ကမ္ဘာမြေပေါ်က အမြင့်မားဆုံးတောင် (၁၀) လုံး

တောင်တန်းတွေ အလွန်မြင့်မားတဲ့တောင်ထွဋ်တွေဆိုတာကတော့ ကမ္ဘာပေါ်မှာအမြောက်အမြားတည်ရှိနေပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ဒီတောင်တွေထဲကမှ အမြင့်ဆုံးတောင် (၁၀) လုံးရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Mt. Everest – (၂၉,၀၂၉ ပေ / ၈,၈၄၈ မီတာ)

ကမ္ဘာပေါ်မှာအမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ကတော့ နီပေါ-တရုတ်နယ်စပ်မှာတည်ရှိပြီး နီပေါနိုင်ငံပိုင်နက်ထဲမှာပါဝင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂၉၀၂၉) ပေ မြင့်တဲ့ ဧဝရတ်တောင်ကိုတော့ နီပေါလို “Sagarmatha” တိဗက်လို “Chhomologma” ဆိုပြီးတော့လည်းလူသိများကြပါတယ်။ ကမ္ဘာပေါ်မှာအမြင့်ဆုံးတောင်ဖြစ်ပေမယ့်လည်း တောင်တက်သမားတွေအတွက်တော့ နီပေါတောင်ဟာ တက်ရလွယ်ကူတဲ့တောင်အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။ shwekhitonlinetv.com

၂။ Mt. K2 – (၂၈,၁၆၉ ပေ / ၈,၅၈၆ မီတာ)

Mount K2 ကတော့ ဧဝရတ်တောင်ပြီးရင်ကမ္ဘာပေါ်မှာဒုတိယအမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ပါကစ္စတန်ပိုင်နက်ထဲမှာပါဝင်တဲ့ K2 တောင်ကတော့ ဟိမဝန္တာတောင်တန်းတွေရဲ့ Karakoram တောင်ကြောမှာတည်ရှိတာဖြစ်ပါတယ်။ ပေပေါင်း (၂၈,၁၆၉) ပေမြင့်တဲ့ K2 တောင်ကတော့ တက်ရခက်ခဲတဲ့တောင်တစ်လုံးဖြစ်ပြီး လူအသေအပျောက်များတာကြောင့် တစ်ချို့ကတော့ “Savage Mountain” လို့ခေါ်ကြပါတယ်။ shwekhitonlinetv.com

၃။ Mt. Kangchenjunga – (၂၈,၁၆၉၉ ပေ /၈,၅၈၆ မီတာ)

ဒီတောင်ကတော့ နီပေါနဲ့အိန္ဒိယနယ်စပ်မှာတည်ရှိပြီး အိန္ဒိယပိုင်နက်ထဲမှာပါဝင်ပါတယ်။ ပေပေါင်း (၂၈,၁၆၉ ပေ) မြင့်ပြီး ဘေးပတ်ပတ်လည်မှာနှင်းဖုံးနေတဲ့ တောင် (၅) လုံးဝန်းရံထားတာကြောင့် “The Five Treasures of Snows” လို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။ shwekhitonlinetv.com

၄။ Mt. Lhotse – (၂၇,၉၄၀ ပေ / ၈,၅၁၆ မီတာ)

Mount Lhotse ကတော့ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အမြင့်မားဆုံးတောင်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ (တိဗက်ဒေသ) နဲ့ နီပေါနိုင်ငံ (ခမ်ဘူဒေသ) ကြားမှာတည်ရှိပြီး ပေပေါင်း (၂၇,၉၄၀) ပေမြင့်မားပါတယ်။ မြင့်မားပြီး မတ်စောက်လွန်းတဲ့တောင်ရဲ့ပုံသဏ္ဍာန်ကြောင့် တက်ရခက်တဲ့တောင်တွေထဲမှာလည်း တစ်လုံးအပါအဝင်ဖြစ်ပါတယ်။ Lhotse တောင်ကိုပထမဆုံးတက်ရောက်နိုင်ခဲ့တာကတော့ ဆွစ်ဇာလန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ Fritz Luchsinger နဲ့ Ernst Reiss တို့ဖြစ်ပြီး ၁၉၅၆, မေ (၁၈) ရက်နေ့ မှာတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Mt. Makalu – (၂၇,၈၂၅ ပေ / ၈,၄၈၁ မီတာ)

Mount Makalu ကတော့ ကမ္ဘာ့ပဉ္စမမြောက်အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ (၂၇,၈၂၅) ပေရှိပါတယ်။ နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်မှာတည်ရှိပြီး ဧဝရတ်တောင်ရဲ့အရှေ့တောင်ဘက် ၁၉ ကီလိုမီတာ (၁၂ မိုင်) အကွာမှာတည်ရှိတဲ့တောင်တစ်လုံးလည်းဖြစ်ပါတယ်။ ။ ၁၉၅၄ ခုနှစ် နွေဦးကာလမှာ William Siri ဦးဆောင်တဲ့ အမေရိကန်မှ တောင်တက်အဖွဲ့ဟာ Makalu တောင်ကိုပထမဆုံးတက်ရောက်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၆။ Mt. Cho Oyu – (၂၆,၉၀၆ ပေ / ၈,၂၀၁ မီတာ)

