ကိုယ်အလေးချိန်လျှော့ချပြီးနောက် မယုံနိုင်စရာကောင်းလှတဲ့ ခန္ဓာကိုယ်အပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့ကြသူများ

လူတော်တော်များများကတော့ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့အတွက် တသက်မှာ တခါမက ကြိုးစားခဲ့ဖူးကြမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့တကယ့်စွမ်းရည်နဲ့ အိမ်မက်ကို သိရှိကြသူတွေသာ ဝိတ်ချပြီး ခန္ဓာကိုယ်အပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကိုယ်ခန္ဓာအပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့ပြီး တခြားသူတဦးလို ပြောင်းလဲသွားနိုင်ခဲ့ကြတဲ့သူတွေရဲ့ ပုံရိပ်တွေကို တင်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ စုံတွဲလိုက်ပြောင်းလဲနိုင်ခဲ့ခြင်း

ပုံမှာတွေ့မြင်ရတဲ့အတွဲကတော့ စုံတွဲလိုက် ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။​အမျိုးသားက ပေါင် ၇၀ ဝိတ်ကျခဲ့ပြီး အမျိုးသမီးကတော့ ၅၆ ပေါင် ဝိတ်ချနိုင်ခဲ့ပါတယ်။ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို စုံတွဲလိုက် ရရှိနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ပေါင်ချိန်တရာကျော် လျှော့ချနိုင်ခဲ့သူ

၂ နှစ်အတွင်းမှာ ပေါင်ချိန် ၁၅၁ ပေါင်အထိ ဝိတ်ချနိုင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ၁ ပေါင် ဝိတ်ကျတိုင်းမှာ ပိုကီမွန်အရုပ်လေး ၁ ရုပ်ကို အမှတ်အသားအဖြစ် စာရွက်မှာ ကပ်ခဲ့ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့အတိုင်း ပိုကီမွန်အရုပ်ပေါင်း ၁၅၀ ကျော်ကို ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၃။ စုံတွဲအလိုက် ပေါင်ချိန်တရာကျော် ဝိတ်ချနိုင်ခဲ့သူ

စုံတွဲလိုက် ပေါင်ချိန် ၁၇၀ ကျော်အထိ ဝိတ်ချနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ပုံထဲမှာ တွေ့မြင်ရတဲ့စုံတွဲ ၂တွဲက အတူတူလားဆိုတာကိုတောင် မယုံနိုင်ဖြစ်စေလောက်တဲ့အထိ ပြောင်းလဲနိုင်ခဲ့ကြပါတယ်။ shwekhitonlinetv.com

၄။ ကျန်းမာတဲ့ လူနေမှုဘဝကို ပြောင်းလဲနိုင်ခဲ့သူ

ပုံမှာတွေ့မြင်ရတဲ့ မိန်းကလေးဟာ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်ဖို့အတွက် ၆ နှစ်ကျော်လောက် ကြိုးစားခဲ့ရပါတယ်။ ပိုလျှံနေတဲ့ ပေါင် ၁၀၀ ကျော်ကို လျှော့ချနိုင်ခဲ့ပြီးနောက် ညာဘက်မှာမြင်ရတဲ့ ပုံစံအတိုင်း လှပနေတာကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၅။ ဗိုက်အဆီတွေကို နှုတ်ဆက်နိုင်ခဲ့သူ

ကလေး ၃ ယောက်အဖေ Single father တယောက်ရဲ့ ကြီးမားတဲ့ အပြောင်းအလဲကို တွေ့မြင်ရမှာပါ။​ကလေး ၃ ယောက်ကို သူတယောက်တည်း ပြုစုပျိုးထောင်ရတာကြောင့် စိတ်ဓာတ်ကျရောဂါကို ခံစားခဲ့ရသူပါ။ ဒါပေမယ့်လည်း အရှုံးမပေးပဲ ၂ နှစ်အတွင်းမှာ ပေါင်ချိန် ၈၄ ပေါင်အထိ လျှော့ချနိုင်ခဲ့ပြီး ကြွက်သားအပြည့်နဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။​ shwekhitonlinetv.com

၆။ ၁ နှစ်အတွင်း လှပတဲ့ အပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့သူ

၁ နှစ်တာကာလအတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲကို ပြုလုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါသလား။ ဒီမိန်းကလေးကတော့ ၁ နှစ်အတွင်း ပေါင်ချိန် ၁၀၀ ကျော်ကို လျှော့ချနိုင်ခဲ့ပြီး လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။​ shwekhitonlinetv.com

၇။ မယုံနိုင်လောက်တဲ့ ပြောင်းလဲမှု

ပုံထဲက အမျိုးသမီးဟာ ၁ ယောက်တည်းပါဆိုတာ ယုံဖို့ ခက်ခဲမယ်ထင်ပါတယ်။ သူမကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာ ဝိတ်ချနိုင်ခဲ့တာကြောင့် ပေါင်ချိန် ၁၇၀ ကျော်အထိ လျှော့ချနိုင်ခဲ့သူပါ။ shwekhitonlinetv.com

၈။ လည်ပင်းပြန်ဖော်နိုင်ခဲ့သူ

ခန္ဓာကိုယ်နဲ့မလိုက်ဖက်စွာ အဝလွန်ခဲ့တာကြောင့် လည်ပင်းပျောက်တဲ့အထိ ဖြစ်ခဲ့ရတဲ့ အမျိုးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲခဲ့တာကြောင့် ၁၆လအတွင်း ပေါင်ချိန် ၁၄၁ ပေါင်အထိ လျှော့ချနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၉။ ငယ်ရွယ်နုပျိုတဲ့ အပြောင်းအလဲကို ဖန်တီးနိုင်ခဲ့သူ

ကိုယ်အလေးချိန်လျှော့ချခြင်းအားဖြင့် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုလည်း ပြန်လည်နုပျိုစေတယ်ဆိုတာ သက်သေပြခဲ့သူပါ။ သူမဟာ ပေါင်ချိန် ၉၂ ပေါင်အထိ လျှော့ချနိုင်ခဲ့ပြီးနောက်မှာ ပိုမိုငယ်ရွယ်တဲ့ အမျိုးသမီးတယောက်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၀။ ပိုမိုသွယ်လျတဲ့မျက်နှာကို ရယူနိုင်ခဲ့သူ

ဘယ်ဘက်က ပုံမှာတော့ မျက်နှာမှာ အဆီတချို့ကြောင့် ဖောင်းကားနေခဲ့တာကို တွေ့မြင်ရမှာပါ။ ဒါပေမယ့် ၂ နှစ်အတွင်းမှာ ပေါင်ချိန် ၉၁ ပေါင်အထိ လျှော့ချနိုင်ခဲ့တဲ့ အစွမ်းကြောင့် ပိုမိုသွယ်လျတဲ့ မျက်နှာလေးကို ရရှိခဲ့တဲ့ မိန်းကလေးရဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။​ shwekhitonlinetv.com

၁၁။ လအနည်းငယ်အတွင်း ပြောင်းလဲနိုင်ခဲ့သူ

ကြီးမားတဲ့ အပြောင်းအလဲကို ပြုလုပ်နိုင်ဖို့အတွက် သေးငယ်တဲ့အရာလေးတွေကနေ စတင်ရမှာပါ။ ၇လနဲ့ ရက်ပေါင်း ၁၅ရက်အတွင်းမှာ အစားနည်းနည်းစားသုံးပြီး လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်နိုင်တာကြောင့် ၇၂ ပေါင်အထိ လျှော့ချနိုင်ခဲ့တဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝိတ်ချမယ်ဆိုရင် ကြီးကြီးမားမားတွေစလုပ်တာထက် လေ့ကျင့်ခန်းအနည်းငယ်ကို ပုံမှန်ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ shwekhitonlinetv.com

၁၂။ လည်ပင်းအဆီတွေကို ချေဖျက်နိုင်ခဲ့သူ

ပုံမှာတွေ့မြင်ရတဲ့ အမျိုးသားကတော့ ၁ နှစ်နဲ့ ၁ လအကြာ ပြောင်းလဲခဲ့တဲ့ အခြေအနေကို ယှဥ်ပြခဲ့ပါတယ်။ ပေါင်ချိန် ၉၀ ကို လျှော့ချနိုင်ခဲ့ပြီးနောက်မှာတော့ ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ shwekhitonlinetv.com

၁၃။ မိန်းမလှလေးအဖြစ် ပြောင်းလဲနိုင်ခဲ့သူ

မိန်းမလှလေးအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ၁ နှစ်နဲ့ ၃ လအချိန်ယူခဲ့ရပါတယ်။ ကိုယ်အလေးချိန် ပေါင်ချိန် ၁၅၀ ကျော်ကို လျှော့ချပြီးနောက်မှာတော့ အားလုံးအံ့သြသွားစေခဲ့တဲ့ အပြောင်းအလဲကို ချပြနိုင်ခဲ့တဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ မဖြစ်နိုင်ဘူးဆိုတာ မရှိကြောင်းသက်သေပြခဲ့သူ

သူမကတော့ အားလုံးထဲမှာ အကြီးမားဆုံး အပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့သူပါ။ ၂ နှစ်အတွင်း ပေါင်ချိန် ၂၂၀ ကို လျှော့ချနိုင်ခဲ့ပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိကြောင်းသက်သေပြနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။ shwekhitonlinetv.com

၁၅။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရရှိခဲ့သူ

Pasquale Brocco ဆိုတဲ့ ပုံမှာတွေ့မြင်ရတဲ့ အမျိုးသားကတော့ တချိန်က ပေါင်ချိန် ၆၀၅ ပေါင်အထိ ကိုယ်အလေးချိန်ရှိခဲ့သူပါ။ အပြင်းအထန် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ခဲ့ပြီးနောက် အခုခါမှာတော့ ကိုယ်အလေးချိန် ၃၂၆ ပေါင်နဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply