ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ နှစ်ပေါင်းများစွာအထိ အသက်မသေဘဲ ရှင်သန်နိုင်တဲ့ ကမ္ဘာပေါ်က သတ္တဝါများအကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ ဘယ်လို သတ္တဝါတွေ ပါဝင်လဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ Hydra
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/download.jpg?resize=678%2C884&ssl=1)
အခု ပထမဦးဆုံး ပြောပြပေးမယ့် အကောင်ကတော့ Hydra လို့ ခေါ်တဲ့ ကျောရိုးမဲ့ သန္တဝါ တစ်မျိုး အကြောင်းပဲ ဖြစ်ပါတယ်။ Hydra တွေဟာ ဂျယ်လီငါးတွေ လိုမျိုး ခန္ဓာကိုယ်က အနည်းငယ် ပျော့ပြောင်းတဲ့ ပုံစံမှာ ရှိပါတယ် ။ သူတို့ဟာ ထာ၀ရ အသက်ရှင်နိုင်တဲ့ သက်တမ်းမျိုးကို ပိုင်ဆိုင်ထားတယ်လို့ ပညာရှင်တွေက လေ့လာ တွေ့ရှိထားပါတယ် ။ နောက်ပြီး အသက်အရွယ် ကြာလာတာနဲ့ အမျှ ခန္ဓာကိုယ်က ယိုယွင်း ပျက်စီးသွားတာမျိုးတွေလည်း မရှိပါဘူးတဲ့ ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/42-16884681.jpg?resize=678%2C355&ssl=1)
ဒါ့အပြင် Hydra တွေဟာ အဓိကအားဖြင့် Stem Cells တွေ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ပုံတူပွားပြီးတော့ အမြဲရှင်သန်နေတာပဲ ဖြစ်ပါတယ် ။ နောက်တစ်ချက်က Hydra တွေဟာ အမဲလိုက်ပြီး စားသောက်ခံရတာတွေ နဲ့ တစ်ခြားသော အခြေအနေတွေ ကြောင့် အမြဲမရှင်သန်နိုင်ကြပါဘူး ။ ဒါပေမယ့် ဒီလို ခြိမ်းခြောက်ခံရတဲ့ ဖြစ်စဉ်တွေ မရှိဘူးဆိုရင်တော့ Hydra တွေရဲ့ အကန့်အသတ် မရှိဘူးလို့ ပြောနိုင်ပါတယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/hydra-animal-immortal-live-forever_1.jpg?resize=678%2C389&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/GettyImages-157903474-b5d3e72.jpg?resize=678%2C289&ssl=1)
၂ ။ Turritopsis dohrnii
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/immortal-jellyfish-flip_twittershare_1024.jpg?resize=678%2C339&ssl=1)
နောက်ထပ် ပြောပြပေးမယ့် အကောင်လေးကတော့ Turritopsis dohrnii လို့ ခေါ်တဲ့ အကောင်လေး အကြောင်းပဲ ဖြစ်ပါတယ် ။ Turritopsis dohrnii တွေကို ထာ၀ရ မသေဆုံးနိုင်တဲ့ ဂျယ်လီငါးတွေလို့ ခေါ်ကြပြီး အကြောင်းကတော့ သူတို့ဟာ ထာ၀ရ အသက်ရှင် နေနိုင်တဲ့ အခြေအနေ ရှိတာကြောင့်ပဲ ဖြစ်ပါတယ် ။ ဒီ ဂျယ်လီငါးတွေရဲ့ မူလ အရပ်ကတော့ မြေထဲပင်လယ်က ဖြစ်ပြီး သူတို့ရဲ့ life cycle ကို အသစ်တစ်ဖန် ပြန်လည် စတင်နိုင်တာကြောင့် မသေဆုံးနိုင်ကြတာပါ ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/TurritopsisLifeCycleImgv2.jpg?resize=678%2C524&ssl=1)
Turritopsis dohrnii တွေရဲ့ အရွယ်အစားကတော့ အနံ ( ၀.၂ ) လက်မ သာရှိပြီး အစာ အဖြစ် ငါးနဲ့ အခြားသော အကောင်လေးတွေကို စားသုံးပါတယ် ။ လန်ဒန် မြို့မှာ ရှိတဲ့ သဘာ၀ သမိုင်း ပြတိုက်ကနေ ထုတ်ပြန်ထားတဲ့ လေ့လာမှုတွေအရ Turritopsis dohrnii အကောင်တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့ အနေအထားမရှိပဲ ပုံမှန်အတိုင်း နေသွားမယ်ဆိုရင် ထာ၀ရ အသက်ရှင်နိုင်မှာ ဖြစ်တယ်လို့ ပြောပြထားပါတယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/immortal-jellyfish-swimming.jpg?resize=678%2C509&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/Screen-Shot-2020-08-13-at-2.14.57-PM.jpg?resize=678%2C505&ssl=1)
၃ ။ Glass sponges
