လူတို့ရဲ့ အဆုံးမရှိတဲ့ တီထွင်ကြံဆမှုတွေကို သက်သေပြနေတဲ့ ဓာတ်ပုံများ

တီထွင်ကြံဆ နည်းလမ်းရ ဆိုတဲ့ စကားပုံအတိုင်း လူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကတော့ တကယ့်ကို အဆုံးမရှိပါဘူးနော်။ အဆုံးမရှိတဲ့ လူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို သက်သေပြနေတဲ့ ပုံရိပ်တွေကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ဖုန်းအားသွင်းဖို့ အဓိက

ဖုန်းအားသွင်းရင်း ဖုန်းတင်စရာခုံမရှိ ဖြစ်နေပါသလား ။ ခေါင်းပေါ်တင်ထားရင်း ဖြေရှင်းနိုင်ပါပြီနော်။ ကံကောင်းတာတခုက သူ့ရဲ့ ဖုန်းအားသွင်းကြိုးက ရှည်နေတာပါ။ တကယ်လို့ အားသွင်းကြိုးက တိုနေမယ်ဆိုရင်တော့ နောက်ထပ် နည်းလမ်းသစ်ရှာရမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၂။ စာရွက်ဖောက်စက်

စာရွက်ဖောက်စက် မရှိလို့ စိတ်ညစ်စရာ မလိုပါဘူးနော်။ ပုံထဲမှာ တွေ့ရတဲ့သူကတော့ စာရွက်ဖောက်စက်မဝယ်ပဲ ရှိတာနဲ့ အားကြိုးမာန်တက် စာရွက်ကို ဖောက်နေတာ တွေ့ရမှာပါ။ ဒါပေမဲ့ စာရွက်တွေ စုတ်ပြဲသွားမယ့် အန္တရာယ်ကိုတော့ ကြည့်ရှောင်ဖို့ လိုမယ်ထင်ပါတယ်။ shwekhitonlinetv.com

၃။ ဟင်းချက်ဖို့ မီးဖိုမရှိတဲ့အခါ

မီးဖိုကလည်းမရှိ ဗိုက်ကလည်း ဆာနေတဲ့အခါ တီထွင်ကြံဆနိုင်စွမ်းတွေ မြင့်တက်သွားပုံရပါတယ်။ မီးပူပေါ်မှာ အိုးကို တင်ပြီး ဟင်းချက်ဖို့ ကြိုးစားနေတာက တီထွင်နိုင်စွမ်း မြင့်မားတယ်ဆိုပေမဲ့ အန္တရာယ်များလွန်းတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၄။ နှင်းထုထဲ ကားမောင်းနိုင်ဖို့

နှင်းထုထဲမှာ ကားမောင်းနိုင်ဖို့အတွက် ကားရဲ့ ရှေ့မှာ နှင်းကော်တဲ့ဂေါ်အဖြစ် ဘုတ်ပြားတပ်ထားတာကို တွေ့ရမှာပါ။ လူမပင်ပန်းစေဖို့ ဥာဏ်ကို လွှာသုံးတတ်ရမယ်ဆိုတာကို သက်သေပြနေတဲ့ ပုံလေးပါပဲနော်။ shwekhitonlinetv.com

၅။ မိုးတွင်းစီးဖိနပ်

မိုးရာသီမှာ မိုးရေစိုခံနိုင်ဖို့အတွက် ဖိနပ်ဝယ်ဖို့် ခေါင်းစားမနေပါနဲ့တော့နော်။ ရေသန့်ဘူးကိုလည်း ဒီလို စီးနိုင်ပါပြီတဲ့ ။ ဒါပေမဲ့ မိုးရေထဲ ချော်မလဲဖို့ကိုတော့ အာမမခံပါဘူးနော်။ shwekhitonlinetv.com

၆။ မုတ်ဆိတ်မွှေးရိတ်ကိရိယာ

မုတ်ဆိတ်မွှေးရိတ်တဲ့စက်မှာ စက်အသွားတွေ ပြုတ်ထွက်သွားမယ်ဆိုရင်တော့ ဒီနည်းလေးကို သုံးကြည့်ပါ။ မုတ်ဆိတ်ရိတ်တဲ့ဓားသွားတွေနေရာမှာ ခက်ရင်းကို အစားထိုးပြီး အသုံးပြုထားတာကို တွေ့ရမှာပါ။ တကယ်အလုပ်ဖြစ်သလားဆိုတာကတော့ ဘေစင်ထဲက သူ့ရဲ့ မုတ်ဆိတ်မွှေးတွေကို ကြည့်နိုင်ပါတယ်။ shwekhitonlinetv.com

