ပရိသတ်အချစ်တော် ခေတ်ဟောင်းဆယ်လီတွေရဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ အချက်အလက်များ

အခုတစ်ခေါက်မှာတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့ကြတဲ့ မင်းသားမင်းသမီးတွေရဲ့ လူသိပ်မသိတဲ့ ပိတ်ကားနောက်ကွယ်ကအကြောင်းအရာလေးတွေကိုဖော်ပြပေးချင်းပါတယ်။ ဘယ်လိုတောင် မယုံကြည်နိုင်စရာကောင်းတဲ့ အချက်တွေဖြစ်နေမလဲဆိုတာဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com

၁။ အမျိုးသမီး (၂၀၀၀) ကျော်နဲ့အိပ်ခဲ့ဖူးတဲ့ ချာလီချက်ပလင်

ကမ္ဘာကျော်ဟာသ သရုပ်ဆောင်ကြီးချာလီချက်ပလင်ဟာ သူ့ခေတ်သူ့အခါကတော့ အတော်လေးကိုမြာပွေတဲ့သူအဖြစ်နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ အမျိုးသမီးပေါင်း (၂၀၀၀) ကျော်နဲ့ အိပ်စက်ခဲ့ဖူးကြောင်းလည်း ကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။ သူ့ဘဝတစ်လျှောက်မှာ အိမ်ထောင် (၄) ဆက်ကျခဲ့ဖူးပြီး သားသမီး (၁၁) ဦးထွန်းကားခဲ့ပါတယ်။ shwekhitonlinetv.com

၂။ အပျိုစင်တွေကိုပဲကြိုက်နှစ်သက်တဲ့ ပရက်စလေ

Rock & Roll စတားကြီး အဲလ်ဗစ်ပရက်စလေကတော့ လိင်ကိစ္စမှာအပျိုစင်မိန်းကလေးတွေကိုသာ ကြိုက်နှစ်သက်သဘောကျတဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လိင်ကိစ္စတင်သာမကဘဲ သာမန်ဆက်ဆံရေးတွေမှာတောင်အပျိုစင်တွေနဲ့ပဲပြောဆိုဆက်ဆံချင်တဲ့ Psycho ရှိသူတစ်ဦးလို့လည်း ဆိုကြပါတယ်။ အတွင်းသတင်းတွေအရ သူ့အတွက်ခန့်တဲ့အမျိုးသမီးဝန်ထမ်းတွေကိုတောင်မှ အသက် (၁၆) နှစ်မကျော်သေးဘဲ လိင်ကိစ္စတစ်ခါမှအတွေ့အကြုံမရှိတဲ့ အမျိုးသမီးငယ်တွေကိုသာခန့်အပ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ (၁၄) နှစ်သမီးရဲ့ သတ်တာကိုခံခဲ့ရတဲ့ ဂန်းစတားတစ်ဦး

ဂျွန်နီစတန်ပါနာတို ဆိုတဲ့သူဟာတစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့တဲ့ ဂန်းစတားတစ်ဦးဖြစ်သလို ရုပ်ရှင်တွေမှာလည်း ဗီလိန်အဖြစ်သရုပ်ဆောင်ခဲ့သူပါ။ ဒါပေမယ့် သူ့အနေနဲ့လူ့ဘဝကြီးမှာ ကြာကြာမနေလိုက်ရဘဲ အသက် (၃၂) နှစ်အရွယ်မှာတင်ဘဝဆုံးခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒီလိုအသက်ဆုံးရှုံးခဲ့ရတာဟာ ပြိုင်ဘက်တွေနဲ့ခိုက်ရန်ဖြစ်ပွားခြင်းကြောင့်မဟုတ်ဘဲ သူ့ချစ်သူရဲ့သမီးဖြစ်သူက သတ်တာကိုခံခဲ့ရတာဖြစ်ပါတယ်။ မြှာပွေတဲ့ စတန်ပါနာတိုဟာ လာနာတာနာ ဆိုတဲ့သူ့ရဲ့အငယ်အနှောင်းအမျိုးသမီးအိမ်မှာရှိနေတုန်းမှာ တာနာနဲ့စကားများရန်ဖြစ်ပြီး တာနာကို ထိုးကြိတ်ရိုက်နှက်ခဲ့ပါတယ်။ ဒါကိုမခံနိုင်တဲ့ တာနာရဲ့ (၁၄) နှစ်အရွယ်သမီးဖြစ်သူက စတန်ပါနာတိုကို ဟင်းသီးဟင်းရွက်လှီးတဲ့ ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကြောင်းကို ဖြစ်ရပ်မှန်ဇာတ်လမ်းအဖြစ်ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ရာမှာအတော်လေးကို လူကြိုက်များခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၄။ ကျိန်စာသင့်နေတဲ့ ရုပ်ရှင်ဇာတ်ကား

