ပညာရှင်တွေကို ခေါင်းခဲသွားစေခဲ့တဲ့ ထူးဆန်းသော ရှာဖွေတွေ့ရှိမှုကြီးများ

လက်ရှိ မျက်မှောက်ခေတ်မှာ နည်းပညာတွေ တိုးတက်လာမှုရဲ့ ကောင်းကျိုးတွေက အများကြီးပါပဲ။ အခုဆိုရင် တစ်ချို့သောနည်းပညာတွေကို သုံးပြီး ရှေးခေတ်က ဘိုးဘေးဘီဘင်တွေရဲ့ အမွေအနှစ်ပစ္စည်းတွေနဲ့ မျိုးတုန်းပျောက်ကွယ်သွားတဲ့ သက်ရှိရုပ်ကြွင်းတွေကိုပါ နှံ့နှံ့စပ်စပ် ရှာဖွေ လာနိုင်ကြပါပြီ ။ ဒါ့ကြောင့် အခုတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးအတွက် ဗဟုသုတရစေရန် လူသားတွေရဲ့ ရှာဖွေတွေ့ရှိမှုတွထဲက ထူးထူးဆန်းဆန်းတွေ့ခဲ့တာတွေကို ဖော်ပြပေးမှာပါပဲ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို သေချာ လေ့လာကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ Moba ငှက်

ငှက်ကုလားအုတ် မျိုးစိတ်တွေနဲ့ အတော်လေးကို ဆင်တူတဲ့ ဒီ Moba ငှက်ကြီးတွေဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁၅၀၀ ) လောက်တုန်းက ယခု နယူးဇီလန်နိုင်ငံလို့ ခေါ်တဲ့ နယ်မြေတစ်ဝိုက်မှာ ကျက်စားခဲ့ကြတာလည်း ဖြစ်ပါတယ်။ အခုတော့ Moba ငှက်ကြီးတွေဟာ Māori လူမျိုးစုတွေရဲ့ အမဲလိုက် သတ်ဖြတ်တာကို ခံရပြီး မျိုးတုန်း ပျောက်ကွယ်သွားကြတာလည်း ဖြစ်ပါတယ်။ ပုံ့မှာ မြင်ရတဲ့ လက်သည်းဟာဆိုရင် (၂၀ ) ရာစုနှစ်လောက်တုန်းက သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပြီး အချိန်အတော်ကြာတဲ့ အထိ ဘယ်သက်ရှိရဲ့ အစိတ်အပိုင်းလည်းဆိုတာ မပြောနိုင်ခဲ့ကြပါဘူး။ နောက်ဘက်ပိုင်းခေတ်တွေ ရောက်မှ နည်းပညာအကူအညီနဲ့ စစ်ဆေးကြည့်တော့မှသာ Moba ငှက်ရဲ့ လက်သည်းမှန်း သိခဲ့ရပါတော့တယ်။ shwekhitonlinetv.com

၂။ Saksaywaman ဘုရားကျောင်း

အခုပုံမှာ မြင်နေရတာကတော့ Saksaywaman လို့အမည်ရှိတဲ့ ရှေးဟောင်းဘုရားကျောင်း တစ်ခုဖြစ်ပြီး ပီရူးနိုင်ငံမှာ တည်ရှိပါတယ်။ ထူးခြားတာက စက်ပစ္စည်းတစ်ခုမှ မသုံးပဲနဲ့ ကျောက်တုံးတွေကို အစီအရီထားပြီး တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် တိကျသလဲဆိုရင် ကျောက်တုံး တစ်ခုနဲ့ တစ်ခုအကြား စက္ကူ စာရွက်တောင် ထည့်လို့မရတဲ့အထိပါပဲ။ ကျောက်တုံးတွေရဲ့ မျက်နှာပြင်ဟာဆိုရင် ချောမွတ်နေတာကို တွေ့ရမှာဖြစ်ပြီး ထောင့်ချိုးပိုင်းတွေမှာဆိုရင်လည်း လုံးချောတဲ့ ပုံစံဖြစ်အောင် တည်ဆောက်ထားပါသေးတယ်။ သူ့ခေတ်သူ့အခါတုန်းက စက်ပစ္စည်းတွေမပေါ်သေးတဲ့အချိန်မှာ ဘယ်လိုနည်းပညာသုံးပြီး တည်ဆောက်ခဲ့လဲဆိုတာကို ဒီနေ့အချိန်အထိ ဘယ်သူမှ သေချာ မပြောနိုင်ကြသေးပါဘူး။ shwekhitonlinetv.com

၃။ Gate of the Sun

ဘိုလီဗီးယား နိုင်ငံရဲ့ ရှေးဟောင်းနယ်မြေတစ်ခုဖြစ်တဲ့ Tiwanaku အရပ်က Gate of the Sun အမည်ရှိ ဂိတ်တံခါးဟာလည်း ထူးထူးဆန်းဆန်းတွေက တစ်ခုပါပဲ ။ တစ်ချို့ပညာရှင်တွေ ယူဆထားကြတာကတော့ ဒီဂိတ်ကြီးဟာ ပထမသော millennium အင်ပါယာရဲ့ အလယ်အကျဆုံးနေရာဖြစ်မယ်လို့ ထင်ထားကြပါတယ်။ ဒါပေမယ့် ဘယ်လို အဓိပ္ပါယ်နဲ့ ဒီ ဂိတ်ကြီးကို တည်ဆောက်ထားလဲဆိုတာကတော့ ဘယ်သူမှ တိတိကျမပြောနိုင်ကြပါဘူး… shwekhitonlinetv.com

၄။ The Longyou လှိုဏ်ဂူ

တရုတ်နိုင်ငံထဲမှာ တည်ရှိတဲ့ The Longyou လှိုဏ်ဂူဟာဆိုရင် အတွင်းပိုင်းနေရာတွေကို သဲကျောက်တွေသုံးထားတာပဲ ဖြစ်ပါတယ်။ ထူးဆန်းတာက ဒီလှိုဏ်ဂူဟာ သဘာ၀အတိုင်း ဖြစ်တည်နေတာမဟုတ်ပဲ လူတွေ ဖန်တီးထားတာပါ ။ ဒီလို ခက်ခဲတဲ့ အလုပ်ကို လုပ်ဖို့အတွက် လုပ်သားဦးရေ ထောင်ပေါင်းများစွာနဲ့ တည်ဆောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေးခေတ်လက်ရာအမျိုးအစားဖြစ်လို့ စက်ပစ္စည်းမသုံးပဲ ဘယ်လိုနည်းစနစ်လဲတည်ဆောက်ခဲ့လဲဆိုတာကတော့ ပညာရှင်တွေအတွက် အဖြေထုတ်ဖို့ ခေါင်းခဲနေကြဆဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မပြီးသွားခဲ့တဲ့ ကျောက်တိုင်ကြီး

အခုမြင်နေရတဲ့ ကျောက်တိုင်ကြီးဟာဆိုရင် အီဂျစ်နိုင်ငံမှာတွေ့ရှိခဲ့တာ ဖြစ်ပြီး ဆောက်လို့မပြီးသေးခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ကာလကြာမြင့်သွားလို့ မြေကြီးအောက်ထဲရောက်နေခဲ့ရပြီး ပညာရှင်တွေက ရှာဖွေတူးဖော်တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ရေအောက်မြို့တော်ဟောင်း

ဂျပန်နိုင်ငံက Yonaguni ဆိုတဲ့ မြို့တော်ဟာဆိုရင်လည်း ထူးဆန်းမှုတွေ တစ်ပုံတစ်ပင်နဲ့ ပြည့်နှက်လို့ နေပါတယ်။ ဘယ်လိုထူးဆန်းတာတွေလဲဆိုတာ့ ရေအောက်မြို့တော်ရဲ့ အကြွင်းအကျန်တွေထဲက တစ်ချို့ ကျောက်တုံးတွေဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁၀၀၀၀ ) နီးပါး သက်တမ်းရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒီသက်တမ်းဟာဆိုရင် အီဂျစ်က ပိရမစ်သက်တမ်းတွေထက်တောင် ပိုပြီးစောလို့နေပါသေးတယ် ။ shwekhitonlinetv.com

၇။ မြောက်အမေရိကကို အရင်ဆုံးရောက်ခဲ့သူများ

ဘူမိဗေဒပညာရှင်တွေဟာ ကနေဒါနိုင်ငံက site တစ်ခုမှာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ရှေးဟောင်း Viking လူမျိုးတွေရဲ့ အခြေချနေထိုင်ခဲ့တဲ့ စခန်းတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် အချက်အလက်တွေအရ Scandinavian ( အိုက်စလန် ) သင်္ဘောသားတွေဟာ ကိုလမ်ဘတ်မမွေးခင်ထဲက မြောက်အမေရိကကို ဦးစွာ ရောက်နှင့်နေပြီလို့ ခန့်မှန်းနိုင်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာကြီးပေါ်ကနေ ရှာဖွေ့တွေ့ရှိခဲ့ကြတဲ့ ထူးဆန်းမှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ဗဟုသုတရစရာအကြောင်းတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…… shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။