လ (၅) စင်းကို ပိုင်ဆိုင်ထားတဲ့ အပယ်ခံ ဂြိုဟ်တစ်လုံး အကြောင်း

အခုဖော်ပြမယ့် အကြောင်းအရာလေးကတော့ နေအဖွဲ့အစည်းအတွင်းမှာ ပါဝင်တဲ့ ဂြိုဟ်အဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ပလူတို ဂြိုဟ်အကြောင်းပဲဖြစ်ပါတယ်။

ဒီ ဆောင်းပါးမှာတော့ ပလူတိုကို ဂြိုဟ်တစ်လုံးအဖြစ်သာ သုံးနှုန်းတင်ဆက်သွားမှာဖြစ်တာကိုလည်း ပရိသတ်ကြီးအနေနဲ့ နားလည်ပေးဖို့ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါတယ်နော် … shwekhitonlinetv.com

ပလူတိုဂြိုဟ်ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့တာကတော့ ကလိုက်တွမ်ဘော့ လို့အမည်ရတဲ့ သိပ္ပံပညာရှင်ဖြစ်ပြီး (၁၉၃၀) ခုနှစ် ဖေဖေါ်ဝါရီ (၁၈) ရက်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ shwekhitonlinetv.com

ပလူတိုဟာ တစ်ချိန်က နေအဖွဲ့အစည်း (Solar Syatem) ထဲမှာရှိတဲ့ဂြိုဟ်ကြီး (၉) လုံးမှာ ပါဝင်တဲ့ ဂြိုဟ် (၁) လုံးဖြစ်ပါတယ်။ ဒါပေမယ့် (၂၀၀၆) မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အာကာသညီလာခံမှာတော့ သိပ္ပံပညာရှင်တွေက ပလူတိုကို ဂြိုဟ်ပု (Dwarf Planet) တစ်လုံးအဖြစ်သာ သတ်မှတ်လိုက်ပါတယ်။ အကြောင်းကတော့ ဂြိုဟ်တစ်လုံးအဖြစ်သတ်မှတ်နိုင်တဲ့ အင်္ဂါရပ်တွေနဲ့ မညီမညွတ်တာကြောင့်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

ပလူတိုဟာ ကွိုင်ပါခါးပတ် (Kuiper belt) လမ်းကြောင်းကနေပြီး နေကိုလှည့်ပါတ်နေတဲ့အပြင် ဂြိုဟ်လဲမဟုတ်၊ ကြယ်အဆင့်လဲမမှီတာကြောင့် ဂြိုဟ်ပု (Dwarf Planet) အဖြစ်သတ်မှတ်ခဲ့တာလို့အကြမ်းဖျင်းဆိုနိုင်ပါတယ်။ ကွိုင်ပါခါးပတ် (Kuiper belt) ဆိုတာကတော့ နက်ပကျွန်းဂြိုလ်အနီကစတင်ပြီး နေကိုလှည့်ပါတ်နေတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား မြောက်မြားစွာရဲ့ကျယ်ပြန့်တဲ့လမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

