ဂင်းနစ်စံချိန်တင်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက ဧရာမသစ်သီးဝလံများ

ဒီတစ်ခေါက်မှာတော့စိုက်ပျိုးရေးဝါသနာပါတဲ့ရွှေခေတ်ပရိသတ်ကြီးတွေအတွက် ကမ္ဘာပေါ်မှာအကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ထားတဲ့သစ်သီးဝလံတွေအကြောင်းဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ကမ္ဘာ့အကြီးဆုံးကြက်သွန်နီ – အင်္ဂလန်

အင်္ဂလန်နိုင်ငံက ပရော်ဖက်ရှင်နယ်ဥယျာဉ်မှုးတစ်ဦးဖြစ်တဲ့ ပီတာဂလေ့ဇ်ဘရွတ်ခ် (Peter Glazebrook) ဆိုသူစိုက်ပျိုးထားတဲ့ ကြက်သွန်နီဥကြီးကလည်း ဧရာမအရွယ်အစားအထိကြီးမားခဲ့ပြီး အလေးချိန်လည်း (၁၈) ပေါင်လောက်ရှိခဲ့တာကြောင့် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီလိုအရွယ်အစားစံချိန်တင်ကြီးမားမယ့် အရာတစ်ခုခုဖြစ်ထွန်းလာဖို့အတွက် (၂၅) နှစ်လောက်ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

၂။ ကမ္ဘာ့အကြီးဆုံးစတော်ဘယ်ရီသီး – ဂျပန်

ကမ္ဘာ့အကြီးဆုံးစတော်ဘယ်ရီသီးအဖြစ်စံချိန်တင်ထားတာကတော့ ဂျပန်နိုင်ငံသား ကိုဂျိနာကာအို (Koji Nakao) စိုက်ပျိုးခဲ့တဲ့ စတော်ဘယ်ရီသီးကြီးပဲဖြစ်ပါတယ်။ ဒီစတော်ဘယ်ရီသီးကြီးဟာ အလေးချိန် (၂၅၀) ဂရမ်လေးပြီး ၂၀၁၅ ခုနှစ်ကတည်းကဂင်းနစ်စံချိန်တင်ထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကမ္ဘာ့အကြီးဆုံးသံပယိုသီး – အစ္စရေး

Citrus Acid ပါဝင်တဲ့အသီးတော်တော်များများကတော့ နေရောင်ခြည်ကောင်းစွာရရှိပြီးအပူချိန်မြင့်မားတဲ့ရာသီဥတုအခြေအနေမျိုးမှာကောင်းစွာ ကြီးထွားဖွံ့ဖြိုးတက်ကြပါတယ်။ ဒါကြောင့်လည်း မြေထဲပင်လယ်ဒေသက လယ်သမားတစ်ဦးဖြစ်တဲ့ အာဟရွန်ရှီးမိုးလ် (Aharon Shemoel) စိုက်ပျိုးခဲ့တဲ့ သံပယိုသီးက ဒီလောက်ထိအရွယ်အစားကြီးမားခဲ့တာ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့သံပယိုသီးကတော့အလေးချိန် (၁၁) ပေါင်အထိရှိလို့အားလုံးအံ့အားသင့်ခဲ့ရပါတယ်။ shwekhitonlinetv.com

၄။ ကမ္ဘာ့အကြီးဆုံးရွှေဖရုံသီး – ဂျာမနီ

ဧရာမရွှေဖရုံသီးတွေကတော့ နှစ်စဉ်လိုလိုဒေသအသီးသီးကနေထွက်ပေါ်တက်ပြီး ဂင်းနစ်စံချိန်အသစ်သစ်တွေတင်လေ့ရှိတဲ့ အသီးအနှံတစ်မျိုးလို့ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့အကြီးဆုံးရွှေဖရုံသီးအဖြစ်ဂင်းနစ်စံချိန်တင်ထားတာကတော့ ၂၀၁၆ ခုနှစ်က ဂျာမနီနိုင်ငံကလယ်သမားတစ်ဦး စိုက်ပျိုးခဲ့တဲ့ ရွှေဖရုံသီးကြီးဖြစ်ပြီး အလေးချိန်ကတော့ (၂,၆၂၃) ပေါင်လေးလံပါတယ်။ shwekhitonlinetv.com

