ရုရှားနိုင်ငံ ပြတိုက်ထဲက သူ့အလိုလို လှုပ်ရှားလာခဲ့တဲ့ ဥက္ကာခဲကြီး

ရုရှားနိုင်ငံ ချယ်ယာဘင့်စ် (Chelyabinsk) မြို့မှာရှိတဲ့ Southern Urals ပြည်နယ်သမိုင်းပြတိုက်မှာပြသထားတဲ့ ဥက္ကာခဲအပိုင်းအစတစ်ခုဟာ သူ့အလိုလို လှုပ်ရှားမှုရှိခဲ့တာကြောင့် ပြတိုက် ဝန်ထမ်းတွေအကုန်လုံး အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

ဒီ ဥက္ကာခဲအပိုင်းအစဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကမ္ဘာမြေပေါ်ကို ကျရောက်ခဲ့သည့် ဥက္ကာခဲကြီးရဲ့ အပိုင်းအစတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီတုန်းက အဆိုပါ ဥက္ကာခဲကျရောက်မှုကြောင့် လူပေါင်း (၁၅၀၀) လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ shwekhitonlinetv.com

အခုအခါမှာတော့ ဒီဥက္ကာခဲကို ရုရှားနိုင်ငံ Chelyabinsk က Southern Urals ပြည်နယ်သမိုင်းပြတိုက်မှာပြသထားပြီး လာရောက်လေ့လာသူတွေ ရှိနေစဉ်မှာပဲ ဥက္ကာခဲဟာ လှုပ်ရှားမှုရှိတဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဥက္ကာခဲကိုထည့်သွင်းပြသထားတဲ့ အမိုးခုံးဟာ အထဲကလှုပ်ရှားမှုတစ်ခုခုကို ခြေရာခံမိတာကြောင့် အပေါ်ကိုမြင့်တက်လာခဲ့တာကို Youtube မှာ ပြသထားတဲ့ ဗွီဒီယိုဖိုင်တွေမှာ သိသိသာသာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဝန်ထမ်းတွေအနေနဲ့ကတော့ ဒီမှန်အမိုးခုံးကို မည်သူကမှဖွင့်ဖို့ ကြိုးပမ်းခဲ့ခြင်းမရှိကြောင်း အခိုင်အမာဆိုနေကြ ပြီး အချက်ပေးသံတွေကြားကြားချင်းသွားကြည့်တဲ့ အချိန်မှာတော့ ဥက္ကာခဲကရုန်းကြွမယ့်ပုံသဏ္ဍာန်မျိုးရှိနေတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ ကောလဟလတွေ ထင်ကြေးပေးမှုတွေအမျိုးမျိုးထွက်ပေါ်လာလျက်ရှိပါတယ်။ အချို့ကလည်း ဒီဥက္ကာခဲဟာ စကြဝဠာထဲကိုပြန်သွားချင်နေတာကြောင့်အခုလိုမျိုးဖြစ်တာလို့ ဆိုကြသလို အချို့ကလည်း သူခိုးတစ်ဦးဦးက အဝေးထိန်းခလုတ်နဲ့ ဥက္ကာခဲကို ခိုးယူဖို့ကြံစည်နေတယ်လို့လည်း ထင်ကြေးပေးတာမျိုးရှိနေပါတယ်။ shwekhitonlinetv.com

ပြတိုက်၏ဒါရိုက်တာ ဗလာဒီမာ ဘိုဂ်ဒါနိုစကီး (Vladimir Bogdanovsky) က “အမိုးခုံးရုတ်တရက် မြင့်တက်လာရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ မဖော်ထုတ်နိုင်သေးပါဘူး။ လျှပ်စစ်နဲ့ ဝါယာကြိုးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ အားလုံးကတော့ ဒီမှန်ခုံးဟာသူ့အလိုလို ဖွင့်ဖို့ မဖြစ်နိုင်ဘူးလို့ တညီတညွတ်တည်း ပြောခဲ့ပါတယ်” လို့ဆိုခဲ့ပြီး ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ ခေါင်းခြောက်နေပုံရပါတယ်။ shwekhitonlinetv.com

ကဲ ဒီအဖြေရှာရခက်နေတဲ့ ဥက္ကာခဲနဲ့ ပတ်သတ်လို့ ရွှေခေတ်ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်လေးတွေကို လည်းပြောပြပေးသွားကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply