ဂုဏ်ဒြပ်တွေနဲ့ လဲလှယ်ယူခဲ့ရပြီး နတ်သမီးပုံပြင်ဆန်လွန်းတဲ့ ဂျပန်နိုင်ငံက တော်ဝင်မင်းသမီးလေး မာကို ရဲ့ အချစ်ခရီး

ဂျပန်နိုင်ငံရဲ့ တော်ဝင်မင်းသမီး မာကိုရဲ့ အချစ်ကတော့ ငွေကြေးဥစ္စာ ဂုဏ်ဒြပ်တွေနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး။ မင်းသမီးလေး မာကိုဟာ သူမချစ်ခင်ရတဲ့ အမျိုးသားကို လက်ထပ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁.၃ မီလီယမ်နဲ့အတူ သူမရဲ့ မင်းသမီးဆိုတဲ့ ဂုဏ်ထူးကိုပါ စွန့်လွှတ်ခဲ့ရပါတယ်။ shwekhitonlinetv.com

အခုချိန်မှာတော့ သူမအမျိုးသား အလုပ်လုပ်ရာနိုင်ငံမှာ အတူနေထိုင်လျက်ရှိပြီး သာမန်အေးချမ်းပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနေပြီဖြစ်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် နတ်သမီးပုံပြင်လိုပဲ ရိုမန့်တစ်ဆန်လွန်းတဲ့ တော်ဝင်မင်းသမီးမာကိုရဲ့ အချစ်ခရီးလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

မာကိုနဲ့ သူမရဲ့ အမျိုးသား ကိုင်လ်တို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်း

မာကိုဟာ ဂျပန်နိုင်ငံ တော်ဝင်မျိုးနွယ်ဝင်တဦးဖြစ်ပြီး အိမ်ရှေ့မင်းသားနဲ့ ကြင်ယာတော်တို့ရဲ့ အကြီးဆုံးသမီးလည်း ဖြစ်ပါတယ်။ မာကိုရဲ့ ချစ်သူ ကိုင်လ်ကတော့ ဥပဒေရေးရာလုပ်ငန်းလုပ်ကိုင်နေတဲ့ သာမန်အရပ်သားပြည်သူတဦးဖြစ်ပြီး ဖခင်မရှိပဲ မိခင်တဦးတည်းကိုသာ မှီခိုပြီး ကြီးပြင်းခဲ့ရသူပါ။ သူတို့နှစ်ဦးဟာ တူညီတဲ့ တက္ကသိုလ်မှာ အတူတက်ရင်းဆုံတွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက ချစ်ခဲ့ကြတာဖြစ်ပါတယ်။ အင်တာဗျူးတခုမှာတော့ ” သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ နေရောင်ခြည်လိုတောက်ပတဲ့ သူ့အပြုံးတွေနဲ့ ဆွဲဆောင်ခံလိုက်ရတယ် ” လို့ မင်းသမီးမာကိုဟာ ဖြေဆိုခဲ့ပါတယ်။ shwekhitonlinetv.com

အခက်အခဲ အတားအဆီးတွေအပြည့်နဲ့ သူတို့ရဲ့ အချစ်ခရီးကြမ်း

မင်းသမီးလေးနဲ့ သာမန်အရပ်သားချစ်သူကောင်လေးတို့ရဲ့ အချစ်ခရီးဟာ ထင်ထားခဲ့သလို မချောမွေ့ခဲ့ပါဘူး။ အထူးသဖြင့် တော်ဝင်မျိုးနွယ်ဖြစ်တဲ့ မင်းသမီး မာကိုအတွက် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ပြည်သူလူထုအမြင်တွေနဲ့အတူ အတိုက်အခိုက်များကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ကြောင့် မင်္ဂလာပွဲအကြောင်းကို ကြေညာပြီးနောက်မှာတောင် မင်္ဂလာပွဲနေ့ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ shwekhitonlinetv.com

အတိုက်အခိုက်မျိုးစုံကို ကြုံတွေ့နေရပေမယ့် မာကိုတို့ ချစ်သူနှစ်ဦးဟာ တဦးနဲ့တဦး ဖေးမကူညီရင်း သူတို့ရဲ့ လက်တွေကို မြဲနေအောင် တွဲခဲ့ကြပါတယ်။ ချစ်သူနှစ်ဦးလုံး မီဒီယာများနဲ့ တွေ့ဆုံမေးမြန်းခံရတဲ့အခါတွေမှာလည်း အကြည့်တွေနဲ့ နွေးထွေးခဲ့ကြတာကို အားလုံးက တွေ့မြင်ခဲ့ကြပါတယ်။ ၂၀၂၁ အောက်တိုဘာလမှာတော့ မင်းသမီးမာကိုနဲ့ ချစ်သူ ကိုင်လ်တို့ ရွှေလက်တွဲခဲ့ကြပါတယ်။ မာကိုဟာ သူမရဲ့ အရပ်သားချစ်သူနဲ့ လက်ထပ်ဖို့အတွက် တော်ဝင်မိသားစုထဲကနေထွက်ခွာပြီး တော်ဝင်မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ စွန့်လွှတ်ခဲ့ပါတယ်။ မင်းသမီးဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီး လက်ထပ်သွားတဲ့ တော်ဝင်မင်းသမီးတွေအတွက် အမေရိကန်ဒေါ်လာ ၁.၃ မီလီယမ်ကို နစ်နာကြေးအဖြစ် ပေးလေ့ရှိပေမယ့် မာကိုဟာ ငြင်းဆန်ခဲ့ပါတယ်။ ဒါ့ကြောင့် မင်းသမီးမာကိုဟာ နစ်နာကြေးကို မယူပဲ ထွက်ခွာသွားတဲ့ ပထမဆုံးတော်ဝင်မင်းသမီးဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

ချစ်သူနဲ့ ရွှေလက်တွဲပြီး သာမန်ဘဝမှာ ပျော်နေပြီဖြစ်တဲ့ မာကို

လက်ထပ်ပြီးနောက်မှာတော့ ဥပဒေရေးရာလုပ်ကိုင်နေသူ ကိုင်လ်ရဲ့ အလုပ်ရှိရာ နယူးယောက်ကို ပြောင်းရွှေ့အခြေချခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ Central Park အနီးက အိပ်ခန်းတခန်းသာ ပါဝင်တဲ့ တိုက်ခန်းကို ငှားရမ်းပြီး သာမန်လူတွေလို ဘဝကို ဖြတ်သန်းနေထိုင်နေကြပါတယ် ။ နယူးယောက်ကို ပြောင်းရွှေ့ပြီး ၆လ အကြာမှာတော့ မာကိုဟာ Metropolitan Museum ဆိုတဲ့ အနုပညာပြတိုက်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ပြတိုက်ရဲ့ အာရှအနုပညာဌာနမှာ လက်ထောက်အဖြစ် လုပ်ကိုင်နေပြီး အခကြေးငွေမယူခဲ့ပါဘူး။ မာကို့ကို ယခင်ပြတိုက်မှူးဟောင်းက ချီးကျူးခဲ့ပြီး သူမဟာ လုံ့လဝီရိယရှိပြီး အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းလို့ ဆိုပါတယ်။ သူမရဲ့ အချိန်တော်တော်များများကို အနုပညာပြတိုက်မှာပဲ ကုန်ဆုံးလေ့ရှိပါတယ်။ shwekhitonlinetv.com

တကယ်လို့ စာဖတ်သူသာ တော်ဝင်မျိုးနွယ်တယောက်ဖြစ်မယ်ဆိုရင် အချစ်အတွက် ဂုဏ်တွေ ငွေတွေကို စွန့်လွှတ်ပြီး သာမန်ဘဝမှာ နေထိုင်မှာလားဆိုတာ ဖြေခဲ့ပေးပါဦးနော်။ ဖတ်ရှုပေးတဲ့ ရွှေခေတ်ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။