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/Expl7520_9737494356-1200x675-1.jpg?resize=678%2C381&ssl=1)
Sponges လို့ ခေါ်တဲ့ အကောင်လေးတွေကတော့ colonies အကောင် အုပ်စုထဲမှာ ပါဝင်ပြီး သန္တာကျောက်တွေ နဲ့ ပုံစံ ဆင်တူပါတယ် ။ Sponges တွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ထောင်ကျော်တဲ့ အထိ နေနိုင်ပြီး Glass sponges လို့ခေါ်တဲ့ အကောင်တွေကတော့ Sponges မျိုးစိတ်ထဲမှာမှ သက်တမ်း အရှည်ကြာဆုံး နေနိုင်တဲ့ အကောင် အဖြစ် သတ်မှတ်ခံထားရပါတယ် ။ NOAA ရဲ့ အဆိုအရ Glass sponges တွေကို ပင်လယ်နက် ထဲမှာ အတွေ့ရများပြီး ဖန်နဲ့ တူတဲ့ အရိုးစုပုံစံရှိပါတယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/91_ANM_Glass_sponge_1.jpg?resize=678%2C452&ssl=1)
( ၂၀၁၂ ) ခုနှစ် တုန်းက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ Glass sponges တွေဟာ Monorhaphis chuni လို့ ခေါ်တဲ့ မျိုးစိတ် နဲ့လည်း ဆက်စပ်မှု ရှိပြီး နှစ်ပေါင်း ( ၁၁၀၀၀ ) ကြာ အထိ နေနိုင်တယ်လို့ ပြောပြထားပါတယ် ။ တစ်ခြားသော Sponges မျိုးစိတ်တွေဟာဆိုရင်လည်း Glass sponges တွေလောက် သက်တမ်း မရှိပေမယ့်လည်း နှစ်ပေါင်း အတော်ကြာ အသက်ရှင်နိုင်ပါတယ် ။ နောက်တစ်ချက်ကတော့ Glass Sponges တွေဟာ ကျောရိုးမဲ့ သတ္တဝါ အုပ်စုထဲမှာ ပါဝင်ပါတယ်တဲ့ ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/glass-sponges-ROV399-1.jpg?resize=678%2C292&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/glass-sponges-800.jpg?resize=678%2C381&ssl=1)
၄ ။ Corals
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/file-20181009-72106-6bsj7z.jpg?resize=678%2C678&ssl=1)
Corals လို့ ခေါ်တဲ့ သန္တာကျောက်တန်းတွေဟာ အရောင်အသွေး မျိုးစုံရှိကာ ပုံစံက ရေအောက်ကျောက်တုံး တွေ နဲ့ အပင်တွေလို ပုံစံမျိုးရှိပါတယ် ။ ဒါပေမယ့် corals တွေဟာ ကျောရိုးမဲ့ သတ္တဝါတွေထဲမှာမှ polyps လို့ခေါ်တဲ့ အုပ်စုထဲမှာ ပါဝင်ပါတယ်တဲ့ ။ နောက်ပြီး corals တွေဟာ အစာ မချက်တတ်တဲ့အပြင် သူတို့မှာ ရှိတဲ့ အကိုင်းအခက်တွေဟာဆိုရင်လည်း polyps လို့ခေါ်တဲ့ သေးငယ်တဲ့ အကောင်လေးတွေ ထောင်ပေါင်းများစွာ နဲ့ စုစည်းပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/coral-bleaching-istock-naturepics-li.jpg?resize=678%2C381&ssl=1)
Corals တွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ရာချီတဲ့ အထိ နေနိုင်ပြီး ပင်လယ် ရေအောက် အနက်မှာရှိတဲ့ အမဲရောင် corals တွေကတော့ တစ်ခြား corals တွေထက် သက်တမ်းပိုကြာစွာ နေနိုင်ပါတယ်တဲ့ ။ Live Science ရဲ့ ဖော်ပြချက်အရ ဟာဝိုင်အီ ကမ်းလွန်မှာ ရှိတဲ့ အနက်ရောင် သန္တာကျောက်တန်းတွေရဲ့ သက်တမ်းကို လေ့လာ စစ်ဆေးကြည့်တဲ့ အခါ အသက် နှစ်ပေါင်း ( ၄၂၆၅ ) နှစ် သက်တမ်း ရှိတယ်လို့ တွေ့ရှိခဲ့ကြပါတယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/GettyImages-177472881-56a0095f3df78cafda9fb76c.jpg?resize=678%2C509&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/aquarium-corals-sea-wallpaper-preview.jpg?resize=678%2C508&ssl=1)
၅ ။ Ocean quahog clams
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/Arctica_islandica_valves.jpg?resize=678%2C509&ssl=1)