၁၉၆၁ ခုနှစ်မှာတော့ The Misfits ဆိုတဲ့ဇာတ်ကားကို နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ မာရီလင်မွန်ရိုး (Marilyn Monore) , ကလက်ဂတ်ဘယ် (Clark Gable) , မောင့်ဂိုမာရီကလစ်ဖ် (Montgomery Clift) တို့ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ နောက်ပိုင်းမှာ အတော်လေးကိုဝက်ဝက်ကွဲအောင်မြင်ခဲ့တယ်လို့ဆိုနိုင်ပေမယ့် မယုံနိုင်စရာအဖြစ်ဆိုးတွေကိုကိန်းအောင်းနေတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးနေစဉ်အတွင်းမှာ မာရီလင်မွန်ရိုးဟာ စိတ်ငြိမ်ဆေးတွေအလွန်အကျွံသောက်သုံးပြီး သေဆုံးခဲ့သလို၊ ကလက်ဂတ်ဘယ် ဟာလည်း ဒီဇာတ်ကားထွက်ရှိရှိပြီးချင်း နှလုံးရောဂါနဲ့သေဆုံးခဲ့ရပါတယ်။ နောက် (၅) နှစ်အကြာမှာ ဒီဇာတ်ကားကိုအခြေခံပြီး နောက်ဆက်တွဲအဖြစ်ဇာတ်ကားတစ်ကားထပ်မံရိုက်ကူးဖို့ အကြောင်းဖန်လာပါတယ်။ အဓိကဇာတ်ဆောင်အဖြစ် ယခင်ဇာတ်ကားဟောင်းမှာကပါဝင်ခဲ့တဲ့ မောင့်ဂိုမာရီကလစ်ဖ်ကို လျာထားခဲ့ပေမယ့် မင်းသားကအကြောက်အကန်ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူငယ်ချင်းဖြစ်သူဒါရိုက်တာရဲ့ ချော့မော့ပြောဆိုမှုနဲ့ ဇာတ်ကားကိုပါဝင်ဖို့သဘောတူခဲ့ပါတယ်။ မကြာပါဘူး သူလည်း ရိုက်ကွင်းအတွင်း နှလုံးဖောက်ပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။ shwekhitonlinetv.com

၅။ သွားပုပ်လေလွင့် ကောလဟလများနှင့် မင်းသမီး

Clara Bow ဆိုတာကတော့ အသံတိတ်ရုပ်ရှင်ခေတ်ရဲ့ အကျော်ကြားဆုံးမင်းသမီးတစ်ဦးဖြစ်ခဲ့သူပါ။ သူမအနေနဲ့ Coast Reporter ဆိုတဲ့ လူပြိန်းကြိုက်သတင်းစာနဲ့ စကားအခြေအတင်ငြိစွန်းခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် Coast Reporter သတင်းစာဟာ သူမရဲ့ရုပ်ပုံတွေကိုအသုံးချပြီး မဟုတ်မှန်တဲ့သတင်းတွေကိုရေးသားခဲ့ပါတယ်။ အဲ့ဒီသတင်းတွေထဲမှာတော့ သူမကို ဆေးသမား၊ အရက်သမား၊ ချူဆီ၊ ပြည့်တန်ဆာ စသဖြင့်ရေးသားသုံးနှုန်းထားပြီး အပုပ်ချခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီလုပ်ရပ်အတွက် Coast Reporter သတင်းစာရဲ့ တာဝန်ရှိသူဟာ ထောင်ဒဏ် (၈) နှစ်ကျခံခဲ့ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။