လျို့ဝှက်ဆန်းကြယ်မှုများနဲ့ ပလူတို

ပလူတိုဂြိုဟ်ဟာ အာကာသသမိုင်းတစ်လျောက်မှာတော့ သိပ္ပံပညာရှင်တွေကို အငြင်းပွားမှုများစွာ နဲ့ ခေါင်းစားခဲ့တဲ့ဂြိုဟ်တစ်လုံးပဲဖြစ်ပါတယ်။ နေနဲ့အလွန်ဝေးကွာမှု၊ အရောင်တောက်ပနေမှု၊ ပုံမှန်မဟုတ်တဲ့ဂြိုဟ်ပတ်လမ်း၊ ဂြိုဟ်အနီးတစ်ဝိုက်မှာ ရှုပ်ထွေးစွာလှည့်ပတ်နေတဲ့ ဂြိုဟ်ရံလတွေကြောင့် အထင်အမြင်များစွာ၊ ခန့်မှန်းတွက်ချက်မှုများစွာကို လွဲချော်စေခဲ့တဲ့ဂြိုဟ်တစ်လုံးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်လည်း နာဆာ (NASA) အဖွဲ့အစည်းက ပလူတိုရဲ့ အသေးစိတ်အချက်အလက်တွေ သိရှိရဖို့အတွက် (၂၀၀၆) ခုနှစ်အချိန်အတွင်းမှာ နယူးဟော်ရစ်ဇွန် (New Horizons) လို့အမည်ရတဲ့ အာကာသယာဉ်ကို ပလူတိုဂြိုဟ်ဆီကို စေလွှတ်ခဲ့ကြပါတယ်။ ရက်ပေါင်း (၃၄၆၂) ရက်နီးပါး ခရီး နှင်ခဲ့ပြီးတဲ့နောက် (၂၀၁၅) ခုနှစ် ဇူလိုင်လမှာတော့ နယူးဟော်ရစ်ဇွန်ဟာ ပလူတိုဂြိုလ်ကို့ရောက်ရှိခဲ့ပြီး ဂြိုဟ်ကိုအသေးစိတ်လှည့်ပါတ်လေ့လာ နိင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

နေရဲ့အဝေးဆုံးကဂြိုဟ်

ပလူတိုဂြိုဟ်ဟာ နေရဲ့အဝေးဆုံးမှာရှိတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပြီး ထူးခြားတဲ့ ဘဲဥပုံပတ်လမ်းကြောင်းနဲ့ နေကိုလှည့်ပတ်နေတာဖြစ်ပါတယ်။ ဒီဘဲဥပုံသဏ္ဍန် ပတ်လမ်းကြောင်းက နေကနေပျမ်းမျှအကွာအဝေး (၃၆၅၀) မိုင်လောက်ရှိတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

ပလူတိုဟာ နေ ကနေပြီး တန်းစီလိုက်ရင် (၉) လုံးမြောက်အနေအထားရှိတယ်ဆိုပေမယ့် သူ့ရဲ့ ဘဲဥပုံ ပတ်လမ်းကြောင့် တစ်ခါတစ်လေမှာတော့ သူ့ရှေ့က နက်ပ်ကျွန်းဂြိုဟ်ကို ကျော်ပြီး (၈) လုံးမြောက်ဂြိုဟ်နေရာကိုလည်း ရောက်ရှိလာတက်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ဒီအဖြစ်အပျက်က ကမ္ဘာနှစ်နဲ့တွက်မယ်ဆို (၂၄၈) နှစ်ကြာမှတစ်ကြိမ်ဖြစ်ပေါ်တာပါ။ ဘာလို့လဲဆိုတော့ ပလူတိုဂြိုဟ်ဟာ နေကိုတစ်ပတ် ပတ်မိဖို့ကမ္ဘာနှစ်နဲ့ဆို (၂၄၈) နှစ်ကြာတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အအေးဆုံးဂြိုဟ်

နောက်ပြီး ပလူတိုဂြိုဟ်ဟာ ဂြိုဟ်တွေအားလုံးထဲမှာ အအေးဆုံးဂြိုဟ်ဖြစ်တယ်လို့လည်းသိရပါတယ်။ အကြောင်းကတော့ ပလူတိုဂြိုဟ်ဟာနေနဲ့ အလွန်ဝေးကွာတဲ့နေရာမှာရှိတဲ့အပြင် လေ့လာတွေ့ရှိချက်တွေအရ ဂြိုဟ်ရဲ့မျက်နှာပြင်မှာ အမိုးနီးယားဓါတ်ငွေ့တွေ ဖုံးလွှမ်းနေလို့ပဲဖြစ်ပါတယ်။

ဒီလိုအချက်တွေကြောင့် ပလူတိုဂြိုဟ်ရဲ့အပူချိန်ဟာ အနုတ် ၂၂၃ ဒီဂရီ ဆဲလ်စီးယပ်အထိအေးတယ်လို့ သိရပါတယ်။ ဒီဓာတ်ငွေ့ရေခဲချပ်ကြီးတွေကြောင့် ပလူတို ဂြိုဟ်ကို အာကာသကြည့်မှန်ပြောင်းတွေနဲ့ကြည့်မယ်ဆိုရင် အရောင်တောက်ပစွာမြင်တွေ့နိုင်တာဖြစ်ပါတယ်။ shwekhitonlinetv.com

အများအားဖြင့်လေထုမရှိသောဂြိုဟ်

ပုံမှန်အနေအထားဆိုအရတော့ ပလူတိုဂြိုဟ်မှာ လေထုမရှိဘူးလို့သိရပါတယ်။ ဒါပေမယ့် တခါတရံ နေနဲ့ နီးကပ်သွားချိန်မှာတော့ ဂြိုဟ်မှာရှိတဲ့ နိုက်ထရိုဂျင် ၊ မီသိန်း နဲ့ ကာဗွန်မိုနောက်ဆိုဒ် ဓါတ်ငွေ့တွေဟာအပူရှိန် ကြောင့်အငွေ့ပျံတတ်ပြီးပါးလွှာတဲ့လေထုကို ဖြစ်ပေါ်စေပါတယ်။ နေနဲ့ပြန်လည်ဝေးကွာသွားရင်တော့ နဂိုအတိုင်း ဓာတ်ငွေ့တွေဟာပြန်လည်အေးခဲသွားပြီး လေထုဟာလည်း ပျောက်ကွယ်သွားပါတယ်။ shwekhitonlinetv.com

ဂြိုဟ်ရံလ (၅) စင်းရှိတဲ့ဂြိုဟ်

ကျွန်တော်ရဲ့ ကမ္ဘာဂြိုဟ်ဟာ ဂြိုဟ်ရံလ တစ်စင်းသာ ရှိပေမယ့် ပလူတို ဂြိုဟ်ကတော့ ဂြိုဟ်ရံလ (၅) စင်းအထိရှိတာကတော့ အထူးခြားဆုံးအချက်တစ်ခုပဲဖြစ်ပါတယ်။ ပလူတို ဂြိုဟ်ကိုလှည့်ပတ်နေတဲ့ လတွေကတော့ ချာရွန် (Charon) ၊ စတေ့စ် (Styx) ၊ နစ် (Nix) ၊ ကာဘာရော့စ် (Kerberos) နဲ့ ဟိုင်ဒြာ (Hydra) တို့ပဲဖြစ်ပါတယ်။

Photo Credit

အချင်း (၂၃၇၆) ကီလိုမီတာရှိတဲ့ ဒီဂြိုဟ်ငယ်လေးမှာ အခုလို ဂြိုဟ်ကိုပတ်နေတဲ့ ဂြိုဟ် (၅) လုံးအထိရှိနေတာကြောင့် အံသြဟရာကောင်းတာအမှန်ပဲဖြစ်ပါတယ်။ ဟိုးယခင် အာကာသကြည့် မှန်ပြောင်းနဲ့ ပလူတိုဂြိုဟ်ကိုကြည့်တဲ့အခါ အမြင်ရှုပ်ထွေးစေပြီး အငြင်းပွားမှုတွေဖြစ်ခဲ့ရတာဟာ ဒီ လ (၅) စင်းရဲ့ ပလူတိုဂြိုဟ်ကို လှည့်ပတ်နေမှုကြောင့်ဖြစ်တာကို နောက်ပိုင်းမှာ သိရှိလာခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ အခုတင်ဆက်ပေးခဲ့တာကတော့ နေအဖွဲ့အစည်းရဲ့အပယ်ခံဂြိုဟ်တစ်လုံးဖြစ်တဲ့ ပလူတိုဂြိုဟ်ရဲ့ ထူးခြားချက်တွေထဲက ပရိသတ်စိတ်ဝင်စားမယ်ထင်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ ဒီစာလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို Shwe Khit Online TV က အထူးကျေးဇူးတင်ရှိပါတယ်နော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။