ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ပြီး နာမည်ကျော်ကြားခဲ့သူများ (အမျိုးသား)

ရွှေခေတ်ပရိသတ်တွေကိုဒီတစ်ခါတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ငယ်ရွယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ပြီး နာမည်ကျော်ကြားခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ချို့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် ….. shwekhitonlinetv.com

၁။ ဂျပ်စတင်ဘီဘာ (Justin Bieber)

ဂျပ်စတင်ဘီဘာရဲ့ Baby သီချင်းကိုတော့အားလုံးနားထောင်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီအချိန်ကဆိုရင်သူ့ရဲ့အသက်ဟာ (၁၄) နှစ်ကျော်ကျော်ပဲရှိပါသေးတယ်။ ဒါပေမယ့်ဒီပုံကိုမြင်ရင်တော့ ဘီဘာဟာ ငယ်ငယ်လေးကတည်းကမိန်းကလေးတွေရဲ့ အသည်းကိုလှုပ်ကိုင်နိုင်သူတစ်ဦးဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ shwekhitonlinetv.com

၂။ ဘော့ဘ်မာလေ (Bob Marley)

ဂျမေကာအဆိုတော် ဘော့ဘ်မာလေ (Bob Marley) ကတော့ ကာရစ်ဘီယံဒေသက ဂီတယဉ်ကျေးမှုတစ်ခုကို ကမ္ဘာကသိအောင်တီထွင်ဆန်းသစ်နိုင်ခဲ့တဲ့ အဆိုတစ်ဦးလို့ဆိုနိုင်ပါတယ်။ အသက် (၃၆) နှစ်အရွယ်မှာကွယ်လွန်ခဲ့ပေမယ့် သူ့ရဲ့နာမည်ဂုဏ်သတင်းကတော့ ဒီနေ့တိုင် လူငယ်လူရွယ်တွေရဲ့ကြားမှာ မွှေးပျံ့နေဆဲဖြစ်ပါတယ်။ ဒီပုံလေးကတော့ သူ့ရဲ့ပထမဆုံး Band ဖြစ်တဲ့ The Wailers တေးသီချင်းမဆိုခင်မှာ ရိုက်ကူးထားတဲ့ပုံလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဘရက်ပစ် (Brad Pitt)

ဒီပုံလေးကတော့ ၁၉၇၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ မစ်ဆူရီလူငယ်ဘက်စကတ်ဘော အသင်းရဲ့ပုံလေးပါ။ ဒီပုံထဲမှာ ဘရက်ပစ်ကဘယ်သူဖြစ်မယ်လို့ထင်ပါလဲ ? ဒီလိုမေးရင်တော့ အလယ်ကရွှေရောင်ဆံပင်နဲ့ကောင်လေးလို့ဖြေကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ဘရက်ပစ်ဟာအဲ့ဒီအချိန်ကတည်းက ဆွဲဆောင်မှုရှိပြီး သက်တူရွယ်တူတွေကြားမှာ ထင်ရှားကျော်ကြားတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။ shwekhitonlinetv.com

၄။ ဘားရက်အိုဘားမား (Barack Obama)

အမေရိကန်ပြည်ထောင်စုရဲ့ (၄၄) ဦးမြောက်သမ္မတဖြစ်တဲ့ ဘားရက်အိုဘားမား (Barack Obama) ဟာ အမေရိကန်သမိုင်းမှာတော့ ပထမဆုံးလူမည်းသမ္မတတစ်ဦးလည်းဖြစ်ပါတယ်။ တစ်ကယ်တော့ အိုဘားမားဟာကျောင်းသားဘဝကတည်းက နာမည်ကျော်ကြားတဲ့သူတစ်ဦးဖြစ်ပါတယ်။ ကျောင်းသားဘဝတုန်းက ထူးချွန်တဲ့ဘတ်စကတ်ဘောသမားတစ်ဦးဖြစ်သလို Harvard Law Review မှာလည်းဦးဆောင်သူဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၅။ ဂျင်ကာရေး (Jim Carrey)

ဂျင်ကာရေးလို့ဆိုလိုက်တာနဲ့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ The Mask ဆိုတဲ့မျက်နှာဖုံးကားလေးကို ပြန်ပြီးသတိရမိကြမယ်ထင်ပါတယ်။ သူကလည်း ဟာသလူရွှင်တော်တစ်ယောက်ဖြစ်လာဖို့မွေးဖွားလာသူလို့ ဆိုရလောက်အောင် ပါရမီရင့်သန်လွန်းသူဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဟာသရုပ်သံတွေမှာ သူကနေရာတစ်နေရာ အခိုင်အမာရယူထားနိုင်သူဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဘီလ်ဂိတ် နဲ့ စတိဗ်ဂျော့ (Bill Gates and Steve Jobs)

ဒီပုံလေးကတော့ ၁၉၉၁ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားမှာရှိတဲ့ စတိဗ်ရဲ့ အိမ်မှာရိုက်ကူထားခဲ့တဲ့ပုံလေးပဲ ဖြစ်ပါတယ်။ အခုဒီစာကိုသင်ဖတ်နေမယ်ဆိုရင် သင်လည်း သူတို့ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ Microsoft (ဒါမှမဟုတ်) Apple တစ်ခုခုကိုအသုံးပြုနေမှာသေချာပါတယ်။ IT လောကရဲ့တိုက်တန် (Titan) ကြီးနှစ်ဦးဟာ ငယ်ငယ်ကတည်းက အတူရှိနေခဲ့တာဆိုတော့ ဆန်းသစ်တဲ့အတွေးအခေါ်တွေ ဘယ်လောက်များတောင် ဖလှယ်ခဲ့ကြမလဲမသိနိုင်ပါဘူးနော် …. shwekhitonlinetv.com

၇။ အာနိုးလ်ရှာဝါဇင်ဂါ (Arnold Schwarzenegger)

မင်းသားကြီးအာနိုးလ်ကတော့ ဟောလိဝုဒ်စတားတစ်ယောက်မဖြစ်ခင်ကတည်းက အောင်မြင်တဲ့ကိုယ်ကာယဗလမောင်တစ်ဦးအဖြစ် ကျော်ကြားနေခဲ့တဲ့သူဖြစ်ပါတယ်။ မောင်စင်္ကြာဝဠာဘွဲ့ (၄) ကြိမ်၊ မောင်အိုလံပီယာဘွဲ့ (၇) ကြိမ်အထိရရှိခဲ့တဲ့ အာနိုးလ်ဟာ ငယ်ရွယ်စဉ်ကတည်းက ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပြီး ထူးချွန်တဲ့ပါရမီအခံရှိသူဆိုတာ ငြင်းလို့မရပါဘူး။ shwekhitonlinetv.com

၈။ မိုဟာမက်အလီ (Muhammad Ali)

မိုဟာမက်အလီဆိုတာကတော့ လက်ဝှေ့လောကရဲ့ ဂန္တဝင်တစ်ဦးဖြစ်ပါတယ်။ ချန်ပီယံဆုပေါင်းများစွာရရှိခဲ့တဲ့ အလီဟာ ငယ်ရွယ်စဉ်ကတည်းက ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သူတစ်ဦးဆိုတာကိုဒီပုံလေးကသက်သေပြနေပါတယ်။ ဒီပုံကတော့ အမေရိကန်နိုင်ငံ မိုင်ယာမီက Sir John Hotel ရဲ့ ရေကူးကန်ထဲမှာ မိုဟာမက်အလီ လေ့ကျင့်နေတဲ့ပုံပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်က သူ့ရဲ့အသက်ဟာ (၁၈) နှစ်ပဲရှိသေးတာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ တွမ်ဟန့် (Tom Hanks)

တွမ်ဟန့်စ်ကတော့ပရိသတ်အချစ်တော်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အော်စကာဆုတွေလည်းရရှိထားတဲ့အထိ သရုပ်ဆောင်ပီပြင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာလည်းငယ်စဉ်ဘဝတည်းက ရုပ်သံဇာတ်လမ်းအချို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်တာကြောင့် ပရိသတ်တွေနဲ့ငယ်ငယ်ကတည်းကရင်းနှီးခဲ့သူလို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

၁၀။ ရွိုင်ယန်ဂေါ့စလင် နဲ့ ဂျပ်စတင်တင်ဘားလိတ် (Ryan Gosling and Justin Timberlake)

ဒီဓာတ်ပုံထဲက ကလေးနှစ်ယောက်ကိုတော့ ပရိသတ်တစ်ချို့အနေနဲ့သိကြမယ်လို့ထင်ပါတယ်။ သူတို့နှစ်ဦးကတော့ နာမည်ကျော်အဆိုတော် ဂျပ်စတင်တင်ဘားလိတ် (Justin Timberlake) နဲ့ နာမည်ကျော်သရုပ်ဆောင် ရွိုင်ယန်ဂေါ့စလင်း (Ryan Gosling) တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အခုလိုအောင်မြင်ကျော်ကြားတဲ့ဘဝကိုမရောက်ခင်ကတည်းက အတူလက်တွဲအလုပ်လုပ်ခဲ့ကြသူတွေဆိုတာ ဒီဓာတ်ပုံလေးကသက်သေပြနေပါတယ်။ အဲ့ဒီအချိန်ကတည်းကသူတို့နှစ်ဦးဟာ The Mickey Mouse Club ရဲ့ TV Show တွေမှာ လူသိများကျော်ကြားနေခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။