Moutnt Cho Oyu ကတော့ ကမ္ဘာပေါ် မှာ ဆဋ္ဌမမြောက်အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ နီပေါ-တရုတ်နယ်စပ်မှာတည်ရှိပြီး နီပေါနိုင်ငံပိုင်နက်ထဲမှာပါဝင်ပါတယ်။ Cho Oyu ဆိုတာကတော့ တိဗက်ဘာသာနဲ့ မိုးပြာရောင်နတ်သမီး လို့ဆိုလိုတာဖြစ်ပါတယ်။ ဧဝရတ်တောင်ရဲ့ အနောက်ဘက် ကီလိုမီတာ (၂၀) အကွာ မှာတည်ရှိပြီး ပေပေါင်း (၂၆,၉၀၆) ပေမြင့်မားပါတယ်။ တက်ရလွယ်ကူတဲ့တောင်တစ်လုံးဖြစ်ပြီး ၁၉၅၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ သြစတြေးလျနိုင်ငံသား Joseph Joechler၊ အီတလီနိုင်ငံသား Herbert Tichy (အီတလီ) နဲ့ နီပေါနိုင်ငံသား Pasang Dawa Lama တို့ကပထမဆုံးတက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Mt. Dhaulagiri – (၂၆,၇၅၉ ပေ / ၈,၁၆၇ မီတာ)

Dhaulagiri တောင်ကတော့ ကမ္ဘာပေါ်မှာသတ္တမမြောက်အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ အမြင့်ပေ (၂၆,၇၉၅) ပေမြင့်မားပြီး နီပေါနိုင်ငံအလယ်ပိုင်းမှာတည်ရှိတာဖြစ်ပါတယ်။ Dhaulagiri ဆိုတဲ့အမည်ကတော့ Dhawala ဆိုတဲ့ Sanskrit ဘာသာကနေဆင်းသက်လာတာဖြစ်ပြီး “ပြိုးပြိုးပြက်ပြက် ဖြူစင်လှသောတောင်” လို့အဓိပ္ပါယ်ရပါတယ်။ shwekhitonlinetv.com

၈။ Mt. Manaslu – (၂၆,၇၆၃ ပေ / ၈,၁၆၃ မီတာ)

Mount Manaslu တောင်က နီပေါနိုင်ငံမှာပဲတည်ရှိတဲ့တောင်တစ်လုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ အဋ္ဌမမြောက်အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ပေပေါင်း (၂၆,၇၆၃) ပေမြင့်မားပြီး နီပေါနိုင်ငံရဲ့ အနောက်အလယ်ပိုင်းဒေသဖြစ်တဲ့ Mansiri Himal မှာတည်ရှိပါတယ်။ Manaslu ဆိုတဲ့အမည်ဟာ Manasa ဆိုတဲ့ Sanskrit စကားလုံး ကနေဆင်းသက်လာတာဖြစ်ပြီး “ဝိညာဉ်တော်၏တောင်” လို့အဓိပ္ပါယ်ရပါတယ်။ Manaslu ကို ၁၉၅၆ ခုနှစ် မေလ ၉ ရက်နေ့မှာ ဂျပန်လေ့လာရေးအဖွဲ့ဝင်တွေဖြစ်တဲ့ Toshio Imanishi နှင့် Gyalzen Norbu တို့မှ ပထမဆုံးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Nanga Parbat – (၂၆,၆၆၀ ပေ / ၈,၁၂၆ မီတာ)

ကမ္ဘာပေါ်တွင် နဝမမြောက်အမြင့်ဆုံးတောင်ဖြစ်တဲ့ Nanga Parbat ကတော့ ပါကစ္စတန်နိုင်ငံမှာ တည်ရှိပါတယ်။ (၂၆၆၆၀) ပေမြင့်တဲ့ Nanga Parbat တောင်ကို (၂၀) ရာစု တစ်ဝက်လောက်အထိ “Killer Mountain” လို့ခေါ်ဝေါ်ခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံ၊ Gilgit Baltistan ဒေသ၊ Indus မြစ်ရဲ့တောင်ဘက်ခြမ်းမှာရှိတဲ့ Nanga Parbat တောင်ဟာတက်ရခက်ခဲတဲ့တောင်တစ်လုံးလို့ သိရပါတယ်။ ဩစတေးလျနိုင်ငံသား Hermann Bahl ဆိုသူကတော့ ၁၉၅၃ ခုနှစ်မှာ ပထမဆုံးအဖြစ်တက်ရောက်ဖူးခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ shwekhitonlinetv.com

၁၀။ Mt. Annapurna (၂၆၅၄၅ ပေ / ၈၀၉၁ မီတာ)

Annapurna Base Camp Trek

Mount Annapurna တောင်ကတော့ကမ္ဘာပေါ်မှာ ဒဿမမြောက်အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ နီပေါနိုင်ငံမှာရှိတဲ့ Annapurna တောင်ဟာ အမြင့်ပေ (၂၆၅၄၅) ပေရှိပြီး ကမ္ဘာပေါ်မှာတက်ရအခက်ဆုံးနဲ့ အန္တရာယ်အများဆုံးတောင်တွေထဲကတစ်လုံးဖြစ်ပါတယ်။ ဒီတောင်ကိုတက်ခဲ့တဲ့တောက်တက်သမားတွေအနေနဲ့ သေဆုံးမှု (၄၀) ရာခိုင်နှုန်းလောက်ရှိတယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ ပထမဆုံးအောင်မြင်စွာတက်နိုင်ခဲ့တာကတော့ ပြင်သစ်နိုင်ငံသားတွေဖြစ်တဲ့ Maurice Herzog နှင့် Louis Lachenal တို့ဖြစ်ပြီး ၁၉၅၀ ခုနှစ် ဇွန်လ (၃) ရက်နေ့မှာတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။