်းတန်ကြေး အမေရိကန်ဒေါ်လာ သန်း (၉၀) လောက်တန်တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ စေတနာကောင်း၍ကံကောင်းခဲ့သူ

ဖိလစ်ပိုင်လူမျိုးသူနာပြုမလေး Hadassah Peri ဟာ သူမပြုစုစောင့်ရှောက်ပေးခဲ့တဲ့ လူနာတစ်ဦးကြောင့် မထင်မှတ်ဘဲချမ်းသာသွားခဲ့ပါတယ်။ Peri ဟာ အတော်အသင့်ချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ဦးဖြစ်တဲ့ Huguette Clark ကို ၁၉၉၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိနှစ်ပေါင်း (၂၀) နီးပါးပြုစုခဲ့တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့လူနာဖြစ်တဲ့ သူဋ္ဌေးကြီးဟာ သူမအပေါ်သားသမီးအရင်းလို သံယောဇဉ်တွယ်ခဲ့ပြီး ကွယ်လွန်သွားတဲ့အခါမှာတော့ အမေရိကန်ဒေါ်လာ (၃၁) သန်းကို အမွေအဖြစ်ပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လမ်းလျှောက်ထွက်ရင်း ရွှေဒင်္ဂါးတွေ တွေ့ရှိခဲ့တဲ့စုံတွဲ

၂၀၁၄ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်က စုံတွဲတစ်တွဲဟာသူတို့ရဲ့ခွေးနဲ့အတူ လမ်းလျှောက်ထွက်လာရင်းက မမျှော်လင့်ဘဲမြုပ်နှံထားတဲ့ရတနာတွေကိုတွေ့ရှိခဲ့ပါတယ်။ သူတို့ရှာဖွေတွေ့ရှိခဲ့တာကတော့ ဘူးလေးတွေနဲ့အပြည့်ထည့်ထားတဲ့ရွှေဒင်္ဂါးတွေပဲဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကိုပြသကြည့်ခဲ့ရာမှာတော့ ဒီရွှေဒင်္ဂါးတွေဟာ (၁၉) ရာစုနှစ်အစောပိုင်းကအသုံးပြုခဲ့တဲ့ရွှေဒင်္ဂါးတွေဖြစ်ကြောင်းသိရှိခဲ့ရပြီး ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၀) သန်းကျော်တန်ကြောင်းသိရှိရပါတယ်။ shwekhitonlinetv.com

၅။ ပန်းချီကားဘောင်ထဲက ရှားပါးစာရွက်တစ်ရွက်

၁၉၈၉ ခုနှစ်တုန်းကတော့ အမေရိကန်နိုင်ငံ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာရှိတဲ့ သား၊ငါး ဈေးတစ်ခုမှာ လူတစ်ဦးဟာသူ့ရဲ့ပန်းချီကားအဟောင်းတစ်ခုကို အမေရိကန်ဒေါ်လာ (၄) ဒေါ်လာပေးပြီးဝယ်ယူခဲ့ပါတယ်။ အမှန်တစ်ကယ်တော့သူ့အနေနဲ့ ပန်းချီကားကိုကြိုက်လို့မဟုတ်ဘဲ ပန်းချီကားမှာပါတဲ့ ဘောင်ကိုလိုချင်တာကြောင့် ဝယ်ခဲ့တာဖြစ်ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ ပန်းချီကားရဲ့ဘောင်ကိုဖြုတ်ခဲ့ပါတယ်။ အဲ့ဒီလိုဖြုတ်တဲ့အခါမှာ ပန်းချီကားဘောင်ထဲမှာညှပ်ထားတဲ့ စာရွက်အပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ သေချာကြည့်ကြည့်တဲ့အခါမှာတော့ ဒီစာရွက်ဟာ ၁၇၇၆ ခုနှစ်က လွတ်လပ်ရေးကြေညာစာတမ်းရဲ့ မိတ္တူစာရွက်ဖြစ်နေခဲ့ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်လည်း ဒီရှားပါးစာရွက်ကို လေလံတင်ရောင်းချခဲ့ရာမှာတော့ အမေရိကန်ဒေါ်လာ (၄.၆) သန်းအထိရရှိခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။