တစ်နေ့ကိုနှစ်ကြိမ်နဲ့ အထက်ရေချိုးခြင်းဟာ ဘယ်လို ဆိုးကျိုးသက်ရောက်မှုတွေရှိမလဲ

လေ့လာတွေ့ရှိချက်တွေအရတော့ တစ်နေ့ကိုနှစ်ကြိမ်နဲ့ အထက်ရေချိုးခြင်းဟာ သင့်အတွက်ကောင်းကျိုးထက် ဆိုးကျိုးကိုပိုများစေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ မကြာခဏရေချိုးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ကျန်းမာရေးဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ အသားအရေပျက်စီးနိုင်ခြင်း

ပုံမှန်ရေမချိုးခြင်းဟာ နှစ်သက်စရာမကောင်းပေမယ့် မကြာခဏရေချိုးခြင်းကတော့ ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ရေချိုးဂျယ် (Shower Gel)၊ ဆပ်ပြာနဲ့ ရေနွေးတွေဟာအရေပြားပေါ်က ကျန်းမာတဲ့ဘက်တီးရီးယားတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့အဆီတွေကို ဖယ်ရှားပစ်ပါတယ်။ ဒီအဆီတွေဟာ သင့်အသားအရေကို ကြာရှည်နုပျိုတောက်ပနေစေအောင်ကူညီပေးနိုင်စွမ်းရှိပါတယ်။ အရေပြားဆရာဝန်တွေကတော့ အသားအရေအလွန်ခြောက်သွေ့မှုနဲ့ အရေပြားယားယံမှုတွေကနေ ကာကွယ်ဖို့အတွက် တစ်ပတ်ကို (၂) ကြိမ်ကနေ (၃) ကြိမ်ရေချိုးရင် လုံလောက်မှုရှိတယ်လို့ ဆိုထားပါတယ်။ shwekhitonlinetv.com

၂။ ဦးရေပြားယားယံကာ ဆံပင်ကျွတ်ခြင်း

ခေါင်းလျော်ရည်တော်တော်များများကတော့ သင့်ရဲ့ဆံပင်ကိုတောက်ပြောင်စေပြီး ဦးရေပြားကိုဗောက်ကင်းစင် စေနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါပေမယ့် ခေါင်းလျှော်ရည်တွေကို မကြာခဏအသုံးပြုခြင်းက ဦးရေပြားနဲ့ ဆံကေသာကို တစ်ဖက်တစ်လမ်းကနေထိခိုက်စေနိုင်တာကိုလေ့လာတွေ့ရှိခဲ့ပါတယ်။ တွေ့ရှိချက်တွေအရ အလွန်အကျွံ ခေါင်းလျှော်ခြင်းဟာ ဦးရေပြားကိုယားယံစေပြီးတော့ ဆံပင်ကျွတ်ခြင်းကိုလည်း ဖြစ်စေနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဘက်တီးရီးယားတွေကိုေ-သစေနိုင်ခြင်း

ရေနွေးနွေးနဲ့ ကြာရှည်စွာရေချိုးတာဟာ ခန္ဓာကိုယ်ပေါ်ကရောဂါပိုးမွှားတွေကိုေ-သစေနိုင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ထင်ရပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ပေါ်ကဘက်တီးရီးယားတစ်ချို့ဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဗိုင်းရပ်စ်တွေကိုတိုက်ထုတ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ရေနွေးနွေးနဲ့ မကြာခဏရေချိုးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဘက်တီးရီးယားတွေကိုပါေ-သစေနိုင်ပြီး သင့်အရေပြားရဲ့ microbiome စနစ်ကိုပါအနှောင့်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အသားအရေယားယံခြင်း၊ အက်ကွဲခြင်း၊ နီမြန်းခြင်းတွေကို ခံစားရမှာပါ။ shwekhitonlinetv.com

၄။ ဆံသားပျက်စီးခြင်း

အလှပြင်ဆိုင်တွေမှာခေါင်းလျှော်လျှော်ပြီးခြင်း ဆံပင်ကို Dryer နဲ့ ခြောက်အောင်မှုတ်ခြင်းဟာ လန်းဆန်းတဲ့အသွင်ကိုပေးစွမ်းနိုင်ပေမယ့် နေ့စဉ်ပြုလုပ်ဖို့တော့ မသင့်ပါဘူးနော်။ မကြာခဏခေါင်းလျှော်တာဟာ ဆံပင်ကိုအားနည်းစေသလို ဆံသားကိုကြွတ်ဆတ်ကျိုးလွယ်စေလို့ ကြာလာရင် ပုံသွင်းဖို့ခက်ခဲစေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မျိုးပွားအင်္ဂါ ကျန်းမာရေးကိုထိခိုက်စေခြင်း

ခန္ဓာကိုယ်ပေါ်က မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ချို့ဟာ သဘာဝအတိုင်းသူ့ဘာသာ သန့်ရှင်းရေးလုပ်နိုင်ကြပါတယ်။ သန့်စင်ဆေးတွေအသုံးပြုပြီး ဆေးကြောမယ်ဆိုရင်လည်း အမွှေးရနံ့မပါဝင်ဘဲ သူ့ရဲ့ကျန်းမာတဲ့ PH Level ကိုမထိခိုက်စေနိုင်တဲ့ သန့်စင်ဆေးတွေကိုရွေးချယ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ မကြာခဏ အမွှေးရနံ့ပါတဲ့ ဆပ်ပြာ၊ ဂျယ် တွေနဲ့ဆေးကြောနေမယ်ဆိုရင် ဘက်တီးရီးယားမညီမျှခြင်းမျိုး ဖြစ်ပေါ်နိုင်ပြီး မျိုးပွားမှုဆိုင်ရာ ပြဿနာအချို့ရှိလာနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။