လေထုကိုသန့်စင်ပြီး အောက်ဆီဂျင်များများ ထုတ်ပေးနိုင်တဲ့ အပင်များ

အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ အိမ်တွင်းမှာရှိတဲ့ လေထုကိုသန့်စင်ပေးနိုင်ပြီး အောက်ဆီဂျင် ပမာဏမြင့်မားစွာထုတ်လွှတ်ပေးနိုင်တဲ့ အလှစိုက်အပင်လေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုအပင်လေးတွေလည်းဆိုတာကိုတော့ ဆက်လက်ဖတ်ရှုလိုက်ပါဦးနော် … shwekhitonlinetv.com

၁။ The Weeping Fig

Weeping Fig ဆိုတဲ့အပင်လေးကိုတော့ မြန်မာနိုင်ငံမှာ ညောင်လန်းပင် လို့လူသိများပါတယ်။ ဒီအပင်ကို နာဆာ (NASA) က လေထုကိုအကောင်းဆုံး သန့်စင်ပေးနိုင်စွမ်းရှိတဲ့ အပင်အဖြစ်သတ်မှတ်ထားကြပါတယ်။

ဒီအပင်လေးက လေထုထဲကအဆိပ်အတောက်တွေဖြစ်တဲ့ ဖော်မယ်ဒီဟိုက် (Formaldehyde)၊ ဇိုင်လင်း (Xylene)၊ တော်လူအင်း (Toluene) လိုအရာတွေကို ဖယ်ရှားသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ အိမ်တွင်းမှာ ဒီအပင်လေးတွေကို စိုက်ထားမယ်ဆိုရင် ကောင်းမွန်တဲ့ အသက်ရှုသွင်းလိုက်တဲ့ လေထဲမှာပါဝင်တဲ့ အောက်ဆီဂျင်အရည်အသွေးကို တိုးတက်စေနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Aloe Vera Plant

Aloe Vera လို့ခေါ်တဲ့ ရှားစောင်းလက်ပတ်ပင်အကြောင်းကိုတော့ လူအတော်များများလည်းသိပြီးဖြစ်မှာပါ။

ရှားစောင်းလက်ပတ်ပင်ဟာ အသားအရေထိန်းသိမ်းဖို့ အတွက် အကောင်းဆုံးအပင်တစ်မျိုးဖြစ်သလို အခြားဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေလည်းအများကြီးရှိနေတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ရှားစောင်းလက်ပက်ပင်ဟာ လေထဲကအဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်နိုင်သလို ညဘက်မှာ အောက်ဆီဂျင်ထုတ်လွှတ်တဲ့ အပင်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Pothos Plant

နောက်ထပ်အိမ်တွင်းအလှစိုက် အပင်တစ်မျိုးဖြစ်တဲ့ Pothos Plant ကို မြန်မာနိုင်ငံမှာတော့ ရွှေလာငွေလာဂမုန်း၊ တိုက်ကပ်ပန်းနွယ်လို့ လူသိများပါတယ်။

ဒီအပင်လေးက နာမည်နဲ့လိုက်အောင် လာဘ်လာဘ ပွင့်စေသလို လေထုကိုလည်း သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ သူကလေထဲမှာရှိတဲ့ အဆိပ်ဓာတ်ငွေ့တွေကို စုပ်ယူပေးပြီး ကောင်းမွန်တဲ့ အောက်ဆီဂျင်ကိုပြန်လည် ထုတ်လွှတ်ပေးတဲ့ အပင်လေးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Spider Plant

ရေသိပ်မကြိုက်တဲ့ Spider Plant အပင်လေးတွေကလဲ အခန်းတွင်းမှာရှိတဲ့ လေထုကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ လေထုထဲမှာရှိနေတဲ့ ကာဗွန်မိုနောက်ဆိုဒ်လို အဆိပ်ဓာတ်ငွေ့တွေကို ဖယ်ရှားပေးပါတယ်။

နာဆာ (NASA) ကသတ်မှတ်ထားတဲ့ လေထုကိုအကောင်းဆုံးသန့်စင်ပေးနိုင်တဲ့ အပင်စာရင်းမှာ အဆင့် (၃) နေရာမှာရှိနေပါတယ်။ ဒီအပင်လေးတွေက စိုက်ပျိုးရလည်းလွယ်ကူပြီး အတော်လေးလည်း အကြမ်းခံတဲ့ အပင်မျိုးဖြစ်ပါတယ်။ ရေများများမလောင်းမိသရွေ့ တော်ယုံနဲ့ မသေတဲ့အပင်လေးတွေလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တစ်ချို့က ပင့်ကူဂမုန်း၊ တစ်ချို့ကလည်း သဇင်မင်းပင်ဆိုပြီး ခေါ်ကြပါတယ်။ shwekhitonlinetv.com

၅။ Areca Palm

ဒီအပင်လေးကတော့ လေထုထဲကအန္တရယ်ရှိတဲ့ ဖော်မယ်ဒီဟိုက် (Formaldehyde) နဲ့ ဘန်ဇိုင်း (Benzene) လိုမျိုး ဓာတ်ငွေ့တွေကို စုပ်ယူပေးပါတယ်။

