လိပ်တွေနဲ့ ပတ်သတ်ပြီး လူတွေသိပ်မသိကြသေးတဲ့ ဗဟုသုတများ

ပရိသတ်ကြီးကိုပရိသတ်ကြီးကိုပရိသတ်ကြီးကိုပရိသတ်ကြီးကို အခုတစ်ခါမှာတော့ လိပ် လေးတွေနဲ့ ပတ်သက်ပြီး လူသ်ပ်မသိကြသေးတဲ့ အကြောင်းအရာလေး တစ်ချို့ကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ သူတို့ နဲ့ ထူးထူးဆန်းဆန်း အချက်လေးတွေက ဘာဖြစ်မလဲဆိုတာကိုတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁ ။ လိပ်တွေဟာ အသက်ကြီးလာရင် အသားအရည်တွန့်လာပါတယ် ။

လိပ်အများစုဟာ ကျန်းကျန်းမာမာ ရှိတယ်ဆိုရင် သက်တမ်း နှစ် (၁၅၀) ကျော်တဲ့အထိ နေနိုင်ပါတယ်။ မှတ်တမ်းတွေအရ တစ်ချို့ လိပ်တွေဟာ နှစ်ပေါင်း ( ၂၅၀) ကျော်တဲ့အထိ နေသွားကြတာမျိုးတောင် ရှိပါတယ်။ အထင်ရှားဆုံးကတော့ ဂျိုနသန် လို့ နာမည်ရတဲ့ လိပ်တစ်ကောင် ဟာဆိုရင် ၁၈၃၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ယနေ့အချိန်မှာတော့ အသက် ( ၁၈၉) နှစ် ရှိပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂ ။ လိပ်တွေဟာ အတွေ့အထိကို သိနိုင်ပါတယ် ။

လိပ် တစ်ကောင်ရဲ့ အခွံဟာဆိုရင် မတူညီတဲ့ အရိုးပေါင်း ( ၆၀) နဲ့ ဖွဲ့စည်း တည်ဆောက်ထားပြီး တစ်ခု နဲ့ တစ်ခု ချိတ်ဆက်ထားပါတယ် ။ ကောလဟာလတွေအရတော့ လိပ်တွေဟာ သူတို့ရဲ့ အခွံကို သွားကိုင်ရင်တောင် အကိုင်ခံရမှန်း မသိပါဘူးတဲ့ ။ ဒါပေမယ့် အချက်အလက်တွေအရတော့ လိပ်တွေ ရဲ့ အခွံအဆုံးဘက်မှာ အာရုံကြောလေးတွေ ရှိနေပြီး အတွေ့အထိကို အနည်းငယ် သိနိုင်ပါတယ် ။ shwekhitonlinetv.com

၃ ။ လိပ်တွေဟာ ဇွဲမလျော့တတ်ပါဘူး ။

လိပ်တွေရဲ့ နာမည်အကြီးဆုံး အချက်ကတော့ သူတို့ရဲ့ speed ကြောင့်ပါ ။ လိပ်တစ်ကောင်ဟာ ( ၁) နာရီကို ( ၀.၂၁) ကနေ ( ၀.၄၈) ကီလိုမီတာ အရှိန်ပဲ ရှိပါတယ် ။ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတာက လိပ်တွေဟာ တစ်နေ့ကို ( ၆.၄) ကီလိုမီတာအထိ သွားနိုင်ပါတယ်တဲ့ ။ နာမည်ကြီး ယုန်နဲ့ လိပ် ပုံပြင်ထဲကလို လိပ်တွေဟာ စိတ်အားပြင်းထန်ကြသလို ဇွဲရှိတာကြောင့်လည်း အခုလိုမျိုး အကွာအဝေးကို မယုံနိုင်လောက်အောင် သွားနိုင်တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ လိပ်​​တွေဟာ ရာသီဥတုကိုလည်း သိနိုင်ပါတယ် ။

