ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား အစားအသောက်ပြိုင်ပွဲများ

အစားအသောက်ပြိုင်ပွဲတွေဆိုတာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူတွဲ ကျင်းပတတ်တဲ့ ပြိုင်ပွဲတွေဖြစ်ပါတယ်။ သာမန်အစားအသောက်ပြိုင်ပွဲ တော်တော်များများကိုတော့ လူတိုင်းမြင်ဖူးကြားဖူးကြမှာဖြစ်ပေမယ့် အခုဖော်ပြသွားမယ့် အစားအသောက်ပြိုင်ပွဲလေးတွေကတော့ တစ်မူထူးခြားနေပါတယ်။ ဘယ်လိုအစားအသောက်ပြိုင်ပွဲတွေဖြစ်မလဲကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com

၁။ ပိုးဟပ်အရှင် အစားပြိုင်ပွဲ

ဒီပြိုင်ပွဲဟာ တစ်ချိန်ကကမ္ဘာတစ်လွှားမှာ ရေပန်းစားခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ ဖလော်ရီးဒါပြည်နယ်မှာကျင်းပခဲ့တဲ့ ပိုးဟပ်အရှင်စားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တစ်ဦးဟာ ပိုးဟပ်အရှင်တွေစားပြီး မကြာခင်ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့်အခုနောက်ပိုင်းမှာတော့ ဒီပြိုင်ပွဲကိုတရားဝင်ကျင်းပခြင်းမရှိတော့ပါဘူး။ လက်ရှိအချိန်ထိစံချိန်တင်ထားတာကတော့ အင်္ဂလန်နိုင်ငံသား Ken Edwards ဖြစ်ပြီး (၁) မိနစ်အတွင်းပိုးဟပ် (၃၆) ကောင်စားနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ငါးဥဆားနယ် အစားပြိုင်ပွဲ

ငါးဥဆားနယ်ဆိုတာ လူ့ချမ်းသာတွေပဲစားနိုင်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးစားသောက်ဖွယ်ရာတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ငါးဥဆားနယ်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက တစ်ကြိမ်တစ်ခါပဲကျင်းပပြုလုပ်ခဲ့ဖူးတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲကျင်းပစရိတ်က ပေါင် (၄၂၀၀၀) လောက်ကုန်ကျတာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အင်းဆက်ကြော် အစားပြိုင်ပွဲ

ဒီပြိုင်ပွဲကတော့ အင်းဆက်ပိုးမွှားမျိုးစုံကြော်လှော်ထားတာကို စားသောက်ရတဲ့ပြိုင်ပွဲပါ။ အများဆုံးကျင်းပပြုလုပ်တာကတော့ တရုတ်နိုင်ငံမှာဖြစ်ပါတယ်။ လက်ရှိစံချိန်ရှင်ကတော့ တရုတ်နိုင်ငံ လီကျန်းပြည်နယ်မှာကျင်းပတဲ့ (၂၀၁၇) ခုနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ Peng ဆိုတဲ့အမျိုးသားဖြစ်ပါတယ်။ သူက ဝါးပိုး၊ ပုစဉ်း၊ ပိုးတုံးလုံး နဲ့ ကျိုင်းကောင်စုစုပေါင်း (၂.၇) ပေါင်လောက်ကိုစားနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ကမာကောင် အစားပြိုင်ပွဲ

ကမာကောင် (Oyster) ကတော့ ကြိုက်နှစ်သက်တဲ့သူတွေအဖို့ အလွန်ကိုအရသာရှိပြီး ဈေးလည်းကြီးတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ တစ်ချို့သူတွေကတော့ ဒီအရာကိုရွံရှာကြပါတယ်။ အမေရိကန်နိုင်ငံ နယူးအော်လင်းပြည်နယ်မှာတော့ ကမာကောင်အစားပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး အနိုင်ရသူကို ဒေါ်လာ (၁,၀၀၀) ဆုချီးမြှင့်ပါတယ်။ ဒီပြိုင်ပွဲရဲ့စံချိန်ရှင်ကတော့ Pat Bertoletti ဖြစ်ပြီး (၈) မိနစ်အတွင်း ကမာကောင် (၄၆၈) ခုစားနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဧရာမခရမ်းချဉ်သီး စားပြိုင်ပွဲ

ခရမ်းချဉ်သီးစားပြိုင်ပွဲကတော့နိုင်ငံအတော်များများမှာ ကျင်းပပြုလုပ်တတ်တဲ့ပြိုင်ပွဲတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့်အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က Jacksonville မှာပြုလုပ်တဲ့ ခရမ်းချဉ်သီးစားပြိုင်ပွဲကတော့ တစ်မျိုးတစ်ဖုံထူးခြားလှပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြိုင်ပွဲမှာစားရတဲ့ ခရမ်းချဉ်သီးတွေကအတော်လေးကို အရွယ်အစားကြီးမားတဲ့ခရမ်းချဉ်သီးတွေမို့လို့ပါပဲ။ shwekhitonlinetv.com

၆။ Jalapeno ငရုတ်သီးစားပြိုင်ပွဲ

Jalapeno လို့အမည်ရတဲ့ ငရုတ်သီးဟာ ပူစပ်မှုနှုန်း (Scoville heat units) ၁၀,၀၀၀ အထက်မှာရှိတဲ့ ငရုတ်သီးတစ်မျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်မှာကျင်းပတဲ့ ငရုတ်သီးစားပြိုင်ပွဲမှာတော့ နီဗားဒါးပြည်နယ်ကလာရောက်ယှဉ်ပြိုင်တဲ့ အသက် (၆၂) နှစ်အရွယ်အမျိုးသားတစ်ဦးက (၈) မိနစ်အတွင်း Jalapeno ငရုတ်သီး (၂၄၇) တောင့်စားကာစံချိန်တင်ထားပါတယ်။ shwekhitonlinetv.com

၇။ မယွန်းနိစ်အစားပြိုင်ပွဲ

မယွန်းနိစ်ဟာ ဟင်းပွဲတွေအသားညှပ်ပေါင်မုန့်တွေကို အရသာထူးကဲကောင်းမွန်အောင်ထောက်ပံ့ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ သူ့ချည်းသက်သက်စားမယ်ဆိုရင်တော့ အတော်လေးကိုအီစိမ့်နေမှာဖြစ်ပြီး တစ်ထိုင်တည်းအများကြီးစားဖို့ရာမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ မယွန်းနိစ်တွေချည်းအစားပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုရှိပါတယ်။ Glutton Bowl ဆိုတဲ့အစားအသောက်ပြိုင်ပွဲကြီးမှာတော့ မယွန်းနိစ်အစားပြိုင်ပွဲလည်းပါဝင်ပြီး လက်ရှိစံချိန်ရှင်ကတော့ Oleg Zhornitskiy ဖြစ်ပြီး မယွန်းနိ (၈) ပေါင်လောက်ကိုတစ်ထိုင်တည်းနဲ့ အမြန်ဆုံးစားနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။