လူသားတွေနဲ့ သူငယ်ချင်းလို နေပေးမယ့် မှတ်ဥာဏ်အကောင်းဆုံး စက်ရုပ် (၅) ရုပ်

နေ့စဉ်နဲ့အမျှတိုးတက်နေတဲ့ ဒီနေ့လို အချိန်အခါမျိုးမှာတော့ စက်ရုပ်တွေဆိုတာဟာလည်း ဆန်းကြယ်တဲ့ အရာတွေလို့ ဘယ်သူမှထင်မှတ်ထားကြတော့မယ် မထင်ပါဘူး။ စက်ရုပ်တွေကို ကုန်ထုတ်လုပ်ငန်းတွေ ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေ စသဖြင့် နယ်ပယ်စုံ ကဏ္ဍစုံမှာ အသုံးပြုလာကြတာကလည်း အားလုံးအသိပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် ဒီတစ်ခါတင်ဆက်မယ့် ဆောင်းပါးလေးမှာပါဝင်မယ့် အကြောင်းအရာလေးကတော့ တီထွင်ဖန်တီး ပြသခဲ့တဲ့ စက်ရုပ်လေးတွေထဲကမှ စွမ်းဆောင်ရည်အမြင့်ဆုံး စက်ရုပ်လေး (၅) ရုပ်အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ မိုင်ရို (Miro)

Miro ကိုတော့ တိရိစ္ဆာန်စက်ရုပ်လေးတွေမှာ လိုအပ်တဲ့ အရည်အသွေးအပေါ်မူတည်ပြီး မွမ်းမံ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီစက်ရုပ်လေးဟာ တကယ့်ကိုသန်မာပြီး အသုံးပြုသူနဲ့လည်း လိုက်လျောညီထွေရှိစေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး လူသားတွေကိုလည်း သူ့ရဲ့ခံစားချက်တွေကို သိမြင်အောင် ပြုလုပ်နိုင်စွမ်းရှိပါသေးတယ်တဲ့ ပရိသတ်ကြီးရေ …. မိုင်ရို (Miro) စက်ရုပ်ဟာ လူသားတွေရဲ့ ဦးနှောက်ကို အတုယူဖန်တီးထားပြီး ဇီဝပုံတူကူးယူမှုလုပ်ဆောင်ပုံစနစ်ကို ထည့်သွင်းထားတဲ့ ပထမဆုံးစက်ရုပ်ဖြစ်ပါတယ်။

ဆိုလိုတာကတော့ မိုင်ရို (Miro) ဟာ စက်ရုပ်တစ်ခုထက် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လို ပြုမူတုံ့ပြန်မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ပါရို (Paro)

Paro ဆိုတာကတော့ ကုထုံးဆိုင်ရာ စက်ရုပ်ပင်လယ်ဖျံပေါက်လေး ဖြစ်ပြီး ဆေးရုံနဲ့ ဘိုးဘွားရိပ်သာတွေမှာရှိတဲ့ လူနာတွေကို စိတ်ငြိမ်စေဖို့အတွက် အကူအညီပေးနိုင်အောင် ရည်ရွယ်ဖန်တီးထား တာဖြစ်ပါတယ်။ shwekhitonlinetv.com

ချစ်စရာကောင်းတဲ့သွင်ပြင်နဲ့ Paro ဟာ အထူးသဖြင့် မှတ်ဉာဏ်လျော့ပါးလာတဲ့ရောဂါ (Dementia) ကို ခံစားနေရတဲ့ လူနာတွေရဲ့စိတ်ကို ငြိမ်သက်အောင်ကူညီလုပ်ဆောင်ပေးတာဖြစ်ပါတယ်။

Paro ဟာ လူတွေရဲ့ပွတ်သပ်မှုကို အမြီးလှုပ်ခြင်း၊ မျက်လုံးအဖွင့်အပိတ်လုပ်ခြင်း စတဲ့ အပြုအမူတွေနဲ့ တုံ့ပြန်နိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ ဘက်ဒီ (Buddy)

Buddy ကိုတော့ Blue Frog Robotics ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လူတွေရဲ့ စိတ်ခံစားမှုအဖော်မွန်အဖြစ် ရည်ရွယ်ကာ တီထွင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

Buddy ဟာ လူတွေနဲ့ ဆက်သွယ်ခြင်း၊ အပြန်အလှန်တုံ့ပြန်ခြင်း စတာတွေကို ပြုလုပ်ပြီး အိမ်တွင်းမှာရှိတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို အကာအကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

Buddy ကို ကိုယ်ရေးအရာရှိအဖြစ် ပုံစံထုတ်ထားခြင်းဖြစ်ပြီး သင်မရှိတဲ့အခါ အိမ်စောင့်ဖို့၊ ကလေးတွေနဲ့အတူ ဂိမ်းကစားဖို့၊ စတာတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။ shwekhitonlinetv.com

၄။ ဇမ်ဘို (Zenbo)

Zenbo ကို အိမ်တွင်း ကျန်းမာရေးစောင့်ရှောက်သူအဖြစ် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Asus ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

Zenbo ရဲ့ ဈေးနှုန်းကို ဒေါ်လာ (၆၀၀) လောက်သတ်မှတ်ထားပေမယ့် ဈေးကွက်ထဲကိုတော့ ဖြန့်ဖြူးရောင်းချခြင်း မရှိသေးပါဘူး။ Zenbo ဟာ Buddy နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ကာ ထုတ်လုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

သူ့ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကတော့ သူ့ရဲ့စနစ်နဲ့ ချိတ်ဆက်ထားတဲ့ အိမ်တွင်းက ကိရိယာတွေကို ထိန်းချုပ်နိုင်ခြင်း၊ (CCTV)လိုမျိုး လုံခြုံရေးစနစ်များကိုလည်း စောင့်ကြပ်ကြည့်ရှုပေးနိုင်ခြင်း၊ အွန်လိုင်းမှ လုပ်ငန်းတာဝန်အမျိုးမျိုးကို ဆောင်ရွက်နိုင်ခြင်း၊ လူများနှင့် အပြန်အလှန်ဆက်သွယ်နိုင်ခြင်း စတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ Zenbo ဟာ ဈေးကွက်ထဲမှတော့ Buddy ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အိုက်ဘို (Aibo)

၁၉၉၈ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ အိုက်ဘို (Aibo) ဟာ နာမည်ကျော် ဆိုနီ (Sony) အီလက်ထရောနစ် ကုမ္ပဏီက ကထုတ်လုပ်ထားတဲ့ ရဲ့ စက်ရုပ်ခွေးဖြစ်ပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားစေဖို့အတွက် မကြာသေးခင်ကမှ ပြန်လည်ဆန်းသစ်ထားတာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အိုက်ဘို (Aibo) မှာ အသက်ဝင်လွန်းတဲ့ မျက်နှာအမူအရာတွေရှိပြီး လှုပ်ရှားမှုတွေအတွက်ကိုလည်း အားမာန်ပါပြီး တက်ကြွတဲ့ တည်ဆောက်ပုံတွေပါရှိပါတယ်။ သူ့ရဲ့ ချစ်စဖွယ်ကောင်းတဲ့ အမူအရာတွေဟာ ပိုင်ရှင်ဖြစ်သူရဲ့ နေ့စဉ်ဘဝကို နွေးထွေးပျော်ရွှင်စေမှာအမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစာလေးကို အဆုံးထိကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော် …

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။