နှစ်ခေါက်လောက် ပြန်ကြည့်မှ သဘောပေါက် သွားစေမယ့် ဓာတ်ပုံ (၁၀) ပုံ

Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ အပျင်းပြေစေဖို့အတွက် အကြောင်းအရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ နှစ်ခါ ၊ သုံးခါလောက် ပြန်ကြည့်မှ သဘောပေါက်သွားမယ့် ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဘယ်လို လှည့်ကွက်တွေနဲ့ မျက်စိအမြင်ကို လှည့်စားထားလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို အတူတူ ကြည့်လိုက်ရအောင်နော် ။ shwekhitonlinetv.com

အခုမြင်နေရတဲ့ ပုံလေးတွေကို ကြည့်လိုက်မယ်ဆိုရင် တော်တော်များများပုံလေးတွေဟာ တစ်ခေါက်တည်း ကြည့်လို့ သဘောမပေါက်နိုင်သလောက်ပါပဲ ။ ဒီအထဲမှာ ဓာတ်ပုံဆရာတွေရဲ့ ကင်မရာရှုထောင့်အမျိုးမျိုးကနေ အစွမ်းပြပြီး လှည့်စားထားတဲ့ ပုံလေးတွေလည်း ပါပါတယ်။ shwekhitonlinetv.com

၁။ အမြင်နှစ်မျိုး ဖြစ်စေတဲ့ ပုံ

ဒီပုံကို ရုတ်တရက် ကြည့်လိုက်ရင် တမျိုး ဖြစ်နေတယ်လို့ ထင်နိုင်ပါတယ်။ တကယ်တော့ အမျိုးသမီးနှစ်ဦး လေ့ကျင့်ခန်းလုပ်နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ခေါင်းရှည်နေတဲ့ ခွေးလေး

ရုတ်တရက် ကြည့်လိုက်ရင် ခွေးလေးရဲ့ ခေါင်းက မျက်လှည့်ပြထားသလို အရှည်ကြီးလို့ ထင်ချင်စရာပါပဲ။ တကယ်တော့ ပုံထဲမှာ ခွေးနှစ်ကောင် ပါဝင်တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အံ့သြစရာ မြင်ကွင်း

ကလေးလေးကို အစွန်အဖျားမှာ အဲလို ထားရသလား။ တကယ်တော့ ဒီပုံထဲက အမြင့်က အဲလောက် မမြင့်ပါဘူး။ အောက်က အရုပ်လေးတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ပြုတ်ကျတော့မယ့် ကလေး

ဒီပုံကို နှစ်ခါ သုံးခါ ပြန်ကြည့်မှ သဘောပေါက်ပါလိမ့်မယ်နော်။ တကယ်တော့ ကလေးက အမြင့်က ပြုတ်ကျခါနီး မဟုတ်ပါဘူး။ ကင်မရာကို လှည့်စားပြီး ဓာတ်ပုံရိုက်ကူးထားလို့ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ပန်းချီကားလား တကယ်လား

ဒီပုံလေးက ရုတ်တရက် ကြည့်လိုက်ရင် ပန်းချီကားလိုလို၊ တကယ့်အဖြစ်အပျက်လိုလိုပါပဲ။ ပရိသတ်ကြီးရော ဘယ်လိုမြင်လဲဆိုတာ ပြောပေးခဲ့ဦးနော်။shwekhitonlinetv.com

၆။ တိုက်ဆိုင်လွန်းတဲ့ အရောင်

ဒီအမျိုးသားကတော့ အဆောက်အဦးအရောင်နဲ့ ကွက်တိဖြစ်အောင် ရွေးဝတ်လာသလိုပါပဲ။ မသိရင် ကိုယ်ပျောက်နေတဲ့ အတိုင်းပဲနော်။shwekhitonlinetv.com

၇။ ထူးဆန်းတဲ့ ကြောင်

ကြောင်လေးရဲ့ မျက်လုံးက ဓာတ်ပုံထဲမှာတမျိုး၊ အောက်က ကြမ်းခင်းမှာ ပေါ်နေတော့ တမျိုး ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတာကို သေချာ ပြန်ကြည့်မှ သဘောပေါက်မှာပါ။shwekhitonlinetv.com

၈။ အော်နေတဲ့ ဒေါ်နယ်ထရန့်

သတင်းစာတွေကို ထပ်ထားလိုက်တော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တစ်ယောက် သမ်းနေတာလား အော်နေတာလား မသဲကွဲတော့ဘူးနော်။shwekhitonlinetv.com

၉။ အံ့သြနေတဲ့ ပုံးလေးတွေ

ရုတ်တရက် ကြည့်လိုက်ရင် ပုံးလေးတွေက အံ့သြနေသလိုပဲနော်။ shwekhitonlinetv.com

၁၀။ စက်ဘီးစီးနေတဲ့ သိမ်းငှက်

ရုတ်တရက် မြင်လိုက်ရင် သိမ်းငှက်က စက်ဘီးကို မာန်ပါပါနဲ့ စီးနေသလိုပါပဲ။ သေချာကြည့်လိုက်မှ ဦးထုပ်ဖြစ်နေတာပါ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ မျက်စိအမြင်မှားသွားအောင် လှည့်စားထားတဲ့ ပုံတွေထဲကမှ အချို့ကို ရွေးချယ်ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး အပျင်းပြေဖတ်ရှုနိုင်မယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။