ယူကရိန်းဘက်ကနေ ဝင်တိုက်ပေးနေတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး စနိုက်ပါသမား

ယူကရိန်းနှင့်ရုရှားတို့ရဲ့ ပြင်းထန်သောတိုက်ပွဲများကြားမှာတော့ အခုဆိုရင်ကမ္ဘာ့ကြောက်စရာအကောင်းဆုံး အဖြစ်သတ်မှတ်ခံထားရတဲ့ ထိပ်တန်းစနိုက်ပါသမားတစ်ဦးရောက်ရှိ တိုက်ပွဲဝင်နေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့အမည်ရင်းကိုတော့ အတိအကျမသိရှိရဘဲ စစ်ပွဲတွေထဲမှာတော့ သူ့ကို ဝါလီ “Wali” လို့ ခေါ်ဆိုကြပါတယ်။ ဝါလီ ဆိုတာဟာ အာရဗီဘာသာစကားနဲ့ အုပ်ထိန်းသူ (ဒါမှမဟုတ်) ကာကွယ်သူလို့ အဓိပ္ပါယ်ရပါတယ်။ shwekhitonlinetv.com

ဝါလီဟာ ကနေဒါ JTF-2 (Joint Task Force 2) မှတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီး အကွာအဝေး (၂.၂) မိုင်မှာရှိတဲ့ ရန်သူကိုစနိုက်ပါနဲ့ စံချိန်တင်ပစ်ခတ်ထားနိုင်တဲ့သူအဖြစ် စစ်မြေပြင်မှာတော့ လူသိများလှပါတယ်။ နောက်ပြီး သူ့ရဲ့စနိုက်ပါလက်ချက်ကြောင့် ကျဆုံးခဲ့တဲ့ ရန်သူစစ်သားအရေအတွက်ဟာ ဒါဇင်နဲ့ချီပြီး ရှိခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

ဝါလီဟာ လက်ရှိအချိန်မှာအသက် (၄၀) အရွယ်ရှိပြီဖြစ်ပြီး ပြင်သစ်-ကနေဒါ ကပြားတစ်ဦးဖြစ်ကာ ကွန်ပျူတာ ပရိုဂရမ်မာတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ လက်ရွေးစင် ကနေဒါစနိုက်ပါသမားအဖြစ် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း အာဖဂန်နစ္စတန် ကန်ဒါဟာ စစ်ဆင်ရေးများမှာ နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

ဝါလီအနေနဲ့ ယူကရိန်းသမ္မတ ဇီလင်စကီးရဲ့ဖိတ်ခေါ်ချက်အရ ယူကရိန်းနိုင်ငံကို စေတနာ့ဝန်ထမ်းအဖြစ် ရုရှားကိုပူးပေါင်းတိုက်ခိုက်ဖို့အတွက် အခြားကနေဒါတပ်သားတွေနဲ့အတူ ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိလာတာဖြစ်ပြီး ရန်သူစစ်သား (၆) ဦးကိုရောက်ရောက်ချင်း ရှင်းလင်းထားပြီးဖြစ်ပါတယ်။ shwekhitonlinetv.com

ဝါလီအနေနဲ့ သူ့ရဲ့ဇနီးနဲ့ သားဖြစ်သူကို ထားခဲ့ပြီး ယူကရိန်းစစ်မြေပြင်ကိုလာရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့သားကတော့ လာမည့်အပတ်မှာကျရောက်မယ့် ပထမဆုံးမွေးနေ့ကို ဖခင်ဖြစ်သူမပါဝင်ဘဲ ကျင်းပရတော့မှာဖြစ်ကြောင်းလည်း ဝါလီက ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply