ထူးဆန်းတဲ့အနေအထားနဲ့ မံမီရုပ်အလောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဖြစ်ရပ်

ပီရူးနိုင်ငံ San Marcos အမျိုးသားတက္ကသိုလ်က ရှေးဟောင်းသုတေသနပညာရှင်တွေဟာ မြို့တော်လီမာကနေ (၁၅) မိုင်ခွဲလောက်ကွာဝေးတဲ့ Cajamarquilla ဆိုတဲ့ ရှေးဟောင်းသုတေသနဆိုဒ်တစ်ခုမှာ ထူးဆန်းတဲ့အနေအထားနဲ့ သဂြိၤုဟ်ခံထားရတဲ့ မံမီရုပ်အလောင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီမံမီရုပ်အလောင်းရဲ့သက်တမ်းက အနည်းဆုံးနှစ်ပေါင်း (၈၀၀) ကနေ (၁၀၀၀) ကြားမှာရှိတယ်လို့ ခန့်မှန်းရပြီး မျက်နှာကိုလက်နှစ်ဖက်နဲ့ အုပ်လျက်သားအနေခြအနေရယ်၊ ခြေတွေလက်တွေက သန္ဓေသားလောင်းပုံသဏ္ဍာန်မျိုးရှိနေတာရယ် ကြိုးတွေနဲ့တုပ်ထားလျက်ရှိနေတာတွေက သုတေသီတွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီဂူသချိုင်းမှာတွေ့ရတဲ့ ဟင်းသီးဟင်းရွက်အကျန်တွေနဲ့ ကြွေထည်ပစ္စည်းအချို့ကိုကြည့်ခြင်းအားဖြင့်တော့ ဒါဟာ ပီရူးနိုင်ငံတောင်ပိုင်းက လူမျိုးစုတွေရဲ့အသုဘဓလေ့ထုံးတမ်းတစ်ခုဖြစ်နိုင်ကြောင်း အကြမ်းဖျင်းကောက်ချက်ချနိုင်တယ်လို့ သုတေသီတွေကဆိုကြပါတယ်။ shwekhitonlinetv.com

တစ်ကယ်တော့ Rimac မြစ်ကမ်းရဲ့ လက်ယာဘက် (၁၆) မိုင်အကွာမှာရှိတဲ့ Cajamarquilla ဒေသဟာတစ်ချိန်က ကမ်းရိုးတန်းနဲ့ တောင်တန်းဒေသကလူတွေကုန်သွယ်မှုပြုခဲ့တဲ့နေရာတစ်ခုဖြစ်ပြီး လူပေါင်း (၁၀၀၀၀) ကျော်နေထိုင်ခဲ့တဲ့ စည်ကားတဲ့နေရာတစ်ခုပါ။ shwekhitonlinetv.com

ထိုမံမီရဲ့ရုပ်ကြွင်းကိုလေ့လာမှုအရ ကွယ်လွန်ချိန်မှာ အသက် (၁၈) နှစ်ကနေ (၂၂) နှစ်ကြားရှိတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး မံမီရဲ့ဘေးနားမှာရှိတဲ့ ကျောက်နဲ့ပြုလုပ်ထားတဲ့ကိရိယာများ ပြောင်းဖူးရိုးများနဲ့ စားသောက်ဖွယ်ရာအကြွင်းအကျန်တွေကိုကြည့်ခြင်းအားဖြင့် ချမ်းသာတဲ့ကုန်သည်တစ်ဦးရဲ့ သားဖြစ်နိုင်ကြောင်း သုတေသီတွေက ကောက်ချက်ချခဲ့ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ ဒီမံမီရုပ်အလောင်းကို ပီရူးနိုင်ငံ San Marco အမျိုးသားတက္ကသိုလ်ရဲ့ ပြတိုက်မှာထားရှိပြသထားကြောင်းသိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။