ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ခေတ်အဆက်ဆက်က ထူးချွန်ခဲ့ကြတဲ့ စပိုင်တွေ ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်နော်။

စပိုင်လို့ ပြောလိုက်တာနဲ့ တစ်ဖက်က ရန်သူ့နိုင်ငံရဲ့ အတွင်းရေး သတင်းအချက်အလက်တွေကို ရအောင် နှိုက်ယူပြီး ကိုယ့်နိုင်ငံဆီ ပြန်တင်ပြကာ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေကြတဲ့ သူတွေလို့ ပြောရမှာပါ။ ဒါ့ကြောင့် ကမ္ဘာ့အတော်ဆုံး ခေတ်အဆက်ဆက်က စပိုင်တွေ အကြောင်းကို ပြောပြပေးမှာမို့လို့ ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
၁။ Melita Norwood
Melita Norwood ကတော့ ဗြိတိန် အဏုမြူ စွမ်အင် သုတေသန စင်တာမှာ လက်ထောက် ဒါရိုက်တာ အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး အဏုမြူ ဗုံးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရုရှားနိုင်ငံထံ နှစ်ပေါင်း ( ၃၇ ) ကျော်ကြာတဲ့ အထိ ပေးပို့ခဲ့ပြီး ( ၁၉၉၉ ) ခုနှစ် ရောက်မှသာ သူမအကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Melitia ရဲ့ ဖခင်ဖြစ်သူကတော့ လတ်ဗီးယား နိုင်ငံသားတစ်ဦး ဖြစ်ပြီး မိခင်ဖြစ်သူကတော့ ကွန်မြူနစ်တစ်ဦး ဖြစ်ကာ သူမ အကြောင်းကို သိသွားကြတဲ့ အချိန်မှာတော့ ရုရှားထောက်လှမ်းရေး ဖြစ်တဲ့ KGB ကနေ လာတဲ့ စပိုင် အဖြစ် လူသိများလာခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

သူမဟာ ဆိုဗီယက် ယူနီယံရဲ့ သက်တမ်း အရှည်ကြာဆုံး စပိုင်တွေထဲက တစ်ယောက်ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ကနေ စစ်အေးတိုက်ပွဲ ကာလတွေအထိ နယူးကလီးယား လျှို့ဝှက်ချက်တွေကို မော်စကို မြို့ဆီ သတင်းတွေ ပေးပို့ခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ် ။ shwekhitonlinetv.com

၂။ Klaus Fuchs
ဂျာမန်နွယ်ဖွားတစ်ဦး ဖြစ်တဲ့ Klaus Fuchs ကတော့ ၁၉၃၃ ခုနှစ် မှာ နယူးကလီးယား ရူပဗေဒ ပညာရှင်အဖြစ် အင်္ဂလန်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ် ။ shwekhitonlinetv.com

သူဟာ “Tube Alloys “ အမည်ရှိ ဗြိတိန် ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်တဲ့ အနုမြူ ဗုံး Project မှာ ပါဝင်ခဲ့တဲ့အပြင် အမေရိကန် မက်ဟက်တန် စီမံကိန်းမှာလည်း ပါဝင်ခဲ့ပါသေးတယ် ။ ၁၉၅၀ ခုနှစ်မှာတော့ Klaus ကို ဆိုဗီယက် ယူနီယံဆီ သတင်းပေးပို့ခဲ့တဲ့ အမှု နဲ့ ဖမ်းဆီးကာ အကျဉ်းချထားခဲ့ပါတယ် ။ shwekhitonlinetv.com

ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ Klaus ဟာ နူးညံ့ သိမ်မွေ့ပြီး ပညာတတ် တစ်ယောက် ဖြစ်ကာ အကျဉ်းကျနေစဉ်အတွင်း အကျဉ်းသားများအား အဝတ်လျှော်စက်ရဲ့ လည်ပတ်အလုပ်လုပ်ပုံကို Diagram တစ်ခုဆွဲပြကာ ရှင်းပြခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၃။ Francis Walsingham
Francis Walsingham ကတော့ သမိုင်းမှာ အထူးချွန်ဆုံး Spymaster တွေထဲက တစ်ယောက် အဖြစ် သတ်မှတ် ခံထားရသူ တစ်ယောက်ပါ ။ Francis ဟာ အဲလိဇဘတ် 1 ဘုရင်မကြီးရဲ့ အဓိက အတွင်းရေးမှူးတစ်ယောက် ဖြစ်တဲ့အပြင် သစ္စာရှိလှတဲ့ ပရိုတက်စတင့် တစ်ဦးလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါ့အပြင် သူဟာ ဗရင်ဂျီ ဘာသာဝင်တွေကို ချေမှုန်းနှိမ်နှင်းဖို့ ကြိုးစားခဲ့သူ တစ်ဦးအဖြစ်လည်း နာမည်ကြီးခဲ့သူ တစ်ယောက်ပါ ။ Francis မှတ်တမ်းတွေဟာ အတော်လေးကို ဆိုးရွားလှပြီး စာရွက်တွေ နဲ့ တံဆိပ်တုံးတွေကို ကြားဖြတ်ရယူကာ အတုလုပ်ပြီး စကော့တလန် ဘုရင်မ မေရီနဲ့ ဆင်းရဲလှတဲ့ ကတ်သလစ် ဘုန်းတော်ကြီးတွေကို အခြားသော ပူးပေါင်းကြံစည်မှုတွေနဲ့ သံသယရှိတာကြောင့် ဖမ်းဆီးနှိပ်စက်ပြီး ကွပ်မျက်ဖို့ အမိန့်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ Oleg Gordievsky
Gordievsky ဟာ ၁၉၈၀ ခုနှစ်တွေတုန်းက လန်ဒန်မှာ ရှိတဲ့ KGB ရုံးတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုကာလ အတွင်းမှာ သူဟာ ဗြိတိသျှ ထောက်လှမ်းရေး ရဲ့ အဆက်အသွယ်ကို ရခဲ့ပါတယ် ။ shwekhitonlinetv.com

ပရာဂ့် နွေဦး တော်လှန်ရေး အပြီးမှာတော့ ဆိုဗီယက်တို့ရဲ့ နိုင်ငံရေး နည်းလမ်းတွေကို Gordievsky ဟာ စိတ်ကုန်လာခဲ့ပြီး အနောက်တိုင်း ထောက်လှမ်းရေး အတွက် အလုပ်လုပ်ပေးခဲ့သော KGB ရဲ့ အဆင့်မြင့် အရာရှိ တစ်ယောက် အဖြစ် မှတ်တမ်းဝင်ခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ Aldrich Ames လို့ခေါ်တဲ့ စပိုင်တစ်ယောက်ဟာ Gordievsky နဲ့ ပတ်သတ်ပြီး KGB ကို သတင်းပေးခဲ့တာကြောင့် သူ့ကို မော်စကို မြို့ဆီ ပြန်ခေါ်ယူပြီး စစ်ဆေးခံခဲ့ရပါတယ် ။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ Gordievsky ဟာ ဗြိတိသျှ တို့ရဲ့ အကူအညီကြောင့် တစ်ခုသော နံနက်ခင်းမှာ ရုရှားကနေ တိတ်တဆိတ် ထွက်ပြေးလွတ်မြောက်ခဲ့သွား ရပါတယ် ။ shwekhitonlinetv.com

၅။ Ursula Kuczynski
ဂျာမန် ဂျူး အနွယ်ဝင် ကွန်မြူနစ် တစ်ဦး ဖြစ်တဲ့ ကော့ဇင်းစကီ ဟာဆိုရင် ငယ်ရွယ်စဉ်ကတည်းက အမှုတွေ ကျူးလွန်ခဲ့သူတစ်ယောက်ပါ ။ shwekhitonlinetv.com

၁၉၃၀ ခုနှစ်မှာတော့ သူမဟာ တရုတ်ပြည်ကို ရွှေ့ပြောင်းနေထိုင်ခဲ့ကာ ရေဒီယို နည်းပညာတွေကို လေ့လာခဲ့ပြီး ဆွစ်ဇာလန် နဲ့ အင်္ဂလန်နိုင်ငံတွေမှာလည်း နေထိုင်ခဲ့ပါသေးတယ် ။ နောက်ပိုင်းမှာ တော့ KGB စပိုင်တစ်ယောက်ဖြစ်တဲ့ သူမဟာ Klaus Fuchs အဖမ်းခံရတဲ့ သတင်းကြားပြီးနောက် ( ၁၉၅၀ ခုနှစ် ) အရှေ့ဘာလင်နိုင်ငံ ကို ထွက်ပြေးလာခဲ့ပါတော့တယ် ။ shwekhitonlinetv.com

အချိန်တွေ ကြာသွားတဲ့ အခါ မှာတော့ ကော့ဇင်းစကီ ဟာ ကလေးသူငယ်တွေ ဖတ်ဖို့အတွက် စာအုပ်တွေ ရေးသားရင်းနဲ့ပဲ ဘ၀ကို ဖြတ်သန်းနေထိုင်ခဲ့တယ်လို့ သိရပါတယ် ။

အဆုံးထိ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment
You must log in to post a comment.