နောက်ထပ် ပြောပြပေးမယ့် အကောင်လေး အကြောင်းကတော့ Ocean quahog clams လို့ ခေါ်တဲ့ အကောင်လေး အကြောင်းပဲ ဖြစ်ပါတယ် ။ Ocean quahog clams အကောင်လေးတွေကို မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ များသော အားဖြင့် တွေ့ရတတ်ပါတယ် ။ ဒီအကောင်လေးတွေ ဟာ ရေငန် မျိုးစိတ် သတ္တဝါအုပ်စုထဲမှာ ပါဝင်ပြီး တစ်ခြားသော ခုံး မျိုးစိတ်တွေထက် အသက်ပိုရှည်ရှည် နေနိုင်ကြပါတယ် ။ နောက်ပြီး The ocean quahog တွေဟာ အစာ အဖြစ် စားသုံးနိုင်တဲ့ ခုံး အမျိုးအစားထဲမှာလည်း ပါဝင်လို့ နေပါတယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/608aa282b5671007d4f8e19a_quahog_facts_are_about_a_species_of_a_marine_mollusk_c96d2ac4ed.jpg?resize=678%2C452&ssl=1)
( ၂၀၀၆ ) ခုနှစ်တုန်းက အိုက်စလန် ကမ်းလွန်မှာ တွေ့ရှိခဲ့တဲ့ Ocean quahog clam တစ်ကောင်ရဲ့ အသက်ဟာဆိုရင် နှစ်ပေါင်း ( ၅၀၇ ) နှစ် ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဝေးလ် အမျိုးသားပြတိုက်ရဲ့ လေ့လာမှုတစ်ခုမှာ ပြောပြထားပါတယ် ။ ဒီ ရှေးဟောင်း ခုံးကောင်လေးကို Ming လို့ အမည်ပြောင်ပေးထားပြီး မင် မင်းဆက် က တရုတ်နိုင်ငံကို အုပ်စိုးတဲ့အချိန် (၁၃၆၈ မှ ၁၆၄၄ အထိ) ကြားကာလ ဖြစ်တဲ့ ( ၁၄၉၉ ) ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/Ocean_Quahog_Real_Life.jpg?resize=678%2C509&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/header-quahog-shells.jpg?resize=678%2C326&ssl=1)
၆ ။ Tubeworms
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/Riftia_tube_worms_Galapagos_2011.jpg?resize=678%2C381&ssl=1)
အခု နောက်ဆုံးပြောပြပေးမယ့် အကောင်လေးကတော့ Tubeworms လို့ ခေါ်တဲ့ အကောင်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ Tubeworms တွေဟာ ကျောရိုးမဲ့ သတ္တဝါ မျိုးစိတ် ထဲမှာ ပါဝင်ပြီး ပင်လယ်ရေအောက် နက်ရှိုင်းတဲ့ နေရာတွေမှာ သက်တမ်း အကြာကြီး နေနိုင်တဲ့ အကောင်တွေပဲ ဖြစ်ပါတယ် ။ ( ၂၀၁၇ ) ခုနှစ် တုန်းက မက္ကဆီကို ပင်လယ်ကွေ့က ကြမ်းပြင် အောက်မှာ တွေ့ခဲ့တဲ့ Tubeworms တွေကို လေ့လာကြည့်တဲ့ အခါမှာတော့ သူတို့ရဲ့ သက်တမ်းတွေဟာ နှစ်ပေါင်း ( ၃၀၀ ) ကျော် ရှိနေပြီ ဆိုတာကို တွေ့ရှိခဲ့ကြပါတယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/Riftia_tube_worm_colony_Galapagos_2011.jpg?resize=678%2C381&ssl=1)
နောက်ပြီး Tubeworms တွေကို အသက်ရှည်ရှည် နေနိုင်စေမယ့် အကြောင်းအရင်းကတော့ သူတို့ကို အမဲလိုက်တဲ့ အကောင် မရှိသလောက် နည်းပါးတာကြောင့်လည်း ပါဝင်ပါတယ် ။ သူတို့ရဲ့ အစားအစာတွေကတော့ ကဏန်း နဲ့ ဂုံးကောင်တွေကို စားသုံးကြပြီး အရွယ်ကတော့ အရှည် ( ၂ ) မီတာ နဲ့ အချင်း ( ၁၀ ) စင်တီမီတာ အထိ ကြီးထွားနိုင်ပါတယ် ။ Tubeworms တွေကို အတွေ့ရများတဲ့ နေရာကတော့ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရှိ Mid-Ocean Ridge တစ်လျှောက်မှာ အများဆုံး တွေ့နိုင်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/riftia6_750px_MBARI_0.jpg?resize=678%2C580&ssl=1)
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2021/09/18167.jpg?resize=678%2C509&ssl=1)
အခုဖော်ပြပေးထားတာကတော့ နှစ်ပေါင်းများစွာအထိ အသက်မသေဘဲ ရှင်သန်နိုင်တဲ့ ကမ္ဘာပေါ်က သတ္တဝါများထဲက အချို့ကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com