၇။ ရေကူးဝတ်စုံ

ရေလည်းကူးချင်တယ်။ အသက်ကယ်အင်္ကျီလည်း မရှိဘူးဆိုတဲ့သူတွေအတွက် တီထွင်ဖန်တီးထားတဲ့ ရေကူးဝတ်စုံပဲ ဖြစ်ပါတယ်။ အချိန်ကြာကြာရေကူးမယ်ဆိုရင်တော့ တိတ်တွေကွာလာပြီး ရေဘူးတွေ ပြုတ်ထွက်မယ်ထင်ပါတယ်နော်။ shwekhitonlinetv.com

၈။ ၂၁ရာစု အလုပ်လုပ်နည်း

စာရွက်ကို ငုံ့ကြည့်လိုက် ကွန်ပျူတာမှာ စာရိုက်လိုက်နဲ့ မလုပ်ချင်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးပါ။ အခုလို စာရွက်နဲ့ Laptop နဲ့ တွဲချိတ်ထားလိုက်တော့ အလုပ်လုပ်ရလည်း ပိုမြန်သွားမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၉။ ကပ်ခွာမီးပွိုင့်

မီးပွိုင့်ထားဖို့ ဘတ်ဂျက်မလုံလောက်လို့လား ဘာကြောင့်ရယ်မသိ အခုလို လုပ်ထားကို တွေ့ရပါတယ်။ မီးပွိုင့်အလုံးတွေကို တိတ်တွေနဲ့ ပတ်ထားပြီး အခုလို ပြုလုပ်ထားတာကတော့ တကယ့်ကို ကပ်ခွာမီးပွိုင့်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်နေပါတယ်။ shwekhitonlinetv.com

၁၀။ ဂျယ်လီစားဇွန်း

ဂျယ်လီစားဖို့်အတွက် ဆိုင်က ဇွန်းပေးဖို့ မေ့သွားတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို သုံးနိုင်ပါတယ်။ ဂျယ်လီဘူးခွံရဲ့ အဖုံးကို ဇွန်းပုံစံလုပ်ပြီး အသုံးပြုသွားတာကတော့ တကယ့်ကို​ ဥာဏ်ကြီးရှင်ပါပဲ။ shwekhitonlinetv.com

၁၁။ ကားမှန် ဖုတ်သုတ်ဝတ်

ဖုန်တင်နေတဲ့ ကားမှန်တွေကို သုတ်ဖို့အတွက် အရမ်းပျင်းနေမယ်ဆိုရင်တော့ ဒီလိုလေး လုပ်ကြည့်နိုင်ပါတယ်။ ကားရဲ့ ရေသုတ်တဲ့နေရာမှာ အဝတ်တွေပတ်ထားပြီး ခလုတ်နှိပ်လိုက်မယ်ဆိုရင်တော့ တခါတည်း ပြဿနာကို ဖြေရှင်းပြီး ဖြစ်သွားမှာပါ။ shwekhitonlinetv.com

၁၂။ ဒရိုင်ဘာထိုင်ခုံ

ကားမောင်းတဲ့သူရဲ့ ဘက်ခြမ်းမှာ ထိုင်ခုံလဲထားတာကို တွေ့ရမှာပါ။​ဒါပေမဲ့ အခုမြင်နေရတဲ့ ထိုင်ခုံကတော့ တကယ့်ကို သက်တောင့်သက်သာ ဖြစ်စေမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၁၃။ မှန်မရှိတဲ့အခါ ဖြေရှင်းနည်း

မုတ်ဆိတ်ရိတ်ဖို့ အလှပြင်ဖို့အတွက် မှန်မရှိဖြစ်နေပါသလား။ ကိုယ့်ကိုယ်ကို ဗီဒီရိုရိုက်ထားရင်း TV နဲ့ ချိတ်စက်ပြီးကြည့်ရင်း မုတ်ဆိတ်ရိတ် အလှပြင်နိုင်ပါပြီ။ ဒီပုံကတော့ ၂၀၀၀ခုနှစ်လောက်ကပုံပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ဖုန်းတွေရဲ့ ကင်မရာနဲ့တင် ဒီပြဿနာကို ဖြေရှင်းနိုင်မယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၁၄။​ ဆီဖြည့်နည်း

ပုံထဲမှာ တွေ့ရတဲ့သူကတော့ ကားဆီဖြည့်ဖို့အတွက် ပိုက်မရှိတာကြောင့် ရှိတာနဲ့ ဖြေရှင်းလိုက်တာပဲ ဖြစ်ပါတယ်။ တခုခု လွဲချော်သွားမယ်ဆိုရင်တော့ ဆီတွေမှောက်ကျပြီး ပေကျံကုန်မှာကို မြင်ယောင်မိပါရဲ့နော်။ shwekhitonlinetv.com

၁၅။ ဘတ်တီးရီးယားကာကွယ်နည်း

ဒီနေ့ခေတ် သောင်းကျန်းနေတဲ့ ဘတ်တီးရီးယားတွေကို ဒီလိုနည်းလမ်းနဲ့ ကာကွယ်မှပဲ ရတော့မယ် ထင်ပါရဲ့နော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။