ချမ်းသာလွန်းတဲ့ မီလျံနာတွေသာ သွားရောက်နိုင်မယ့် အားလပ်ရက် အပန်းဖြေ ခရီးစဉ်များ

ကမ္ဘာပေါ်မှာအားလပ်ရက်အပန်းဖြေခရီးထွက်ဖို့အတွက် သာယာလှပတဲ့နေရာတွေကတော့အများအပြားရှိပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အားလပ်ရက်ခရီးစဉ်တွေကတော့ တော်ရုံတန်ရုံပိုက်ဆံချမ်းသာတဲ့သူတွေတောင်သွားဖို့မတက်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။ ဘယ်လိုအပန်းဖြေခရီးတွေဖြစ်ပြီး ဘယ်လောက်တောင်အကုန်အကျများမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် … shwekhitonlinetv.com

၁။ Vacations In Antarctica

သင့်အနေနဲ့ အန္တာတိကကို ခရီးထွက်ဖို့ စိတ်ကူးဖူးပါသလား။ လူအတော်များများအတွက်တော့ ဒီနေရာကိုခရီးထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်ရကြပေမယ့် ချမ်းသာကြွယ်ဝသူတွေကတော့ အန္တာတိကတိုက်ကို ဇိမ်ခံအပျော်စီးသင်္ဘောတွေနဲ့သွားရောက်လည်ပတ်နေပြီဖြစ်ပါတယ်။ နောက်ပြီး Magellan Explorer လို့အမည်ရတဲ့ လေ့လာစူးစမ်းရေး ခရီးစဉ်တွေလည်းအခုခါမှာရှိနေပြီဖြစ်ပါတယ်။ ဒီခရီးစဉ်ကတော့ (၁၁) ရက်ကနေ (၁၃) ရက်အထိ ကြာမြင့်မှာဖြစ်ပြီး အပျော်စီးခရီးသည်တစ်ဦးကို အမေရိကန်ဒေါ်လာ (၈,၀၀၀) နီးပါးကျသင့်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Vacations In Africa

ပျော်စရာကောင်းပြီး သဘာဝကျကျ စွန့်စားခန်းဆန်ဆန် ဆာဖာရီခရီးစဉ်မျိုးကို သွားချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ အတော်လေးကိုငွေကြေးပေါများဖို့လိုအပ်ပါလိမ့်မယ်။ ကင်ညာ၊ တန်ဇန်းနီးယားစတဲ့ အာဖရိကနိုင်ငံတွေကိုသွားဖို့အတွက် လေယာဉ်လက်မှတ်၊ တည်းခိုစားသောက်စရိတ်၊ အပျော်တမ်းအမဲလိုက်ခြင်းအတွက်ကုန်ကျစရိတ်၊ အခြားကုန်ကျစရိတ်တွေအားလုံးကို ယေဘူယျတွက်ကြည့်မယ်ဆိုရင်တောင်မှ အာဖရိကဆာဖာရီခရီးစဉ်က တစ်ဦးကို အနည်းဆုံး အမေရိကန်ဒေါ်လာ (၂၀,၀၀၀) အထက်ကျသင့်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Over Yonder Cay

ကာရစ်ဘီယံဒေသက ဘဟားမားစ် နိုင်ငံမှာတည်ရှိတဲ့ Over Yonder Cay ကတော့ Private ဆန်ဆန်ကိုယ်ပိုင်ကျွန်းလေးလို့ဆိုလို့ရပါမယ်။ ဒီကျွန်းမှာ လှပတဲ့ဇိမ်ခံအိမ်ကြီးတွေပါဝင်မှာဖြစ်ပြီး ဇိမ်ခံပစ္စည်းအပြည့်အစုံပါဝင်ကာ ရင်သပ်ရှုမောဖွယ်သဘာဝ အလှအပတွေကိုခံစားနိုင်မှာဖြစ်ပါတယ်။ ဒီ Private ကျွန်းမှာတော့ ဂေါက်ကွင်း၊ ရုပ်ရှင်ရုံ၊ spa cabana၊ သဘာဝလမ်းများ၊ တင်းနစ်ကွင်းများပါဝင်သလို Wakeboarding၊ Snorkeling၊ ရေငုပ်ခြင်းနှင့် ရွက်လွှင့်ခြင်းစတဲ့အရာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီကိုလာရောက်သူတွေအတွက်အကောင်းဆုံးအတွေ့အကြုံကတော့ ရေအောက်ထဲကအဏ္ဍဝါ အလှအပတွေကို သဘာဝအတိုင်း ခံစားခြင်းပဲဖြစ်ပါတယ်။ ဒီကျွန်းမှာအပန်းဖြေချင်တယ်ဆိုရင်တော့ လူ (၁၂) ဦးပါအဖွဲ့အတွက် (၁) ရက်ကို အမေရိကန်ဒေါ်လာ (၄၄,၀၀၀) ကျသင့်မှာဖြစ်ပါတယ်။ တစ်ကယ်လို့ (၁၂) ဦးထက်ပိုခဲ့ရင်တော့ ထပ်တိုးဧည့်သည်တစ်ယောက်စီ အတွက် ဒေါ်လာ (၁၂,၅၀) ကျသင့်မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ St. Bart’s, West Indies

ဒီဒေသရဲ့အမည်ကတော့ Saint Barthélemy ဖြစ်ပြီး အများအားဖြင့်တော့ St. Bart’s လို့ပဲခေါ်ကြပါတယ်။ ကာရစ်ဘီယံဒေသက ပြင်သစ်လက်အောက်ခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ St.Bart’s မှာ တော့ လှပတဲ့ကမ်းခြေတွေမှာ ခမ်းနားထည်ဝါတဲ့ ဇိမ်ခံအိမ်တွေ၊ ဟိုတယ်တွေနဲ့ ခရီးသွားဧည့်သည်တွေကိုဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။တစ်နှစ်ပတ်လုံး သာယာလှပတဲ့ရာသီဥတုရှိပြီး သန်းကြွယ်သူဌေးတွေဟာ ဒီနေရာမှာ အပျော်တမ်းရွက်လွှင့်တာမျိုး၊ ရေငုပ်တာမျိုးနဲ့ Snorkeling ယှဉ်ပြိုင်စီးကြတာမျိုးတွေလာရောက်ပြုလုပ်လေ့ရှိကြပါတယ်။ ဇိမ်ခံအပန်းဖြေစရာမျိုးစုံနဲ့ ဟိုတယ်တွေကတော့ ဈေးအလွန်ကြီးပြီး ဒီနေရာကိုအပန်းဖြေခရီးထွက်မယ်ဆိုရင်တော့ တစ်ညကို ပျမ်းမျှအမေရိကန်ဒေါ်လာ (၂၀,၀၀၀) လောက်ကျသင့်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ The Silk Road By Train

ဒီခရီးကတော့ ကမ္ဘာကျော် “ပိုး” လမ်းမကြီးကိုရထားနဲ့အစအဆုံးသွားရောက်မှာဖြစ်ပါတယ်။ နာမည်ကျော် ဇိမ်ခံရထားခရီးစဉ်ဝန်ဆောင်မှုပေးတဲ့ The Golden Eagle ကရထားတွေနဲ့သွားရောက်ရမှာဖြစ်တာကြောင့် လမ်းခရီးတစ်လျောက် ဇိမ်ကျပြီး အကောင်းဆုံးဝန်ဆောင်မှုတွေရရှိမှာကတော့အသေအချာပဲဖြစ်ပါတယ်။ မိုင်ပေါင်း (၁၄,၀၀၀) လောက်အကွာအဝေးကို ရက်ပေါင်း (၂၁) ရက်လောက်စတိုင်ကျကျသွားရောက်ရမယ့် ဒီခရီးရဲ့ လမ်းတစ်လျောက်မှာတော့ ယူနက်စကိုရဲ့ရှေးဟောင်းအမွေအနှစ်များစွာကိုလေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။ The Golden Eagle ကတော့ ဒီခရီးစဉ်အတွက်လူတစ်ဦးကို အမေရိကန်ဒေါ်လာ (၄၄,၅၉၅) သတ်မှတ်ထားပါတယ်။ shwekhitonlinetv.com

၆။ Diving the Titanic

တစ်ချို့သန်းကြွယ်သူဌေးတွေရဲ့ဆန္ဒကတော့ အများနဲ့မတူဘဲထူးခြားလှပါတယ်။ သူတို့တွေက တိုက်တန်းနစ်သင်္ဘောပျက်ကို ကိုယ်တိုင်ကိုယ်ကျမျက်ဝါးထင်ထင်တွေ့မြင်လိုကြတယ်လေ။ ဒီနေ့ခေတ်မှာတော့ဒီလိုလူတွေအတွက် ဝန်ဆောင်မှုပေးတဲ့အေဂျင်စီတွေရှိလို့နေပါပြီ။ ရေအောက်မီတာ (၄၀၀၀) လောက်ကို သွားရောက်ရမယ့်ဒီခရီးစဉ်အတွက် လူတစ်ဦးကို အမေရိကန်ဒေါ်လာ (၁၀၅,၁၂၉) ဒေါ်လာကျသင့်မှာဖြစ်ပြီး တစ်ကြိမ်ကို လူ (၉) ဦးအတွက်ဝန်ဆောင်မှုပေးတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၇။ Passport to 50

နောက်ဆုံးဖော်ပြပေးချင်တဲ့ ခရီးစဉ်ကတော့ Passport to 50 လို့အမည်ရပါတယ်။ မြို့ပေါင်း (၂၀) ကို ရက် (၂၀) ကြာ ကိုယ်ပိုင်လေယာဉ်နဲ့ဇိမ်ကျကျပျံသန်းမယ့် ခရီးစဉ်ဆိုလည်းမမှားပါဘူး။ ဒီကိုယ်ပိုင်လေယာဉ်ပေါ်မှာ ယောဂလေ့ကျင့်ခန်း၊ စိတ်အပန်းဖြေကုထုံး၊ အပ်စိုက်ကုထုံး၊ အစားအသောက်အတွက်အကောင်းဆုံးဝန်ဆောင်မှု၊ အဖျော်ယမကာနှင့်သောက်စရာများအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေပါဝင်မှာဖြစ်သလို ခရီးစဉ်တစ်လျှာက်လုံးကိုလည်း အမှတ်တရအနေနဲ့ မှတ်တမ်းတင်ထားမယ့်အစီအစဉ်တွေပါဝင်ပါတယ်။ ဒီခရီးစဉ်အတွက် ပျမ်းမျှကျသင့်မယ့်ငွေကတော့ အမေရိကန်ဒေါ်လာ (၁၃) သန်းကျော်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။