အရှေ့တောင် အာရှနိုင်ငံတွေ မှာ ဘယ်နိုင်ငံက Single အရေအတွက် အများဆုံးရှိနေလဲဆိုတာ…

ယခုတစ်ခေါက်မှာတော့ရွှေခေတ်ပရိသတ်တွေကို အရှေ့တောင်အာရှနိုင်ငံတွေမှာ ဘယ်နိုင်ငံက Single အရေအတွက်အများဆုံးရှိနေလဲဆိုတာကိုဖော်ပြပေးချင်ပါတယ်။ ဒီအချက်အလက်တွေဟာ (၁၉၇၀) ခုနှစ်ကနေ (၂၀၂၁) ခုနှစ်အထိ နိုင်ငံပေါင်း (၂၁၆) နိုင်ငံမှာ မှတ်တမ်းတင်ရယူထားတဲ့ UN ရဲ့စစ်တမ်းတွေကို အခြေပြုပြီး အနီးကပ်ဆုံးခန့်မှန်းထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ အင်ဒိုနီးရှား

အရှေ့တောင်အာရှမှာ Single အများဆုံးနိုင်ငံအဖြစ် အခုစာရင်းမှာဦးဆောင်ထားတာကတော့ အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်။ အချက်အလက်တွေအရ အင်ဒိုနီးရှားနိုင်ငံသား (၆၁,၁၀၄,၈၈၀) ဟာ အိမ်ထောင်မရှိသူ လူလွတ်တွေဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ စုစုပေါင်း (၂၂.၃) ရာခိုင်နှုန်းအထိရှိတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဖိလစ်ပိုင်

ဒီစာရင်းမှာဒုတိယလိုက်နေတာကတော့ ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ (၅၆,၄၅၄,၅၀၄) ဟာ Single တွေဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ (၅၁.၅) ရာခိုင်နှုန်းပါ။ ဒါဟာတိုင်းတစ်ပါးသားတွေအနေနဲ့ ကြင်ယာဖက်ရှာဖို့အတွက် ဖိလစ်ပိုင်နိုင်ငံကို မျက်စိကျတဲ့ အချက်ဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

၃။ ထိုင်း

ပွင့်လင်းမြင်သာမှုအရှိဆုံးအရှေ့တောင်အာရှနိုင်ငံလို့ဆိုနိုင်တဲ့ ထိုင်းနိုင်ငံဟာတော့နိုင်ငံလူဦးရေရဲ့ (၂၄.၃) ရာခိုင်နှုန်းက Single တွေဖြစ်ပါတယ်။ အရေအတွက်အားဖြင့်တော့ (၁၆,၉၅၇,၆၅၂) ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဗီယက်နမ်

အဆင့် (၄) နေရာမှာရှိတာကတော့ ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။ တစ်ကယ်တော့ ဗီယက်နမ်နိုင်ငံဟာ လူဦးရေရဲ့ (၁၆.၈) ရာခိုင်နှုန်းပဲ Single ကျန်ရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့် လူဦးရေများတာကြောင့် ဒီရာခိုင်နှုန်းကအရေအတွက်အားဖြင့် (၁၆,၃၆၄,၉၄၀) ထိရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မြန်မာ

မြန်မာနိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၅) နေရာမှာရှိပါတယ်။ နိုင်ငံသား (၁၆,၁၆၇,၀၃၁) က Single တွေဖြစ်ကြပြီး ရာခိုင်နှုန်းအားဖြင့်တော့ (၂၉.၇) ရာခိုင်နှုန်းပါ။ shwekhitonlinetv.com

၆။ မလေးရှား

အဆင့် (၆) က မလေးရှားနိုင်ငံကတော့ လူဦးရေရဲ့ (၄၆.၄) ရာခိုင်နှုန်းအထိ Single တွေဖြစ်နေကြပါတယ်။ အရေအတွက်အားဖြင့် (၁၅,၀၂၅,၈၆၆) ထိရှိနေတာဖြစ်ပြီး တရားဝင်လက်မထပ်ဘဲ အတူနေထိုင်တဲ့ Living Together တွေများတာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနိုင်ငံ လူဦးရေရဲ့ (၇,၄၁၄,၈၇၁) ဦးဟာ Single တွေဖြစ်ပါတယ်။ သူတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေအရ အိမ်ထောင်ပြုဖို့အတွက်က လိုက်နာရမယ့်စည်းကမ်းတွေများလွန်းတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း လူဦးရေရဲ့ (၄၄.၃) ရာခိုင်နှုန်းအထိ Single ဖြစ်နေတာပါ။ shwekhitonlinetv.com

၈။ လာအို

စုစုပေါင်းလူဦးရေ (၇) သန်းကျော်ရှိတဲ့ လာအိုနိုင်ငံကတော့ လူဦးရေရဲ့ (၁၇.၈) ရာခိုင်နှုန်းပဲ Single ကျန်ရှိပါတော့တယ်။ အရေအတွက်အားဖြင့်ဆိုရင်တော့ (၁,၂၉၅,၄၉၃) ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ စင်ကာပူ

မြို့တစ်မြို့သာသာ အရွယ်အစားပဲရှိတဲ့ စင်ကာပူနိုင်ငံကတော့ လူဦးရေရဲ့ (၁၈.၆) ရာခိုင်နှုန်းဟာ Single လို့သိရပါတယ်။ အရေအတွက်အားဖြင့်တော့ (၁,၀၉၀,၆၆၆) ဦးပါ။ shwekhitonlinetv.com

၁၀။ ဘရူနိုင်း

အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကတော့ Single အရေအတွက် (၂၀၈,၆၀၄) ဦးရှိတဲ့နိုင်ငံပါ။ နိုင်ငံလူဦးရေစုစုပေါင်းရဲ့ (၄၇.၇) ရာခိုင်နှုန်းဟာ Single ပါ။ shwekhitonlinetv.com

၁၁။ အရှေ့တီမော

အာဆီယံရဲ့ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အရှေ့တီမောနိုင်ငံကတော့ စုစုပေါင်းလူဦးရေ (၁) သန်းကျော်ပဲရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီအထဲကမှ (၁၇၁,၆၂၉) ဦးက Single တွေဖြစ်ကြပြီး ရာခိုင်နှုန်းအားဖြင့်ဆိုရင် (၁၃.၁) ရာခိုင်နှုန်းပါ။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ Single ရာခိုင်နှုန်းအနည်းဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။