မြန်မာနိုင်ငံမှာတော့ တစ်ချို့က အုန်းပွားပင်လို့ ခေါ်ကြပြီး တစ်ချို့ကလည်း အလှစိုက်အုန်း လို့ခေါ်တက်ကြပါတယ်။ အိမ်ခန်း၊ ရုံးခန်းတွေမှာ အလှဆင်ဖို့နဲ့ လေထုကိုသန့်စင်ဖို့ အတွက်စိုက်ပျိုးထားတက်ကြပါတယ်။ ဒါ့အပြင်ဒီအပင်လေးတွေက အောက်ဆီဂျင်ကိုလည်း အများအပြား ထုတ်လွှတ်ပေးပြီး ဦးနှောက်နဲ့အာရုံကြောစနစ်တွေကိုလည်း အားဖြည့်ပေးနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၆။ Snake Plant

Snake Plant ကိုတော့ မြန်မာလူမျိုးတွေအနေနဲ့ နဂါးစက်ပင်လို့လည်းခေါ်ကြပါတယ်။ ဒီအပင်ကို မိမိတို့ရဲ့ နေအိမ်အတွင်းစိုက်ပျိုးထားမယ်ဆိုရင်တော့ သန့်စင်တဲ့လေထုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးမှာဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ဒီအပင်ဟာ လေထဲကကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ အမြဲမပြတ်စုပ်ယူပေးပြီး လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ဖော်မယ်ဒီဟိုက် ကိုလည်းဖယ်ရှားပေးပါတယ်။ သူကလည်း ရေသိပ်လောင်းစရာမလိုဘဲ ထိန်းသိမ်းရလွယ်ကူတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Tulsi

ပင်စိမ်းအနွယ်ဝင်တစ်မျိုးဖြစ်တဲ့ ဒီအပင်ကလည်း တစ်နေ့ကို နာရီ (၂၀) လောက် အောက်ဆီဂျင်ထုတ်လွှတ်ပေးတဲ့ အပင်ဖြစ်ပါတယ်။ လေထုထဲက ကာဗွန်မိုနောက်ဆိုဒ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ် တို့လို အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေကိုလည်း စုပ်ယူပေးပါတယ်။

နောက်ပြီးသူ့ဆီကထွက်တဲ့ အနံ့တစ်မျိုးကြောင့် စိုးရိမ်ကြောင့်ကြမှုတွေကို ပြေလျော့စေနိုင်ပါ သေးတယ်။ ဒါတင်မကသေးပါဘူး အနောက်တိုင်းအယူအဆတွေမှာ ပင်စိမ်းပင်ကို အိမ်ထဲမှာစိုက်ထားခြင်းက မိမိအိမ်ကိုကျရောက်မယ့် မကောင်းတဲ့ရန်တွေကနေ ကာကွယ်ပေးနိုင်သလို ကံကောင်းခြင်းတွေကိုလည်း ဆောင်ကျဉ်းပေးနိုင်ပါသတဲ့ ပရိသတ်ကြီးရေ … shwekhitonlinetv.com

၈။ Bamboo Plant

ဒီအပင်လေးကိုတော့ မြန်မာနိုင်ငံမှာ ဝါးအုန်း၊ တောင်ထန်း၊ ဝါးပင် စသဖြင့်ခေါ်ဝေါ်ကြပါတယ်။ သူကတော့လေထုထဲမှာပါဝင်တဲ့ အဆိပ်အတောက်ဖြစ်စေမယ့် ရေခိုးရေငွေ့တွေနဲ့ အနံ့ဆိုးတွေကို စစ်ထုတ်ပေးနိုင်ပါတယ်။

ကျန်းမာရေးကို ထိခိုက်စေမယ့် လေထုထဲက အန္တရာယ်ရှိတဲ့ ဓာတုဓာတ်ငွေ့တွေကို ဖယ်ရှားပေးတာလို့လည်း ဆိုနိုင်ပါတယ်။ နောက်ပြီး ဒီအပင်လေးတွေက အခန်းတွင်းမှာရှိတဲ့ အောက်ဆီဂျင် Level ကိုလည်း မြင့်တက်အောင် ပြုလုပ်ပေးနိုင်တာကြောင့် အိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ အပင်လေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Gerbera Daisy

ဂန္ဓမာဒေစီပန်းပင်လေးတွေကတော့ အရောင်အသွေးစုံပြီး အိမ်ကိုလှပစေရုံတင်မကဘဲ ညဘက်မှာဆိုရင် အောက်ဆီဂျင် မြင့်မားစွာထုတ်လွှတ်တဲ့ အိမ်တွင်းစိုက် အပင်လေးတွေဖြစ်ပါတယ်။

နာဆာ (NASA) ရဲ့ လေထုသန့်စင်ရေးလေ့လာမှုတွေအရတော့ ဒေစီပန်းပင်တွေဟာ လေထုထဲက အညစ်အကြေးတွေဖြစ်တဲ့ ဖော်မယ်ဒီဟိုက် (Formaldehyde) ၊ ဘန်ဇိုင်း (Benzene) နဲ့ ထရိုင်ကလိုရိုအီသိုင်လင်း (Trichloroethylene) တို့ကိုဖယ်ရှားပေးပါတယ်။ shwekhitonlinetv.com

အခုဖော်ပြခဲ့တဲ့အပင်လေးတွေက မြေနေရာလဲမလိုသလို ပြုစုထိန်းသိမ်းရတာလဲ အလုပ်မရှုပ်တာကြောင့် ခုလိုကာလမျိုးမှာ စိုက်ထားသင့်တဲ့ အပင်လေးတွေပါပဲနော် … shwekhitonlinetv.com