နှစ်ခါပြန် ကြည့်ရလောက်တဲ့အထိ အမြင်အာရုံကို လှည့်စားနေတဲ့ ပုံရိပ်များ

ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာရဲ့ အယူအဆနဲ့ ရှုထောင့်တွေကြောင့် တချို့ဓာတ်ပုံတွေဟာ သဘာဝနဲ့ လွဲချော်နေသယောင် ထင်ရတတ်ပါတယ်။ ဒါဟာ မျက်စိကို လှည့်စားလိုက်တဲ့ ကင်မရာရဲ့ အယူအဆကြောင့်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်နေရတယ်ဆိုရင်တောင် မယုံကြည်သင့်တဲ့ အခြေအနေတွေ ရှိတတ်ပါတယ်နော်။ ဒီတခေါက်မှာတော့ ShweKhit ပရိတ်သတ်ကြီးအတွက် နှစ်ခါပြန်ကြည့်ရတဲ့အထိ အမြင်အာရုံကို လှည့်စားထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ခေါင်းနှစ်လုံးနဲ့ခွေး

ဟယ်ရီပေါ်တာကားထဲကလို ခေါင်းတွေအများကြီးနဲ့ ခွေးတော့ မဟုတ်ရပါဘူးနော်။ ခွေးနှစ်ကောင်မှာ တကောင်ရဲ့ ကိုယ်ထည်က တံခါးနဲ့ ကွယ်နေခဲ့ပါတယ်။ ဒါကြောင့် ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ခေါင်းနှစ်လုံးနဲ့ ခွေးလို့ ထင်မှတ်သွားရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဆိတ်ရဲ့ကိုယ်ကိုဖောက်သွားတဲ့ ခြေထောက်

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဆိတ်ရဲ့ ကိုယ်ထဲကို လေ့ကျင့်ခန်းလုပ်နေတဲ့ အမျိုးသမီးရဲ့ ခြေထောက် ဝင်နေပြီလားလို့ ထင်ရပါတယ်နော်။ ဆိတ်ကို ထိနေတဲ့ ခြေထောက်ပိုင်ရှင်နဲ့ ဆိတ်ရဲ့ ကိုယ်ထဲက ထွက်သယောင်မြင်ရတဲ့ ခြေထောက်ပိုင်ရှင်ဟာ တယောက်တည်းမဟုတ်ဘူးဆိုတာ သေချာကြည့်ရင် မြင်ရနိုင်ပါတယ် ။ shwekhitonlinetv.com

၃။​ စန္ဒယားပုံစံအရိပ်

လမ်းဘေးက ကာထားတဲ့ အကာအရံရဲ့ အရိပ်က စန္ဒယားပုံစံအရိပ် ဖြစ်ပေါ်နေတာပါ။ လမ်းဘေးက အကာအရံကိုသာ မမြင်ခဲ့ရင် စန္ဒယားရဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်လို့တောင် ထင်ရပါတယ်နော်။ shwekhitonlinetv.com

၄။ လေပေါ်ပျံနေတဲ့ သင်္ဘော

ဝေးကွာလှတဲ့ အကွာအဝေးနဲ့ မြင်ကွင်းရဲ့ လှည့်စားမှုကြောင့် လေပေါ်ပျံဝဲနေတဲ့ သင်္ဘောလို့ ထင်ရနိုင်ပါတယ်နော်။ shwekhitonlinetv.com

၅။ မျက်မှန်ထဲက မျက်လုံး

ချွတ်ထားတဲ့ မျက်မှန်ထဲကနေ မျက်လုံးလို ဖြစ်နေတဲ့ ပုံရိပ်ကို တွေ့မြင်ရမှာပါ။ တကယ်ကတော့ မျက်နှာကျက်က မီးလုံးက မျက်မှန်ရဲ့ မှန်ပေါ်မှာ ပုံရိပ်လာထင်နေတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အကွင်းဝိုင်းတွေနဲ့ တွင်းကြီး

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ တွင်းနှုတ်ခမ်းမှာ မတ်တပ်ရပ်ပြီး အောက်ကို ငုံ့ကြည့်နေတဲ့ လူတယောက်ကို တွေ့ရမှာပါ။ တကယ်လို့ အမှန်သိချင်တယ်ဆိုရင်တော့ ဖုန်းကို ဇောက်ထိုးထားပြီး ကြည့်ကြည့်ပါနော်။ အဖြေမှန်ကို ကွန်မန့်မှာ ဖြေပေးခဲ့ပါဦးရှင်။ shwekhitonlinetv.com

၇။ တံတားအောက်က သင်္ဘော

တံတားအောက်က သင်္ဘောတစင်းကို တွေ့မြင်လိုက်မယ်ဆိုရင်တော့ သေချာပေါက် အမြင်အာရုံ လှည့်စားခံလိုက်ရပြီပဲ ဖြစ်ပါတယ်။ တကယ်ကတော့ တံတားရဲ့ အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ အရိပ်ကြောင့် သင်္ဘောတစင်းလို့ မှတ်ထင်မိတာပါနော်။ shwekhitonlinetv.com

၈။ လက်သေးသေးလေးနဲ့ လူကြီး

ကလေးတယောက်နဲ့ အတူထိုင်နေတဲ့ လူကြီးတယောက်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ လူကြီးတယောက်ရဲ့လက်က သေးလိုက်တာလို့ တွေးရလောက်တဲ့အထိ အမြင်အာရုံ လှည့်စားခံရနိုင်ပါတယ်။ ရိုက်ကူးလိုက်တဲ့ ကင်မရာရဲ့ ရှုထောင်အယူအဆကြောင့် ကလေးလက်သေးသေးလေးနဲ့ လူကြီးလို့ ထင်မှတ်သွားရတာပါ။ shwekhitonlinetv.com

၉။ ခွေးလေးလား လူလား

အရိပ်ထဲမှာ ခွေးလေးတကောင်ရဲ့ ပုံရိပ်ပေါ်နေပမဲ့ အပြင်မှာတော့ လူတွေကိုပဲ တွေ့ရမှာပါ။ ဦးထုပ်ဆောင်းပြီး ကင်မရာကို ကိုင်တွယ်နေတဲ့ ယောကျ်ားတယောက်ရဲ့ အရိပ်ကတော့ ပုံမှာ တွေ့ရတဲ့အတိုင်း ခွေးလေးတကောင်လို့ ထင်ရတာပဲ​ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ခြေထောက်တဖက်နဲ့ မိန်းကလေး

ပုံမှာတွေ့ရတဲ့ မိန်းကလေးကတော့ သူမရဲ့ ပျော့ပျောင်းလှတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကင်မရာရှုထောင့်ရဲ့ လှည့်စားမှုကြောင့် ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ခြေထောက်တဖက်ပဲ​ ပါတယ်လို့ ထင်ယောင်ထင်မှား ဖြစ်ရတာပါနော်။ shwekhitonlinetv.com

၁၁။ ရေပေါ်မှာ ထိုင်နေတဲ့ ကလေး

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ မိန်းကလေးတယောက် ရေပေါ်မှာ ထိုင်နေသလို ထင်ရတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ တကယ်ကတော့ အဆိုပါ မိန်းကလေး ရေထဲကို ခုန်ချနေတဲ့အချိန် လျှပ်တပြက်ရိုက်ကူးလိုက်တဲ့အတွက်ကြောင့် အခုလို ထင်ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ ဆင်ခေါင်းသဏ္ဍာန် ကျောက်ဆောင်

ကြီးမားတဲ့ ကျောက်ဆောင်ကြီးဟာ ဆင်ခေါင်းပုံစံ ဖြစ်ပေါ်နေတာပါ။ သေချာကြည့်လေ တူလေလို့ ဆိုရလောက်တဲ့အထိ နှာမောင်း နားရွက်နဲ့ မျက်စိတို့နဲ့ အလားသဏ္ဍာန် တူနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ ကော်ဖီငွေ့ထဲက လူပုံရိပ်

ကော်ဖီငွေ့တွေကို သေချာကြည့်မယ်ဆိုရင် လက်သီးစုပ်ကို မြှောက်တမ်းပြီး အော်ဟစ်နေတဲ့ လူပုံရိပ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ တိမ်ဆိုင်တိမ်လိပ်တွေကို ကြည့်ပြီး ပုံဖော်တတ်သူဆိုရင်တော့ သေချာမြင်နိုင်မယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၁၄။ ခေါင်းနှစ်လုံးနဲ့ မိန်းကလေး

တယောက်ပုခုံးကို တယောက်က မှီကာ ဖက်ထားပြီး ဓာတ်ပုံရိုက်ထားတဲ့ မိန်းကလေး ၂ ဦးရဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။​ ကိုယ်နေဟန်ထား အနေအထားနဲ့ ကင်မရာ ရှုထောင့်ရဲ့ အယူအဆကြောင့် ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ခေါင်း ၂ လုံးနဲ့ မိန်းကလေးလားလို့ ထင်မှတ်ရနိုင်ပါတယ်နော်။ shwekhitonlinetv.com

၁၅။ ဂြိုလ်သားတွေ ရောက်လာပြီလား

မိုးအုံ့နေတဲ့အချိန် တိမ်တွေထဲကနေ ထိုးထွက်လာပြီး နေရာကွက်ကြား နေသာနေတဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။​ဂြိုလ်သားဇာတ်ကားတွေရဲ့ အမှန်အကန် ပရိတ်သတ်ဆိုရင်တော့ ကမ္ဘာမြေပေါ်ကို ဂြိုလ်သားတွေ ကျူးကျော်လာပြီလားလို့တောင် ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ ပုံရိပ်ပါပဲနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။