၅။ ကမ္ဘာ့အကြီးဆုံးမုန်လာဥနီ – အမေရိကန်

ကမ္ဘာ့အကြီးဆုံးမုန်လာဥနီကြီးကတော့ အလေးချိန် (၂၂.၄) ပေါင်လေးလံပြီး အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်ကလယ်သမားတစ်ဦးစိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီစံချိန်ကို ၂၀၁၇ ခုနှစ်ကတည်းကတင်ရှိထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ကမ္ဘာ့အကြီးဆုံးအာလူး – အင်္ဂလန်

၂၀၁၁ ခုနှစ်တုန်းက UK မှာပြလုပ်ခဲ့တဲ့ National Gardening Show မှာတော့ အလေးချိန် (၁၁) ပေါင်လောက်ရှိတဲ့ အာလူးကြီးတစ်လုံးဟာ ကမ္ဘာပေါ်မှာအကြီးဆုံးအာလူးကြီးအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီအာလူးကြီးရဲ့ပိုင်ရှင်ကတော့ ပီတာဂလေ့ဇ်ဘရွတ်ခ် (Peter Glazebrook) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ကမ္ဘာ့အကြီးဆုံးဖရဲသီး – အမေရိကန်

သာမန်အားဖြင့်တော့ ဖရဲသီးတွေဟာသင့်တင့်တဲ့အပူချိန်မှာစိုက်ပျိုးမယ်ဆိုရင်ပေါင် (၇၀) လောက်အထိကြီးထွားနိုင်ကြပါတယ်။ ဒါပေမယ့်အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်က ခရစ္စကန့် (Chris Kent) ဆိုသူစိုက်ပျိုးခဲ့တဲ့ ဖရဲသီးကြီးကတော့ပေါင် (၃၅၀) လောက်အထိအလေးချိန်ရှိခဲ့လို့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၈။ ကမ္ဘာ့အကြီးဆုံးကန်စွန်းဥ – စပိန်

၂၀၀၄ ခုနှစ်တုန်းက စပိန်နိုင်ငံကလယ်သမားတစ်ဦးဟာ သစ်သီးဝလံပန်းမန်ပြပွဲတစ်ခုမှာသူ့ခြံထွက် ကန်စွန်းဥကြီးကိုဝင်ရောက်ပြသယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့ကန်စွန်းဥကြီးဟာ (၈၁) ပေါင် (၉) အောင်စအထိအလေးချိန်ရှိခဲ့တာကြောင့် အဲ့ဒီပြိုင်ပွဲမှာအနိုင်ရရှိယုံမကဘဲ ဂင်းနစ်စံချိန်ပါတင်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ကမ္ဘာ့အကြီးဆုံးပိန္နဲသီး – အိန္ဒိယ

အိန္ဒိယနိုင်ငံပူနေးက စိုက်ပျိုးရေးအရာရှိတစ်ဦးရဲ့ ခြံကထွက်ရှိတဲ့ဧရာမပိန္နဲသီးကြီးကလည်း ၂၀၁၆ ခုနှစ်ကတည်းက ယနေ့ချိန်ထိဂင်းနစ်စံချိန်တင်ထားနိုင်ပါတယ်။ အဲ့ဒီ ပိန္နဲသီးကြီးရဲ့အလေးချိန်ကတော့ (၉၄) ပေါင် (၂) အောင်စရှိပြီး အရှည်ကတော့ (၅၇.၁၅) စင်တီမီတာရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၁၀။ ကမ္ဘာ့အကြီးဆုံးဂေါ်ဖီထုပ် – အလာစကာ (အမေရိကန်)

များသောအားဖြင့် အလာစကာကထွက်ရှိတဲ့သစ်သီးဝလံတွေဟာ လတ်ဆတ်လွန်းပြီးသာမန်အရွယ်အစားထက်လည်းကြီးမားလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ စကော့အေရော့ဘ် (Scott A.Robb) ဆိုတဲ့လူတစ်ဦးစိုက်ပျိုးထားတဲ့ အလေးချိန် (၁၃၂) ပေါင်ရှိတဲ့ ဂေါ်ဖီထုပ်ကြီးက ကမ္ဘာ့အကြီးဆုံးဂေါ်ဖီထုပ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါသည်။