လေယာဉ်ပျံတွေနဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ ထူးထူးဆန်းဆန်း အချက် (၅) ချက်

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာတော့ ဗဟုသုတရစေမယ့် အကြောင်းအရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ လေယာဉ်ပျံတွေနဲ့ ပတ်သတ်ပြီး လူတော်တော် များများ မသိကြသေးတဲ့ ထူးဆန်းဖွယ်ရာ အချက်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုထူးဆန်းတဲ့ အချက်တွေ ဖြစ်မလဲဆိုတာ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ လေယာဉ်ပျံတွေရဲ့ ပြတင်းပေါက်ဟာ ဘာကြောင့် အဝိုင်းပုံစံ ဖြစ်နေရတာလဲ ?

၁၉၅၀ခုနှစ်ရဲ့ အစောပိုင်းကာလတွေတုန်းက de Havillandဆိုတဲ့ကုမ္ပဏီဟာ Comet ဆိုတဲ့ ကမ္ဘာ့ပထမဦးဆုံး ပုဂ္ဂလိက ခရီးသည်တင် လေယာဉ်ကြီးကို စတင်ပြေးဆွဲခဲ့ပါတယ်။ နှစ်အနည်းငယ် အကြာမှာတော့ လေယာဉ်ရဲ့ အစိတ်အပိုင်းအချို့ဟာ ပျံသန်းနေရင်းနဲ့ ပြုတ်ကျတာမျိုးတွေ ဖြစ်လာပြီး လအနည်းအတွင်းမှာ နောက်ထပ် လေယာဉ် ၂ စင်း ဟာလည်း ပျက်ကျပြီး ပျက်စီးခဲ့ရပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ လေယာဉ်ကို တည်ဆောက်တဲ့ အင်ဂျင်နီယာတွေဟာ အကြောင်းရင်းကို သေချာလေ့လာကြည့်တဲ့အခါမှာတော့ လေယာဉ်ပြတင်းပေါက်တွေ က လေးထောင့်ပုံစံဖြစ်နေတာကြောင့် ဆိုတဲ့ ပြသနာကို တွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

လေးထောင့်ပုံစံ ဖြစ်နေတာကြောင့် လေယာဉ်ပျံသန်းနေစဉ်အတွင်းမှာ လေထုဖိအားတွေဟာ များလာပြီး ဒီဖိအားတွေဟာ လေယာဉ်ပြတင်းပေါက်ရဲ့ ထောင့်နေရာတွေမှာ ပိုပြီး စုမိသလို ဖြစ်သွားတာကြောင့် လေယာဉ်ပျက်ကျမှုတွေ ဖြစ်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ လေယာဉ်ပြတင်းပေါက်တွေကို အဝိုင်းပုံစံနဲ့သာ တည်ဆောက်ခဲ့ကြတော့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ လေယာဉ်ပျံတွေရဲ့ ခေါင်းပိုင်းတွေဟာ ဘာကြောင့် မတူရတာလဲ ?

လေယာဉ်ပျံတွေရဲ့ ဦးခေါင်းပိုင်းနဲ့ ပတ်သတ်လာရင် ပိုပြီးချွန်တဲ့ ဦးခေါင်းမျိုးဖြစ်လေ ပို မြန်လေပဲလို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ခေါင်းပိုင်း ရှည်တဲ့ လေယာဉ်တွေဟာ ပိုင်းလော့တွေကို ပြေးလမ်းကြောင်း သေချာမမြင်ရအောင် တားဆီးနေသလိုမျိုး ဖြစ်တာကြောင့် လေယာဉ်ရဲ့ ဦးခေါင်းပိုင်းကို အဝိုင်းပုံစံပဲ ထားခဲ့ကြပါတယ်။ shwekhitonlinetv.com

၁၉၆၀ ခုနှစ်တွေမှာတော့ ရုရှားနိုင်ငံက အင်ဂျင်နီယာတွေဟာ ဒီပြသာနာကို ဖြေရှင်းနိုင်ခဲ့ကြပါတယ် ။ သူတို့ဟာ ဦးခေါင်းပိုင်းကို အလွယ်တကူ တိမ်းနိုင် စောင်းနိုင်ပြီး အမြန်ဆုံးမောင်းနိုင်တဲ့ ခရီးသည်တင် ဂျက်လေယာဉ်ကို တီထွင်ခဲ့ပါတယ် ။ ဒီလေယာဉ်ဟာဆိုရင် ပြေးလမ်းပေါ်ဆင်းတဲ့ အခါ လေယာဉ်ရဲ့ ဦးခေါင်း အရှေ့ပိုင်းဟာ အောက်ကို နိမ့်ဆင်းသွားမှာဖြစ်ပြီး ပျံသန်းနေတဲ့ အချိန်မှာတော ဦးခေါင်းပိုင်းက အတည့်ပြန် ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ လေယာဉ်ပျံတွေကို ဆေးအဖြူရောင်ပဲ သုတ်ရတဲ့ အကြောင်းအရင်း

လေယာဉ်ပျံတွေကို ဆေးအဖြူရောင်ပဲ သုတ်ရတဲ့ အကြောင်းရင်း တစ်ချို့ရှိပါတယ် ။ ဒါတွေကတော့ ..