လိပ်ဥ တစ်ဥကို ကြည့်ပြီး အထီး၊အမ မှန်း ခွဲဖို့ကတော့ မဖြစ်နိုင်တဲ့ ကိစ္စလို့ပဲ ပြောရမှာပါ ။ လိပ်တွေရဲ့ ဘဝ ဟာ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ ရာသီဥတုနဲ့ သက်ဆိုင်ပါတယ်။ အထင်ရှားဆုံးကတော့ လိပ်ဥ တစ်ဥဟာ သူ့ရဲ့ ဘေးပတ်လည်မှာရှိတဲ့ အပူချိန်က နွေးနေတယ်ဆိုရင် ထိုဥကနေ လိပ်အမ ပေါက်ဖွားလာဖို့များပြီး အပူချိန်က အေးနေတယ်ဆိုရင် လိပ် အထီး ပေါက်ဖွားဖို့ များပါတယ်တဲ့ ။ shwekhitonlinetv.com

၅ ။ လိပ်တွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီစွာ နေထိုင်နိုင်ပါတယ် ။

နောက်ထပ်ပြောပြပေးမယ့် အချက်ကတော့ လိပ်တွေဟာ ရာသီဥတုပေါ်လိုက်ပြီး သူတို့ရဲ့ အခွံ နဲ့ အရေပြားတွေက ကွဲ ပြား တတ်ပါတယ် ။ ဥပမာ ပြောရမယ်ဆိုရင် ဆာဟာရ သဲကန္တာရလိုမျိုး အလွန်ပူပြင်းတဲ့အရပ်မှာ ရှိတဲ့ လိပ်တွေရဲ့ အခွံအရောင်ဟာ အရောင်တောက်နေတတ်ပါတယ်။ အကြောင်းကတော့ အရောင် တောက်တောက်တွေဟာ အပူစုပ်ယူနိုင်စွမ်းနည်းတာကြောင့် လိပ်တွေကို အပူဒဏ် သိပ်မခံစားစေရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆ ။ လိပ်တွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှုပုံကို ထိန်းနိုင်ပါတယ် ။

A sea turtle swims in the Florida Keys.

ကုန်းလိပ် နဲ့ ရေလိပ်ကြား ကွာခြားတဲ့ အချက်တစ်ခုကတော့ ရေလိပ်တွေဟာ ရေအောက်အနက်ထဲထိ ရေကူးနိုင်ပြီး ကုန်းလိပ်တွေကတော့ ဒါမျိုး မလုပ်နိုင်ပါဘူး ။ ဒါပေမယ့် ကုန်းလိပ်တွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ သူတို့ရဲ့ အသက်ရှုပုံကို ထိန်းနိုင်ပါတယ် ။ တစ်ခါတစ်လေ လိပ်တွေဟာ သူတို့ရဲ့ အခွံထဲကို ဝင်ခါနီး အချိန်ကျရင် သူတို့ရဲ့ အသက်ရှုထုတ်သံကို ကြားရမှာပါ ။ အကြောင်းကတော့ အခွံထဲဝင်ခါနီး သူတို့ရဲ့ အဆုတ်ထဲမှာ အလွတ်ဖြစ်​နေဖို့ လိုအပ်တာကြောင့်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၇ ။ လိပ်တွေမှာ သွား မရှိပါဘူး ။

နောက်ဆုံးပြောပြပေးမယ့် အချက်ကတော့ လိပ်တွေမှာ သွား လုံးဝ မရှိပါဘူး ။ သွားတွေ မရှိပေမယ့်လည်း သူတို့ရဲ့ ပါးစပ်အတွင်းပိုင်းက အပေါ်မေးရိုး နဲ့ အောက်မေးရိုးတွေမှာတော့ ချွန်ထွက်နေတဲ့ အစွန်းလေးတွေ ရှိပါတယ် ။ လိပ်​တွေရဲ့ လည်ပင်း ကြွက်သား တွေဟာ ဒီအစွန်းလေးတွေကို ပြင်းထန်စွာ ဖိချပေးနိုင်တာကြောင့် အသီးအရွက်တွေကို အတုံးလိုက် ကိုက်ဖြတ်နိုင်ပါတယ် ။ ဒါ့အပြင် သူတို့ရဲ့ လျှာတွေဟာ အစာတွေကို မျိုချတဲ့ အခါ လွယ်ကူစေဖို့အတွက် လိုအပ်ရင် ရွေ့လျားပေးနိုင်ပါသေးတယ် ။ shwekhitonlinetv.com

အခုပြောပြပေးထားတာကတော့ လိပ်တွေနဲ့ ပတ်သက်ပြီး လူသိပ်မသိတဲ့ အကြောင်းလေးတွေပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply