ကမ္ဘာပေါ်က ဖုန်းအသီးသီးရဲ့ အမှတ်တံဆိပ် သက်တမ်းများ

သင်အခု အသုံးပြုနေတဲ့ စမတ်ဖုန်း Brand က ဘာလဲ ? စမတ်ဖုန်းလောကမှာ ရပ်တည်လာတဲ့ ဒီ Brand ရဲ့ သက်တမ်းကရော ဘယ်လောက်ရှိပြီလဲ ? တစ်ကယ်လို့ ကိုယ်အခုလက်ရှိအသုံးပြုနေတဲ့ ဖုန်း Brand ရဲ့ သက်တမ်းကို မသိသေးဘူးဆိုရင်တော့ အောက်မှာ ဖော်ပြပေးထားပါတယ်နော် ….. shwekhitonlinetv.com

၁၀။ Realme – (၃) နှစ်

တရုတ်နိုင်ငံ အခြေစိုက် Realme ကတော့ Oppo ရဲ့ Brand ခွဲတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်ကမှ စျေးကွက်ထဲစတင်ရောက်ရှိလာတာဖြစ်လို့ ဒီ Brand ရဲ့ သက်တမ်းက (၃)နှစ် သာရှိပါသေးတယ်။ shwekhitonlinetv.com

၉။ Oneplus – (၈) နှစ်

သူကလည်း Oppo ကနေဆင်းသက်လာတဲ့ ဖုန်း Brand တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Realme ထက် (၅) နှစ်လောက်စောပြီး စျေးကွက်ထဲရောက်ရှိခဲ့တာမို့လို့ သူ့ရဲ့သက်တမ်းကတော့ (၈) နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Xiaomi – (၁၁) နှစ်

နောက်ထပ် တရုတ်ဖုန်း Brand တစ်မျိုးဖြစ်တဲ့ Xiaomi ကတော့ ဘေဂျင်းမြို့မှာ ရုံးချုပ်ဖွင့်လှစ်ထားပြီး ၂၀၁၀ ခုနှစ်မှာ စျေးကွက်ထဲစတင်ဖြန့်ချိခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်သူ့ရဲ့ သက်တမ်း ကတော့ (၁၁) နှစ်အထိရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Vivo – (၁၂) နှစ်

၂၀၀၉ ခုနှစ်မှာ BBK Electronic ကနေ စျေးကွက်ထဲစတင်ဖြန့်ဖြူးခဲ့တာဖြစ်ပြီး ဒီ Brand ကလည်း တရုတ်နိုင်ငံအခြေစိုက်ပဲဖြစ်ပါတယ်။ Vivo ကတော့ စမတ်ဖုန်းလောကမှာ ရပ်တည်လာတာ (၁၂) နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Oppo – (၁၇) နှစ်

BBK Electronic ရဲ့ ပထမဆုံး စမတ်ဖုန်း Brand ဖြစ်တဲ့ Oppo ကတော့ သက်တမ်း (၁၇) နှစ်ရှိပြီဖြစ်တဲ့ စမတ်ဖုန်း Brand တစ်ခုပါ။ shwekhitonlinetv.com

၅။ Huawei – (၃၄) နှစ်

တရုတ်နိုင်ငံထုတ်စမတ်ဖုန်း Brand တွေထဲမှာတော့ Huawei က စီနီယာအကျဆုံး Brand တစ်ခုဖြစ်ပါတယ်။ ၁၉၈၇ စက်တင်ဘာလ (၁၅) ရက်နေ့မှာ Huawei က စမတ်ဖုန်းလောကထဲ ဝင်ရောက်လာတာဖြစ်လို့ သက်တမ်းအားဖြင့် (၃၄) နှစ်ရှိပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Apple – (၄၅) နှစ်

နည်းပညာမြင့် iPhone တွေကို (၂၀၀၇) ခုနှစ်မှာမှ စတင်ထုတ်လုပ်ဖြန့်ချိတာဖြစ်ပေမယ့် Apple Brand နဲ့ Digital အသုံးအဆောင်ပစ္စည်းတွေကိုတော့ (၁၉၇၇) ခုနှစ်ကတည်းက စျေးကွက်ထဲဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Apple Brand က သက်တမ်း (၄၅) နှစ်ရှိပြီလို့ ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Samsung – (၈၃) နှစ်

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ အခြေစိုက် Samsung ကုမ္ပဏီကတော့ (၁၉၃၈) ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ဒယ်ဂူးက ဂျပန်တွေရဲ့တိုက်ခိုက်သိမ်းပိုက်မှုခံထားရပြီး ဂျပန်အင်ပါယာထဲရောက်နေလို့ Samsung ရဲ့နည်းပညာ အတော်များများက ဂျပန်နည်းပညာတွေလို့ လည်းဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့သက်တမ်းကတော့ အခုအချိန်မှာ (၈၃) နှစ်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Motorola – (၉၃) နှစ်

အမေရိကန်နိုင်ငံ ချီကာဂိုမြို့အခြေစိုက် Motorola ကတော့ ဖုန်းလောကရဲ့ ဘိုးအေတွေထဲက တစ်ဆူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီ Brand ကိုအသုံးပြုတဲ့သူ နည်းမယ်ထင်ပါတယ်။ shwekhitonlinetv.com

၁။ Nokia – (၁၅၆) နှစ်

Nokia ကတော့ ဖုန်းလောကရဲ့ ခေတ်အဆက်ဆက်ကို နည်းပညာ၊ ဒီဇိုင်း မျိုးစုံနဲ့ ဖြတ်သန်းလာခဲ့တဲ့ Brand တစ်ခုဖြစ်သလို သက်တမ်းအားဖြင့်လည်း အရင့်ဆုံး Brand တစ်ခုဖြစ်ပါတယ်။ ဖင်လန်နိုင်ငံ အခြေစိုက် Nokia Brand ရဲ့ သက်တမ်းကတော့ (၁၅၆) နှစ်အထိအောင်ရှိပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးအားလုံးပဲကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ ဒီလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အမြဲဖတ်ရှုချင်တယ်ဆိုရင်တော့ Shwe Khit Online TV Page လေးကို Like & Follow လုပ်ထားဖို့တော့လိုမယ်နော် ….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။