တစ်ကယ်လို့ လေယာဉ်ပျံကို ဆေးအဖြူရောင် သုတ်ထားမယ်ဆိုရင် အပူဒဏ်တွေ စုမိတာကို လျော့ကျစေနိုင်ပါတယ်။ ဒါဟာ ခရီးသည်တွေအတွက် ပိုကောင်းစေတဲ့အပြင် လေကြောင်းလိုင်းတွေအတွက် အမြတ်အစွန်းပိုရစေနိုင်ပါတယ် ။ shwekhitonlinetv.com

အဖြူရောင် သုတ်ဆေးဟာ တစ်ခြားသုတ်ဆေးတွေထက် ပိုပြီး ဈေးသက်သာပါတယ် ။ shwekhitonlinetv.com

ငှက်တွေဟာ အဖြူရောင် မျက်နှာပြင်ဆို ပိုပြီး မြင်လွယ်နိုင်ပါတယ် ။ ဒါ့ကြောင့် ငှက်အုပ်တွေနဲ့ မကြာခဏ တိုက်မိတာမျိုး မဖြစ်အောင် လေယာဉ်တွေမှာ အဖြူရောင် ဆေးခြယ်ကြပါတယ်။ shwekhitonlinetv.com

၄။ လေယာဉ်ထွက်ပေါက်ကို ဘယ်ဘက်အခြမ်းမှာပဲ ထားတဲ့ အကြောင်းအရင်း

လေယာဉ်တိုင်းလိုလို ထွက်ပေါက်ကို ဘယ်ဘက်အခြမ်းမှာ မထားပေမယ့်လည်း လေယာဉ်အများစုမှာတော့ ဘယ်ဘက်မှာပဲ ထွက်ပေါက်ရှိပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး လူပြောများကြတဲ့ သီအိုရီတွေကတော့ ..

သီအိုရီ ၁ ။ လေယာဉ်တွေရဲ့ ညာဘက်အခြမ်းမှာ ခရီးဆောင်အိတ်တွေနဲ့ ကုန်တွေကို ထားတတ်တာကြောင့် ခရီးသည်တွေအတွက် လုံခြုံမှုမရှိလို့ပါတဲ့ ။ shwekhitonlinetv.com

သီအိုရီ ၂ ။ တစ်ချို့လူတွေ ကတော့ ရှေးအယူအဆ တစ်ခုဖြစ်တဲ့ သဘောၤတွေရဲ့ ဆင်ခြေလျောဟာ အမြဲတမ်း ဘယ်ဘက်မှာ ထားတာနဲ့ ဆိုင်တယ်လို့ ထင်ကြပါတယ် ။ shwekhitonlinetv.com

သီအိုရီ ၃ ။ ဒီသီအိုရီမှာတော့ လေယာဉ်မောင်းတဲ့ ကပ္ပတိန်ရဲ့ ထိုင်ခုံဟာ ဘယ်ဘက်မှာပဲ ရှိပါတယ် ။ ဒါ့ကြောင့် ခရီးသည်တွေ အတက်အဆင်းလုပ်တဲ့အခါ လေယာဉ် ထွက်ပေါက် တံခါးနဲ့ Passenger area ကို ကွက်တိကျအောင် ရပ်နိုင်ဖို့ဖြစ်တယ်လို့ လည်း ပြောကြပါတယ် ။ shwekhitonlinetv.com

၅။ လေယာဉ်မှုးတွေဟာ မှုတ်ဆိတ်မွှေးထားခွင့်မရှိတဲ့ အကြောင်းရင်း

တချို့ လေကြောင်းလိုင်းတွေမှာ ပိုင်းလော့တွေကို မှုတ်ဆိတ်မွှေး မထားဖို့ အတွက် တားမြစ်ထားပါတယ်။ အကြောင်းကတော့ အောက်စီဂျင် mask ကို တပ်ဆင်တဲ့အခါ မှုတ်ဆိတ်မွှေးတွေ ရှိနေရင် မျက်နှာကို လုံခြုံစွာ မဖုံးအုပ်နိုင်တဲ့ အတွက်ကြောင့် အခုလိုမျိုး တားမြစ်ထားတာပဲ ဖြစ်ပါတယ်တဲ့ ။ shwekhitonlinetv.com

အခုဖော်ပြပေးတာတွေကတော့ လေယာဉ်ပျံတွေနဲ့ ပတ်သတ်ပြီး လူသိနည်းလှတဲ့ အကြောင်းအရာအချို့ကို ရှာဖွေဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို တင်ဆက်ပေးဦးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။